Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Art

ဂျပန်ဖောင်ဒေးရှင်း၏ “Creative Platform Series”

Posted on November 6, 2018September 3, 2025 by Han Zaw

“Creative Platform Series”အမည်ဖြင့် အနုပညာဆိုင်ရာဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်(ရန်ကုန်)နှင့် MYAN/ART တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ပမှအနုပညာဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးစေပြီး မြန်မာနိုင်ငံမှ အောင်မြတ်ဌေးက ကြားခံဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်ကို တွေ့ရသည်။ ပထမအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #1 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံမှ မက်(ဗ်) အက်စပီနာက လာရောက်ဆွေးနွေးခဲ့သည်။ “ဘယ်တော့မှ မမှည့်၊ ဘယ်တော့မှ မပုတ်” (၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်) မက်(ဗ်)အက်စပီနာသည် ဖိလစ်ပိုင်အနုပညာသည်အချို့က ဖွင့်လှစ်ထားသော Green…

Read more

Afterall ဂျာနယ် မိတ်ဆက်ခြင်းနှင့်အနုပညာအကြောင်း ဆွေးနွေးခြင်း

Posted on November 5, 2018September 3, 2025 by Han Zaw

လန်ဒန်အခြေစိုက်ဂျာနယ်ဖြစ်သည့် Afterall ဂျာနယ်အမှတ်-၄၆ မိတ်ဆက်ခြင်းနှင့်အနုပညာဆိုင်ရာဆွေးနွေးခြင်း အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Afterall အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ကြပြီး ပိုပိုနှင့်ယဉ်ကာတို့က “တို့တွေ ဘယ်ကလာ၊ ဘယ်သူ၊ ဘယ်ကို ဦးတည်တာ – မြန်မာ့ခေတ်ပြိုင်အနုပညာအတွက် အဆိုတွေ”(မြန်မာ့ခေတ်ပြိုင်အနုပညာလောက အတွင်းရေးပြဿနာများအကြောင်း ပိုပို၊ ထွန်းဝင်းအောင်၊ ဝါနု၊ မင်းသိမ်းစွန်၊ ယဉ်ကာ တို့၏ဆွေးနွေးချက်များ)အက်ဆေးပါ ဖော်ပြချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ ထို့နောက် Small Visual Art Organization အကြောင်းတို့ကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။ Afterall သည် University of the Arts London ၏ သုတေသနစင်တာတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင်…

Read more

DUO အမည်ဖြင့် အနုပညာပြသမည်

Posted on September 20, 2018September 3, 2025 by Han Zaw

ဆန်နီညိန်းနှင့် Merete Sejersted Bodtker တို့၏ DUO ဟုအမည်ပေးထားသော အနုပညာပြပွဲတစ်ခုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရာလမ်း၊ အမှတ်(၁၁၃/၃)ရှိ ဗိဿာနိုးအနုပညာပြခန်းတွင် ပြသသွားမည်ဟု သိရပါသည်။ အဆိုပါ အနုပညာပြပွဲတွင် ပန်းပုလက်ရာများနှင့်စက္ကူပေါ်တွင် ဖန်တီးထားသော အနုပညာလက်ရာများကို ပြသသွားမည်ဟု သိရပါသည်။

Read more

မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

Posted on July 15, 2016September 3, 2025 by Han Zaw

‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘ‌လောက်ရှိ ‘‘အိုပန်းစ‌ပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ အသက် ၃၃ နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အနုပညာပြပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် ပြသမည့် အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘သင် အတုံးဆက်တဲ့ ဂိမ်းကို ကစားဖူးတယ်မလား။ ၈ဝ ‌ကျော်ကာလမှာ ‌မွေးဖွားပြီး‌တော့ ၉ဝ ‌ကျော်ကာလမှာ ကြီးပြင်းခဲ့တဲ့ က‌လေးများအတွက်‌တော့ မာရီယိုတို့။ ရန်ဘိုတို့၊ အတုံးဆက်တဲ့ ဂိမ်းတို့ဆိုတာက သူတို့စွဲလမ်းခဲ့တဲ့ ကစားနည်း‌တွေပါပဲ။ ‌ကျောင်းပိတ်ရက်‌တွေမှာ ‌နေ့လည်စာ ထမင်းပန်းကန်ကို ‌ပေါင်‌ပေါ်တင်လို့…

Read more

အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

Posted on July 7, 2016September 3, 2025 by Han Zaw

‘‘အပိုင်းအစများ’’ဟုအမည်ရ‌သော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ  Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် ‌အောင်မြတ်‌ဋ္ဌေး၏ တစ်ကိုယ်‌တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်း‌ဖြောင့်တစ်‌ကြောင်းနှင့်မျဉ်း‌ကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်‌ကြောင်း ‌အောင်မြတ်‌ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့‌နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘‌လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အ‌ပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအ‌ခြေခံဖြစ်ခြင်းတို့ အ‌ပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အ‌ခြေခံကျ‌သောသ‌ဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်‌လျှောညီ‌ထွေ‌နေထိုင်ရင်း အလွယ်တကူထိ‌တွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်‌ပေးစဉ်းစား‌နေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်‌လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီ‌ပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် ‌လောကသဘာဝမှ တစ်စုံတစ်ရာကို…

Read more
  • 1
  • 2
  • 3
  • 4
  • …
  • 6
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme