တရုတ်နိုင်ငံသား အနုပညာရှင် အိုက်ဝေဝေ၏ အင်တာဗျူးနှစ်ခုနှင့် အိုက်ဝေဝေ၏ အတွေးအခေါ်အယူအဆများကို ‘‘ပြောနေသည် အိုက်ဝေဝေ’’ဟု အမည်ပေး၍ ထုတ်ဝေထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ အင်တာဗျူးဆရာ ဟန်ယူရစ် အော့ဘ်ရစ်က အိုက်ဝေဝေကို မေးမြန်းထားသည့် အင်တာဗျူး နှင့် လယ်ရီ ဝါ့ရု စုဆောင်းတည်းဖြတ်ထားသည့် အိုက်ဝေဝေအတွေးအခေါ်များကို ဖော်ပြထားခြင်းဖြစ်သည်။ အိုက်ဝေဝေသည် စိတ်ဝင်စားဖွယ်ကောင်းသောသူ တစ်ဦးဖြစ်သည်။ ထို့အတူ အိုက်ဝေဝေ၏ ဖခင်ဖြစ်သူ အိုက်ကျင့်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းသူ တစ်ဦးဖြစ်သည်။ အိုက်ကျင့်ကို စိတ်ဝင်စားခြင်းအားဖြင့် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလ(၁၉၆၆)ကိုလည်း စိတ်ဝင်စားရပါသည်။ ထို့အတူ နယူးယောက်ခ်အသိုက်အဝန်းနှင့် ကမ္ဘာကလည်း အိုက်ဝေဝေကို ဘာကြောင့်စိတ်ဝင်စားရသလဲဆိုသည်ကိုလည်း စိတ်ဝင်စားရသည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးဖြစ်သူ မှတ်တမ်းရုပ်ရှင်သမား စိုးမိုးအောင်ပြောခဲ့ဖူးသကဲ့သို့ အိုက်ဝေဝေသည် တရုတ်အစိုးရ၏ နယ်ရုပ်ကလေးတစ်ရုပ် လည်း ဖြစ်နိုင်သည်။ တရုတ်အစိုးရ၏ ပြယုဂ်လည်းဖြစ်နိုင်သည်။ အိုက်ဝေဝေသည်…
Tag: Book | စာအုပ်
အမှာစာ၊ အမှာစာဆိုနှင့် သူ၏ နေရာ၊ သူ၏ တန်ဖိုး
စာတစ်အုပ်၏ အိမ်ဦးခန်းတွင် နေရာယူလေ့ရှိသည့် အမှာစာတစ်ပုဒ်ကိုဖတ်ရန် လိုအပ်၊ မလိုအပ်သိလိုသော အလယ်တန်းကျောင်းသားငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို မေးခွန်းထုတ် မေးမြန်းခဲ့ဖူးသည်။ အမှာစာကို ဖတ်လိုက ဖတ်နိုင်ပြီး မဖတ်လိုက ကျော်သွားနိုင်သည်ဟု ဖခင်ဖြစ်သူက သားဖြစ်သူကို အဖြေပေးခဲ့သည်။ စာအုပ်နှင့်ပတ်သက်၍၊ စာရေးသူနှင့်ပတ်သက်၍၊ စာရေးဆရာရေးသားသည့် အကြောင်းအရာနှင့်ပတ်သက်၍ စာဖတ်သူကို မိတ်ဆက်ပေးသည့် စာသည် အမှာစာ မည်သည်။ စာတစ်အုပ်လုံးကို ဖတ်ပြီးကာမှ အမှာစာကို ပြန်လည်ဖတ်ပြီး အမှာစာနှင့်စာဖတ်သူ၏ သဘောထားကိုက်ညီသည်၊ မကိုက်ညီသည် ကို အကဲဖြတ်စစ်ဆေးနိုင်သည်။ စာတစ်အုပ်လုံး၏ ဆိုလိုရင်းနှင့် အသစ်တဖန် သိယူခံစားလိုသော အကြောင်းအရင်း အကောင်းအဆိုးကို ထပ်မံစူးစမ်း နိုင်ကောင်းသည်ဟု ဖခင်ဖြစ်သူက အမှာစာနှင့်ပတ်သက်၍ သားဖြစ်သူကို ဖွင့်ဆိုရှင်းပြခဲ့သည်။ (က) မြန်မာစာပေလောကရှိ စာအုပ်အများစုတွင် အမှာစာတစ်ပုဒ် ပါဝင်တတ်သည်။ စာအုပ်တစ်အုပ်ထုတ်ဝေရန် ပြင်ဆင်ကြချိန်တွင်…
သံမဏိနှင်းဆီ
ကျေးလက်နေ ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်ရေး ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူနေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုးတော်စပ်သည်ဆိုသူက ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်းသော အပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။ ထို့အပြင် အမျိုးသမီးတို့၏ သဘာဝရာသီပေါ်ခြင်းကိုပင် ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ ရပ်ရွာတွင် အတူနေထိုင်သူ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုဖြင့် ရာသီပေါ်ခြင်းကိစ္စကို ဖြေရှင်းခဲ့ရသည်။ အသက်ဆယ့်ငါးနှစ်အရွယ်တွင် အတင်းအကျပ်အိမ်ထောင်ချပေးခြင်းခံရသည်။ အိမ်ထောင်သည်ဘဝတွင် အမျိုးသားနှင့်သာယာသည့် အိမ်ထောင်တစ်ခု ကို ထူထောင်ရခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်းအစရှိသည့် လိင်ကျေးကျွန်ဘဝကို ရင်ဆိုင်ရပြန်သည်။ ထို့နောက် ပြည့်တန်ဆာအိမ်သို့ ရောင်းချခြင်း ခံရပြန်သည်။ ပြည့်တန်ဆာအိမ်တွင်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရခြင်း၊ ဧည့်သည်ပေါင်းများစွာဖြင့် နေ့စဉ်ထိတွေရပြီး လူ့ငရဲခန်းတွင်…
နိုင်ငံတော်အကျဉ်းသား(စာအုပ်)
တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံရေးပြစ်မှုဖြင့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ ရသည့် နိုင်ငံရေးအကျဉ်းသား ကျောက်ကျိယန် ကိုယ်တိုင်ရေးသားမှတ်တမ်းတင်ခဲ့သည့် လျှို့ဝှက်နိုင်ငံရေးမှတ်တမ်းစာအုပ်ဖြစ် သည်။ ထိုမှတ်တမ်းကို နေအိမ်အကျုယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရစဉ်အတွင်း ကက်ဆက်ခွေများဖြင့် နှစ်နှစ်ခန့်ကြာမြင့်အောင် လျှို့ဝှက်အသံသွင်းထားခဲ့သည်။ အသံသွင်းထားသည့် တိတ်ခွေသုံးဆယ်ကို ပြည်ပသို့ ခိုးထုတ်ခဲ့သည်။ ကျောက်ကျိယန်ကွယ်လွန် သွားသောအခါ ထိုမှတ်တမ်းတိတ်ခွေကို စာအုပ်အဖြစ် ထုတ်ဝေခဲ့ကြသည်။ ကျောက်ကျိယန် ဆိုသူမှာ ကျောက်ကျိယန်သည် ၁၉၆၅ ခုနှစ်၊ အသက် ၄၆ နှစ်အရွယ်တွင် ကွမ်တုန်ပြည်နယ်ပါတီ၏ အကြီးအကဲဖြစ်လာသည်။ ပြည်နယ် တွင် စီးပွားရေးလုပ်ငန်များ၌ သူ၏ စွမ်းဆောင်အောင်မြင်မှုများကြောင့် ‘‘ထမင်းဝချင်က ကျိယန်ကို တ’’ဟု ဒေသခံများက ကာရန်ကိုက်စာချိုး ပြောဆိုကြသည်။ ၁၉၈ဝ ပြည့်နှစ်တွင် ကျောက်ကျိယန်ကို ပေကျင်းသို့ခေါ်ပြီး မကြာမီတွင် စီးပွားရေးကိုင်ရသော ဝန်ကြီးချုပ်ရာထူးတွင်…
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် (စာအုပ်)
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်သည် မဂ္ဂဇင်းများတွင် မြင့်သန်းရေးသားခဲ့သည့် စာပေဆိုင် ရာဆောင်းပါး(၁၈)ပုဒ်ကိုစုစည်း၍ နှစ်ကာလများ စာအုပ်တိုက်က ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ၌ ထုတ်ဝေခဲ့သော စာအုပ်ဖြစ် သည်။ ထိုစာအုပ်သည် စာပေဆိုင်ရာအယူအဆ၊ အကောက်အယူ၊ နားလည်မှုနှင့်ပညာရည်မပြည့်ဝခြင်းကြောင့် ခံစားရသည့် အကျိုးဆက်များကို ဝေဖန်ထောက်ပြထားသော ဆောင်းပါးများစုစည်းမှု စာအုပ်တစ်အုပ်ဖြစ်သည်။ စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်ကို စာအုပ်စီစဉ်သူ(စာအုပ်တိုက်)က တူညီရာအကြောင်း အရာနှင့်အမျိုးအစားအလိုက် အမျိုးအစားခွဲခြင်း၊ ကဏ္ဍခွဲခြင်းနှင့်ဖွင့်ဆိုရှင်းလင်းခြင်းများကို မပြုထားသော်လည်း (က)ဘာသာ ပြန်ခြင်းနှင့်ပတ်သက်၍ (ခ)တက်ကျမ်းများနှင့်ပတ်သက်၍ (ဂ)မော်ဒန်/ပို့စ်မော်ဒန်နှင့်ပတ်သက်၍ (ဃ)စာရေးဆရာနှစ်ဦး၏ စာပေလက်ရာများနှင့်ပတ်သက်၍ ဟူသောအကြောင်းအရာများကို တင်ပြထားသော၊ ထောက်ပြဝေဖန်ထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်တွင် ဘာသာပြန်ခြင်းနှင့်ပတ်သက်၍ ဗမာဘာသာစကား မဟုတ်သော ဝေါဟာရ၊ စကားလုံးများကို အသံဖလှယ်ယူရာတွင် မူမမှန်သည့် ကိစ္စများ၊ လွဲမှားခြင်းများ၊…