Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Author: Han Sann

Our Futures in Indigenous Languages

Posted on September 3, 2025September 3, 2025 by Han Sann

Introduction to Myanmar Literature Myanmar has 135 officially recognized ethnic minority groups. They each have their own languages, literature, and cultures. Burmese is the official and common language of Myanmar. Mainstream Myanmar literature is written almost exclusively in the Burmese language. Although Burmese is the common and official language, some ethnic languages are actually older,…

Read more

အိုဘယ့်… အို…တေးမြုံငှက်

Posted on May 6, 2020August 9, 2023 by Han Sann

စတူဒီယိုခေတ် မြန်မာ့ဂီတလောကအကြောင်းကို နောက်ခံထားပြီး ရေးဖွဲ့ထားသော လုံးချင်းဝတ္ထုဖြစ်ပါသည်။ ၀တ္ထုအမည်မှာ တေးမြုံ ငှက်ဖြစ်သည်။ ရေးသူမှာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေး မောင်သစ်မင်း ဖြစ်ပါသည်။ တေးမြုံငှက်၀တ္ထု၏ ဇာတ်လမ်းမှာ ထူးထူး ထွေထွေ ဆန်းဆန်းပြားပြား မဟုတ်ပါ။ ဂီတလောကနောက်ခံ အချစ်၀တ္ထုတစ်ပုဒ်သာဖြစ်သည်။ ချစ်ကွဲညား၊ ညားကွဲချစ်၊ ဂုဏ်မတူ အဆင့်အတန်းမတူ၊ မြင့်လွန်းသည့် ပန်း၊ ဆင်းရဲသားအနုပညာသမားဖြင့် မတူတော့ပြီ၊ မတန်တော့ပြီ၊ ခွဲကြဟဲ့၊ ဖျက်ကြဟဲ့ ဆိုသော သာမန်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။ “ခင်ဗျားက ဇာတ်လမ်းဖတ်တဲ့ သူဆိုရင်တော့ တေးမြုံငှက်ဟာ ဇာတ်လမ်းအဓိကမဟုတ်တဲ့ အတွက် ခံတွင်းတွေ့ချင်မှ တွေ့မှာပေါ့လေ။ တေးမြုံငှက်ဟာ လူငယ်တွေကို နားလည်ဖို့၊ ဂီတသစ်ကို ထိစမ်းနိုင်ဖို့၊ ဂီတသစ်သမားတွေရဲ့ ဘ၀စစ်ကို မြင်တွေ့ရဖို့၊ ဒဿနသစ်တွေကို သဘောပေါက်ဖို့၊ တစ်ဆက်တည်းမှာ…

Read more

သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

Posted on February 7, 2020September 3, 2025 by Han Sann

တစ်နေ့သ၌ ကဗျာဖတ်သူသည် ကဗျာဆရာမ ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” ကဗျာစာအုပ်ကို ဖတ်ရှုပြီးသကာလ အောက် ဖော်ပြလတ္တံပါသော အကြောင်းအရာများကို ချရေးမိလေတော့သည်။ ထိုအကြောင်းများသည် “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” တို့ဖြင့် တိုက်ရိုက်ဆက်နွယ်အချိုးကျပါလေတော့သည်။ အပိုင်း(၁) သုံးဆယ့်တစ်ပုံအစုအဝေး စာဖတ်သူအားထုတ်ရခြင်း             “သုံးဆယ်တစ်ပုံအစုအဝေး”ကို ဖတ်သည့်အခါတွင် ကဗျာဖတ်သူသည် စာရေးသူက အားထုတ်ထားသည့်အတိုင်း အားစိုက်အားထုတ်ရပါ သည်။ စာဖတ်သူကို အလုပ်ပေးထားသော၊ စာဖတ်သူပါဝင်ခွင့် ရရှိနေသောကဗျာအဖြစ် မြင်မိပါသည်။ အစ၊ အလယ်၊ အဆုံးကွင်းဆက်များကို မိအောင် အားထုတ်ရတော့မည်ဆိုသည့်အသိကို ကဗျာဖတ်သူသည် ကဗျာဖတ်ရင်း သိလာရပါသည်။ ကဗျာဆရာ၏ ကဗျာက ကဗျာဖတ်သူကို မောင်းနှင်နေပြီဆို သည့်အသိကို ရရှိခံစားရပါသည်။ ကဗျာဆရာ၊ ဘာလုပ်မလဲဆိုသော လိုလား ချက်နှင့်အတူ ကဗျာ၏ရသကို အတူတကွ လိုက်လံရှာဖွေရခြင်းသည် အလွန်ကျေနပ်ဖွယ်ကောင်းသော အရသာတစ်ခုအဖြစ် ရရှိပါသည်။…

Read more

စံ(Standard)တစ်ခုပဲ ရှိပါတယ်

Posted on August 30, 2019September 3, 2025 by Han Sann

​မြန်မာယူနီကုဒ်နှင့်ပတ်သက်၍ ဆရာမကြီး ဒေါက်တာမြင့်မြင့်သန်း ပြောကြားခဲ့သည်ကို မှတ်တမ်းအနေ ဖြင့်​ ၂၀၁၀ ပြည့်နှစ်ထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ထိုမှတ်တမ်းကို အကိုးအကားအားဖြင့် မှီငြမ်းနိုင်ရန် ဤနေရာတွင် သိမ်းဆည်းဖော်ပြအပ်ပါသည်။ ‌ဇော်ဂျီနဲ့ မြန်မာသရီးက စံ(Standard)လုံးဝမတူဘူး။ လုံးဝ ‌ပြောင်းနိုင်မှရမယ်။ ယူနီကုဒ်ကို လိုက်မယ်ဆိုရင်‌တော့ ‌ဇော်ဂျီက လုံးဝယူနီကုဒ် မစစ်တဲ့အတွက် မသုံးရင် ‌ကောင်းတယ်။ သူ(‌ဇော်ဂျီ)က တိုင်းရင်း သားဘာသာစကား‌တွေအတွက် ကျွန်မတို့‌ပေးထားတဲ့ ကုဒ်ကို မသုံးထားဘူး။ ပြီး‌တော့ သူ့ဂုဏ်သတ္တိတစ်ခုက ရရစ်ဆိုလည်း အရင် ဝင်းအင်းဝတို့ စီအီးတို့အတိုင်း ရရစ်မျိုးစုံရှိ‌နေတယ်။ ဒါ‌ကြောင့် သူက လွယ်‌နေ တာလို့ ထင်ရတာ‌ပေါ့။ ကြုံတုန်း‌လေး သတင်း‌ပေးချင်တာက ကွန်ပျူတာထဲမှာရှိတဲ့ control panel ထဲက Regional Setting က အလကားပေး…

Read more

၀ဿန်ချိန်ခါ

Posted on July 8, 2019September 3, 2025 by Han Sann

၀ဿန်ရုပ်ရှင်ပွဲတော်၏ အချိန်အခါမှာ စက်တင်ဘာလ ဖြစ်ပါသည်။ နှစ်တစ်နှစ်၏ စက်တင်ဘာရက်စွဲအချို့သည် ၀ဿန်ချိန်ခါ အတွက် ဖြစ်ခဲ့ သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာသမားများအတွက် ၀ဿန်ရုပ်ရှင်ပွဲတော် ရုန်းခဲ့ကန်ခဲ့ရသည်မှာ ပွဲတော်စတင်ချိန်ကနေ ယနေ့အထိပဲဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားသည့် အခက်အခဲပြဿနာများအကြားမှာ ၀ဿန်သည် ရွာသွန်းမြဲ ရွာသွန်းနေခဲ့သည်။ နှစ်စဉ်ရွာသွန်းခဲ့သော သို့တည်းမဟုတ် ၀ဿန်ချိန်ခါတွင် ပွင့်လန်းရှင်သန်ခဲ့သော ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနှင့်ရုပ်ရှင်ဖန်တီးသူများစွာလည်း ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။ ရုပ်ရှင်ချစ်သူများ စုဝေးရာ၊ ရုပ်ရှင်ပန်းများ ပွင့်လန်းရာနှင့် ရုပ်ရှင်ဝတ်မှုန်များ အပြန်အလှန် ဝတ်မှုန်ကူးကြသည့် ရုပ်ရှင်အနုပညာရပ်ဝန်းတစ်ခုအဖြစ်လည်း ခိုင်မာလာခဲ့ပါပြီ။ ရုပ်ရှင်အနုပညာသည်တစ်ဦးအဖြစ် အသက်မွေးလိုသူများအတွက် ၀ဿန်သည် ရုပ်ရှင်အနုပညာရပ်ဝန်းသို့ ဝင်ရောက်ရာ ဂိတ်တံခါးတစ်ခုလည်းဖြစ်ခဲ့ပါပြီ။ ထို့ကြောင့် ၀ဿန်ရုပ်ရှင်ပွဲတော်၏ ထူးခြားသော အပြောင်းအလဲများ၊ အားသာချက်များနှင့်အားနည်းချက်များကို ရှစ်ကြိမ်မြောက်ပွဲတော်တွင် ရှာဖွေလေ့လာသုံးသပ်ခဲ့ပါသည်။ ဖွင့်ပွဲတွင် ပြသခဲ့သော ဇာတ်ကားများ…

Read more
  • 1
  • 2
  • 3
  • 4
  • …
  • 24
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme