ရန်ကုန်ဘဆွေရေးသားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ထုတ်ဝေခဲ့ဖူးခြင်း မရှိသေးသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ငါတို့စာပေက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သည်။ ဂျပန်တော်လှန်ရေးကာလကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းစာပေအမျိုးအစားဖြစ်သည်။ ရန်ကုန်ဘဆွေ၏ ပြည်သူ့အရေးတော်ပုံပါတီသည် ဂျပန်တော်လှန်ရေးကာလ၌ တော်လှန်ရေးခေါင်းဆောင်းများ၊ တော်လှန် ရေးတပ်သားများ၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်များ၊ တရားဥပဒေစိုးမိုးရေးကင်းလွတ်နေသည့် ကာလအတွင်း ဒေသခံတို့၏ ကျီးလန့်စာစားနေထိုင်ရသည့် အခြေအနေများ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့စွာနေထိုင် ရသည့်အခြေအနေများကို သိမြင်ရမည်ဖြစ်သည်။ စာရေးသူသည် သူ၏ဂျပန်တော်လှန်ရေးကာလဖြတ်သန်းရာဒေသ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ အတွေ့အကြုံများကို အဓိကထားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြည်သူ့အရေးတော်ပုံပါတီစာအုပ်နှင့်ပတ်သက်၍ ‘‘စာရေးသူသည် ဤအကြောင်းဖြစ်ရပ်ကို ရေးမည်ဆိုသော်လည်း သမိုင်း သုတေသီများ၊ သမိုင်းဆရာများကဲ့သို့ ခန့်ခန့်ညားညား မရေးတတ်ကြောင်း ဝန်ခံပါသည်။ ထိုသို့ရေးရန်လည်း ဘယ်တုန်းကမျှ စိတ်မကူးခဲ့သောကြောင့် အထောက်အထားတွေ၊ သက်သေခံပစ္စည်းတွေ၊ အချိန်နေ့စွဲတွေ မှတ်သားခြင်း၊…
Tag: Book | စာအုပ်
လူရှစ်ယောက် ဇာတ်လမ်းရှစ်ပုဒ်
လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဖြစ်တည်ခဲ့သော လူသားရှစ်ဦး၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာရေးဆရာ ဝင်းဇော်လတ်က တူးဆွဖော်ထုတ်တင်ပြထားသော စာအုပ်ဖြစ်သည်။ စိတ်ကူးဉာဏ်ကွန့်မြူး၍ ဖန်တီးလိုက်သော အဆန်းသစ်ဆုံးဆို သည့်ဇာတ်လမ်းများသည်ပင် လိုက်မီရန်ခက်ခဲသော လူရှစ်ယောက်၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ဘ၀ဖြစ်စဉ်များဖြစ်နေလေသည်။ “လူတွေ စိတ်အဝင်စားဆုံးမှာ လူတွေအကြောင်းသာ ဖြစ်ပါသည်။ စိတ်ကူးကွန့်မြူး၍ အနုပညာမြောက်ဖန်တီးသော ၀တ္ထုတွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်ဇာတ် လမ်းတွေက စိတ်ဝင်စားစရာပါပေ။ သို့သော် တစ်ခါတစ်ရံ လက်တွေ့ ဘ၀သည် စိတ်ကူးထက်ပင် ဆန်းကြယ်နေပေသေးသည်။ ဘ၀၏ ဆန်း ကြယ်မှုကို စိတ်ကူးတို့ လိုက်မမီပါချေ” ဟု စာအုပ်၏အမှာစာတွင် စာရေးဆရာ ဝင်းဇော်လတ်က ဖွင့်ဆိုရေးသားထားသည်။ ဦးထွန်းလွင်၊ ဦးအုန်း၊ မသွဲ့သွဲ့ဝင်း၊ ဒေါ်မာမာအေး၊ ဦးခင် မောင်ရင်၊ ဒဂုန်တာရာ၊ ဟံသာ၀တီ ဦးဝင်းတင်နှင့်ကိုစောလင်းအောင်တို့၏ ဇာတ်လမ်းရှစ်ပုဒ်ကို…
ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်(စာအုပ်)
Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics, 1973 စာအုပ်ကို ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’အမည်ဖြင့် ဘာသာပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ‘‘နှစ်ကာလများ’’စာအုပ်တိုက်က ၂ဝ၁၅ ခုနှစ် မေလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေခဲ့သည်။ မူရင်းစာအုပ်ကို ထုတ်ဝေသည့်နှစ် ၁၉၇၃ ခုနှစ်မှစတင်၍ ရေတွက်လျှင် မြန်မာဘာသာသို့ နှစ်ပေါင်း ၄ဝ ကျော်ကြာမှာသာ ဘာသာပြန်ဆိုနိုင် ခဲ့သည်။ နှစ် ၄ဝ ခန့်နောက်ကျသည့် သဘောဖြစ်သည်။ သို့သော်လည်း စာပေရေးဟန်ပညာရပ်နှင့်ပတ်သက်၍ အားကိုးအားထားပြုလောက်သည့် စာအုပ်စာတမ်းရှားပါးသော မြန်မာနိုင်ငံအတွက် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍ ‘‘အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော…
အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်မှ ဝတ္ထုများကို ဖတ်ရှုခြင်းရသ
သဲအိမ်မောင်နေဝါ၏ အသည်းကွဲတစ်ယောက်ရဲ့ စွန် မဂ္ဂဇင်းဝတ္ထုများ စုစည်းမှုစာအုပ်ကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ် နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သဲအိမ်မောင်နေဝါ၏ ဝတ္ထု ၃၅ ပုဒ်ပါဝင်ပြီး ရှုမဝ၊ မိုးဝေ၊ မဟေသီ၊ သောင်းပြောင်းထွေလာရယ်စရာ၊ ရနံ့သစ်နှင့်ဟန်သစ်မဂ္ဂဇင်းတို့တွင် ဖော်ပြပါရှိသော မဂ္ဂဇင်းဝတ္ထုများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ထိုစာပေလက်ရာများသည် ၁၉၇၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကာလအတွင်းရေးသားခဲ့ပြီး မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ရသည့် ဝတ္ထုများလည်း ဖြစ်သည်။ ဝတ္ထုများကို တစုတစည်းတည်းဖတ်ရှုရခြင်း ကြောင့် စာရေးဆရာ၏ အရေးအသားနှင့်ရေးဟန်ပြောင်းလဲလာပုံများကို လေ့လာသိရှိခွင့်ရခဲ့ပါသည်။ သဲအိမ်မောင်နေဝါသည် မြန်မာ့ဝတ္ထုလောက အတွက် အရေးပါသော စာရေးဆရာတစ်ဦးဖြစ်သောကြောင့် သူ၏ အရေးအသားများကို သတိထား လေ့လာမိခဲ့ပါသည်။ ထိုသို့ လေ့လာမိရာမှ တွေ့ရှိ သည့် တွေ့ရှိချက်များကို တင်ပြလိုပါသည်။…