Introduction to Myanmar Literature Myanmar has 135 officially recognized ethnic minority groups. They each have their own languages, literature, and cultures. Burmese is the official and common language of Myanmar. Mainstream Myanmar literature is written almost exclusively in the Burmese language. Although Burmese is the common and official language, some ethnic languages are actually older,…
Literature
ဂါစီယာ မားကွက်စ် ဆိုသူမှာ
ဂါစီယာ မားကွက်စ် ဆိုသူမှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိထားသော ကိုလံဘီယာ စာရေးဆရာတစ်ဦးဖြစ် သည်။ သူသည် လုံးချင်းဝတ္ထုရှည်များ၊ ဝတ္ထုတိုများ၊ ပြဇာတ်များကို ရေးသားခဲ့ပြီး သတင်းစာဆရာအဖြစ် လည်း အသက်မွေးခဲ့သူဖြစ်သည်။ သူ၏ စာပေသမားဘဝအစကို သတင်းစာဆရာအဖြစ်စတင်ခဲ့သော် လည်း ရသစာပေရေးသားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ကိုလံဘီယာအမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာရပ်ကို လေ့လာနေရင်း သတင်းစာဆရာဘဝကို စတင်ခဲ့ သည်။ ဒေသအတွင်း ထုတ်ဝေသည့် သတင်းစာတစ်ခုတွင် ပင်တိုင်ရေးသားခဲ့သည်။ ထိုသို့ရေးသားနေရင်း ကိုလံဘီယာ၏ စာရေးဆရာများ၊ သတင်းစာဆရာများနှင့် အတွေးအခေါ်ပညာရှင်များဖြင့် စုစည်းထား သည့် Barranquilla Group ၏ တက်ကြွလှုပ်ရှားသောအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် ၂၀ ရာစု အလယ်ခေတ်၌ အသိပညာဆိုင်ရာနှင့်စာပေရေးရာများဖြင့် ထင်ရှား၍ အင်အားကြီးသောအဖွဲ့တစ်ခုဖြစ် သည်။ ထိုအဖွဲ့မှရရှိသော စိတ်ကူးစိတ်သန်းများနှင့်စေ့ဆော်မှုများသည် မားကွက်စ်ကို…
တိုက်ဆိုင်မှုအစစ် ဖန်တီးပေးခဲ့သလိုပါပဲ
၂ဝ၁ဝ ပြည့်နှစ် မေလ(၁၆)ရက်နေ့ ည ၇ နာရီ ဝန်းကျင်မှာ သောကြာကြယ်ဟာလကို ဖောက်လို့ ဖြတ်သန်းခဲ့တယ်။ လူတစ်စု လူတချို့က ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ည ၈ နာရီနဲ့ ၉ နာရီ ဝန်း ကျင်မှာ သောကြာကြယ်နဲ့ လတို့ရဲ့ ဓာတ်ပုံတွေ သတင်းတွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အင်တာနက်ပေါ် မှာ တွေ့မြင်နေရတယ်။ အဲဒီအချိန်က အနုပညာကြယ်တစ်ပွင့် အဝေးကို ထွက်ခွာသွားလိမ့်မယ်လို့ မထင်မိ ခဲ့ဘူး။ ည ၁ဝ နာရီမှာ တယ်လီဖုန်းသံက ကျယ်ကျယ်လောင်လောင် အော်မြည်လိုက်တယ်။ အော်မြည် လိုက်တဲ့ တယ်လီဖုန်းအသံနဲ့အတူ အနုပညာရှင် သုမောင် ကွယ်လွန်ပြီဆိုတာ သိလိုက်ရတယ်။ ဆရာ သုမောင်ကွယ်လွန်ခြင်းနဲ့အတူ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေက သူသုံးနှုန်းလေ့ရှိသလို တမင်္ဂလာ(တမင်တကာ)…
ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း၏ မှတ်စု
‘‘ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်၌ ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို ကဗျာဆရာဇေယျာလင်းကဦးဆောင်၍ တက်ရောက်လာသူများနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားခဲ့ကြသည့် အကြောင်းအရာများမှအချို့ကို မှတ်တမ်းမှတ်ရာအဖြစ် အောက်ပါအတိုင်း ပြုစုပါသည်။ ကဗျာတစ်ပုဒ်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ ကြိုက်ရသည့်အကြောင်းအရင်း၊ မကြိုက်ရသည့်အကြောင်းအရင်းနှင့် ကဗျာဖတ်သူတစ်ဦး၏ ကြိုက်နှစ် သက်မှုများအကြောင်းတို့ကို နမူနာပြကဗျာများဖြင့် အပြန်အ လှန်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးသည့် အပေါ်တွင်မူတည်၍ ကဗျာဖတ်သူတစ်ဦးနှင့် တစ်ဦးသည် ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်သည့်ပုံစံ မတူညီနိုင်ကြောင်း၊ ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းကို အချက် ၅ ချက် ဖြင့် ဆွေးနွေးလိုကြောင်း ကဗျာဆရာဇေယျာလင်းက ဆွေးနွေးသည်။ အဆိုပါအချက် ၅…
ကဗျာဆရာ အောင်ချိမ့်နှင့်တွေ့ဆုံခြင်း၏ မှတ်စု
‘‘ကျွန်တော်က တွေ့ချင်တာ’’အမည်ဖြင့် ကဗျာဆရာအောင်ချိမ့်နှင့်တွေ့ဆုံသော ကဗျာအကြောင်း ဆွေးနွေးပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၃ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲကို ပဲန်မြန်မာက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကဗျာဆရာ အောင်ချိမ့်၏ ပထမဦးဆုံးသော တွေ့ဆုံဆွေးနွေးပွဲလည်းဖြစ်သည်။ ဆွေးနွေးပွဲမှ ဆွေးနွေးပြောဆိုချက်များကို မှတ်တမ်းအဖြစ် အောက်ပါအတိုင်း မှတ်စုထုတ် ရေးသားအပ်ပါသည်။ ၁။ ၁၉၇ဝ ပြည့်နှစ်တွင် မြန်မာ့ကဗျာ အချိုးအပြောင်းဖြစ်ပေါ်သည်။ ၁၉၆၂ ခုနှစ်နှောင်းပိုင်းကာလများတွင် တော်လှန်ကဗျာ၊ ခေတ်ပေါ်ကဗျာအစရှိသည့် ကဗျာအမျိုးအစားများ ထွက်ပေါ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မောင်သာနိုး ရေးသားသည့် ‘‘ထင်းရှုးပင်ရိပ်’’စာအုပ်ထွက်ခဲ့သည်။ ထိုစာအုပ်သည် ခေတ်ပေါ်ကဗျာဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ နိုင်ငံရေးလှုံဆော်သော သုံးကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်ပေါ်ခဲ့သည်ဟု…