သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယနေ့ကာလတွင် ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်ဝေါဟာရအားဖြင့် misinformation ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation ဟု ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည် သဘောသဘာဝခြင်း တူညီခြင်းမရှိသလို သတင်းမှားရခြင်း၏ အကြောင်းအရင်းသည်လည်း တူညီမှုမရှိပါ။ တမင်ဖန်တီးသည့် မမှန်သတင်း(လုပ်ကြံသတင်း) (disinformation) လုပ်ကြံသတင်း(disinformation)ဆိုသည်မှာ တစ်စုံတရာကိစ္စရပ်တစ်ခု ဖြစ်ပေါ်ခြင်း၊ လုပ်ဆောင်ရန်စီစဉ်ခြင်း လုံးဝမရှိပါဘဲ မိမိလိုချင်သော ပုံစံရရှိအောင် ဖန်တီးလုပ်ကြံ၍ အများပြည်သူထံသို့ ကြေညာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ပျံနှံ့အောင်အကောင်အထည်ဖော်ဆောင်လိုက်သော သတင်းကို ဆိုလိုပါသည်။ ထို့အပြင် ဖြစ်ရပ်မှန်အခြေအနေကို ပုံစံဖျက်၍ မိမိအလိုရှိသောသဏ္ဍာန်အတိုင်း လုပ်ကြံကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်သောသတင်းများကိုလည်း လုပ်ကြံသတင်းဟု ဆိုနိုင်ပါသည်။ မိမိဦးတည်ရာအသိုင်းအဝန်းတစ်ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လွှတ်လိုက်သော သတင်းအချက်အလက်များကို…
Media
‘တိုင်ကြားနိုင်သည်’ စကားရပ်ဖြင့် အနိုင်ယူခြင်းခံလိုက်ရသည့် စာနယ်ဇင်းကောင်စီ
ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု(MCDF)၏
ဒီမိုကရေစီကို တိတ်ဆိတ်မှုဖြင့် သုတ်သင်နေသော်လည်း လွတ်လပ်သောအသံများက ကျယ်လောင်စွာပြောဆိုနေမည်
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် မေလ ၃ ရက်နေ့ကို ၁၉၉၃ ခုနှစ်က စတင်၍ သတ်မှတ်ခဲ့သည်။ သတင်းလွတ်လပ်ခွင့်၏