‘‘နေမျိုးကြီး ကဗျာတွေ ဖတ်မလား’’ဆိုသော စာသားအစုအဖွဲ့သည် ကဗျာဆရာ‘နေမျိုး’၏ ‘လက်ရွေးစင်ကဗျာများ’ စာအုပ်တွင် ဖော်ပြပါရှိခဲ့သော ‘‘လူဖြစ်ရတာ ကောင်းတယ်’’ကဗျာအတွင်းမှ ဖြစ်ပါသည်။ ‘နေမျိုး၏ လက်ရွေးစင်ကဗျာ များ’စာအုပ်ကို နှစ်ကာလများစာပေက ၂ဝ၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေလိုက်ပါသည်။ ‘‘၁၉၉ဝ-၂ဝဝဝ ပြည့်နှစ်တွေမှာ ကြီးပြင်းခဲ့တဲ့ စာပေဝါသနာပါသူ လူငယ်တွေအတွက် နေမျိုးရဲ့ ရေးဟန်တွေဟာ ဆန်းသစ်မှုတွေ အပြည့်နဲ့။ တစ်လ၊ တစ်လ မဂ္ဂဇင်းမှာ နေမျိုးရဲ့ ဝတ္ထုပါလေမလား၊ ကဗျာပါလေမလားဆိုပြီး စောင့်ဖတ်ခဲ့ရတဲ့ အနေအထားတစ်ခု’’ဟု နှစ်ကာလများစာပေ၏ ထုတ်ဝေသူလည်းဖြစ်၊ ကဗျာဆရာတစ်ဦးလည်းဖြစ်သော မိုးဝေးက ‘နေမျိုး၏ လက်ရွေးစင်ကဗျာများ’စာအုပ်တွင် မှတ်ချက်ပြုထားခဲ့သည်။ စာအုပ်တွင် နေမျိုး၏ ကဗျာလက်ရာ ၅၈ ပုဒ်ကို ဖော်ပြထားသည်။ ‘လက်ရွေးစင်ကဗျာများ’ဟု စာအုပ်အမည်ကိုပေးထား၍ နေမျိုး၏ ကဗျာလက်ရာများအနက်မှ ၅၈ ပုဒ်သာဖြစ်သည်ဟု…
Tag: Book | စာအုပ်
နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်(စာအုပ်)
နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၌ ‘ငါတို့စာပေ’စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ဝတ္ထုတိုပေါင်း ချုပ်စာအုပ်တွင် နေမျိုး၏ ဝတ္ထုတို၊ ဝတ္ထုလတ်နှင့် စကားပြေအရေးအသား(၁၁၆)ပုဒ် ပါဝင်သည်။ ‘ကြေးရုပ်မြို့တော်’၊ ‘တော ကျီးကန်း’၊ ‘ရုပ်ရှင်’အစရှိသည့် စကားပြေလက်ရာများအပါအဝင် နေမျိုး၏ ထင်ရှားသည့်စာပေလက်ရာများကို ဝတ္ထုတိုပေါင်း ချုပ်တွင် ဖတ်ရှုရမည်ဖြစ်သည်။ နေမျိုး၊ ဝတ္ထုတိုပေါင်းချုပ်၊ ဝတ္ထုတိုစုစည်းမှုဟုဆိုသော်လည်း ဝတ္ထုလတ်ဟုသတ်မှတ်နိုင်သော ‘ရုပ်ရှင်’ဝတ္ထုကဲ့သို့ ဝတ္ထုအမျိုးအစားများကိုလည်း တွေ့ရသည်။ ဝတ္ထုတိုပေါင်းချုပ် ဟုဆိုသော်လည်း စာအုပ်ပါအရေးအသား အားလုံးကို ဝတ္ထုတိုများဟုဆိုရန် ခက်ခဲပေလိမ့်မည်။ နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါ စကားပြေအရေးအသားများကို ဝတ္ထုတို၊ ဝတ္ထုလတ်၊ အက်ဆေး၊ စာစုနှင့် စမ်းသပ်အရေးအသားများဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ‘ငါတို့စာပေ’အနေဖြင့် အမျိုးအစား ခွဲခြားပေးထားခြင်း၊ ဖွင့်ဆိုရှင်းပြထားခြင်းနှင့်အမှာစာထည့်သွင်းခြင်းအစရှိသည့် ထုတ်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းမပြုထားဘဲ စာမူများကို စုစည်း၍သာထုတ်ဝေထားသည်ကို တွေ့ရသည်။…
ယောင်ဟေး သို့မဟုတ် အသားစားရန် ငြင်းဆန်သူ
သူလိုကိုယ်လို အမျိုးသမီးတစ်ဦးဖြစ်သူ ယောင်ဟေးအကြောင်းကို ခင်ပွန်း၊ ခဲအိုနှင့် အစ်မဖြစ်သူတို့က ဇာတ်ကြောင်းပြန်ကြသည်။ ယောင်ဟေးသည် ဘယာစီယာဝတ်တတ်သူ မဟုတ်သည်မှလွဲ၍ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သည်။ သူမ,ဘယာစီယာ မဝတ်တတ်သည်ကို ခင်ပွန်းဖြစ်သူသည် သမီးရည်းစားဘဝကတည်းက သိရှိထားခဲ့သော်လည်း သူတို့၏ အိမ်ထောင်ရေးတွင် တစ်စုံတရာကြီးမားသောပြဿနာ မရှိခဲ့ပါ။ တစ်နေ့တွင် ယောင်ဟေးသည် အိပ်မက်တစ်ခုမက်သည်။ အိပ်မက်ကြောင့် သူမသည် အသားစားခြင်းကို စွန့်လွွှတ်လိုက်သည်။ ဘာသာရေးယုံကြည်မှုအရ၊ ကျန်းမာရေးအကြောင်းပြချက်တစ်စုံတရာအရ မဟုတ်ပါဘဲ အသားစားခြင်းကို သူမစွန့်လွွှတ်ခဲ့သည်။ ခင်ပွန်းဖြစ်သူကိုလည်း အသားဟင်းလျာ ချက်ပြုတ်ကျွေးမွေးခြင်း လုံးဝမပြုလုပ်တော့ပါ။ ယောင်ဟေးတို့၏ အိမ်ထောင်ရေး ပြဿနာသည် ထိုအချိန်အခါတွင် စတင်ခဲ့သည်။ ဝတ္ထု၏ စိတ်ဝင်စားဖွယ်ကောင်းသော အစိတ်အပိုင်းသည်လည်း ထိုအချိန်တွင် စတင်သည်။ အသားမစားသော ယောင်ဟေးပြဿနာသည် လင်နှင့်မယားအကြားက ကြီးမားသောပြဿနာတစ်ရပ်အဖြစ်မှ ယောင်ဟေး၏ မိဘနှစ်ပါး၊ ခဲအိုနှင့်အစ်မဖြစ်သူတို့ထံ ရောက်ရှိသွား၍ ကြီးမားသောမိသားစုပြဿနာကြီးဖြစ်လာသည်။…
ရေဆန်လမ်းမှ ပြန်ခဲ့သူ
“သမိုင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တွေ့ကြုံရတာချင်း မတူဘူး။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို လူတိုင်းက ဝိုင်းရေးပေးမှ ထောင့်စေ့ တယ်”ဟု (ဆရာ)ဟံသာ၀တီ ဦးဝင်းတင်က ပြောခဲ့သည်။ “သမိုင်းသင်တာ မအအောင်လို့”ဟုလည်း (ဆရာ)ဒေါက်တာသန်းထွန်းက ပြောခဲ့သည်။ ဖြစ်ပျက်ပြီးခဲ့သော အတိတ်သမိုင်းကို မှတ်တမ်းတင်ရန်နှင့် သမိုင်း၏ မှန်ကန်တိကျမှုကို တိုင်းတာအတည်ပြုရန် လုံလောက်သော သက်သေအထောက် အထားများ လိုအပ်မည်ဖြစ်သည်။ သို့မှသာ မှန်ကန်သောသင်ခန်းစာနှင့် သင့်အပ်လျောက်ပတ်သော ဆုံးဖြတ်ချက်များကို ပြုနိုင်မည်ဖြစ်သည်။ သမိုင်း ထောင့်စေ့ပါမှ တုံးခြင်း၊ အခြင်းလည်း ကင်းပေမည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ၊ နှစ် ၃၀ ကာလအတွင်း ဖြစ်တည်ပျက်ခဲ့သော မြန်မာ့နိုင်ငံရေးသမိုင်းအမှန်ကို ပြုစုသည့်အခါတွင်လည်း ထောင့်စေ့ရန် လိုပါ သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ရှစ်လေးလုံးလူထုလှုပ်ရှားမှုနှင့် နောက်ပိုင်းကာလဖြတ်သန်းမှုများအကြောင်း ကိုယ့်တွေ့မှတ်တမ်းစာအုပ် အများအပြားထွက်ပေါ်လာသည်။…
ရှစ်လေးလုံးအရေးတော်ပုံအတွက် အုပ်တစ်ချပ် သို့မဟုတ် ရေစုန်နှင့်ရေဆန်(စာအုပ်)အကြောင်း
၁၉၈၈ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုဖြင့် အစတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ၂ဝ၁၇ ခုနှစ်တွင် ၂၉ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၉ နှစ်တိတိပြည့်မြောက်သောနှစ် ဇူလိုင်လတွင် စာရေး ဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ထွက်လာသည်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလတွင် ဖြစ်တည်ဖြစ်ပျက်ခဲ့သည်များကို မခံချိမခံသာဖြစ်ခဲ့ကြသော စာပေ နှင့်အနုပညာရှင်များသည် သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ထိုအကြောင်းအား အစပြု ၍‘‘ရေစုန်နှင့်ရေဆန်’’ စာအုပ်ကို ရေးသားထားသည်။ ဂိုဒေါင်များကိုဖောက်၍ ဈေးတန်းကြီး တည်ခင်းရောင်းချနေသော ရန်ကုန်အရပ်ဝန်းကျင်များသို့ ဘီခြောက်ရာကားဖြင့် လှည့်ပတ်ကြည့်ရှုရန် စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)သည်ဆန္ဒ ဖြစ်ပေါ်ခဲ့သည်။ ထိုဆန္ဒအတိုင်း သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၊ အယ်ဒီတာ ဦးဝင်းခက်တို့နှင့် ချိန်းဆို၍ လှည့်လည်ကြည့်ရှုကြသည်။ ရန်ကုန်မြို့တွင်း လှည့်ပတ်သွားလာရင်းဖြင့် စာရေးဆရာ မောင်သော်ကထံသို့ ရောက်ရှိသွားကြသည်။ ကျောင်းသား လှုပ်ရှားမှုအတွင်း သေဆုံးသွားသော ကျောင်းသားများနှင့်ပတ်သက်၍ ရတက်မအေး…