စတူဒီယိုခေတ် မြန်မာ့ဂီတလောကအကြောင်းကို နောက်ခံထားပြီး ရေးဖွဲ့ထားသော လုံးချင်းဝတ္ထုဖြစ်ပါသည်။ ၀တ္ထုအမည်မှာ တေးမြုံ ငှက်ဖြစ်သည်။ ရေးသူမှာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေး မောင်သစ်မင်း ဖြစ်ပါသည်။ တေးမြုံငှက်၀တ္ထု၏ ဇာတ်လမ်းမှာ ထူးထူး ထွေထွေ ဆန်းဆန်းပြားပြား မဟုတ်ပါ။ ဂီတလောကနောက်ခံ အချစ်၀တ္ထုတစ်ပုဒ်သာဖြစ်သည်။ ချစ်ကွဲညား၊ ညားကွဲချစ်၊ ဂုဏ်မတူ အဆင့်အတန်းမတူ၊ မြင့်လွန်းသည့် ပန်း၊ ဆင်းရဲသားအနုပညာသမားဖြင့် မတူတော့ပြီ၊ မတန်တော့ပြီ၊ ခွဲကြဟဲ့၊ ဖျက်ကြဟဲ့ ဆိုသော သာမန်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။ “ခင်ဗျားက ဇာတ်လမ်းဖတ်တဲ့ သူဆိုရင်တော့ တေးမြုံငှက်ဟာ ဇာတ်လမ်းအဓိကမဟုတ်တဲ့ အတွက် ခံတွင်းတွေ့ချင်မှ တွေ့မှာပေါ့လေ။ တေးမြုံငှက်ဟာ လူငယ်တွေကို နားလည်ဖို့၊ ဂီတသစ်ကို ထိစမ်းနိုင်ဖို့၊ ဂီတသစ်သမားတွေရဲ့ ဘ၀စစ်ကို မြင်တွေ့ရဖို့၊ ဒဿနသစ်တွေကို သဘောပေါက်ဖို့၊ တစ်ဆက်တည်းမှာ…
Tag: Book | စာအုပ်
သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
တစ်နေ့သ၌ ကဗျာဖတ်သူသည် ကဗျာဆရာမ ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” ကဗျာစာအုပ်ကို ဖတ်ရှုပြီးသကာလ အောက် ဖော်ပြလတ္တံပါသော အကြောင်းအရာများကို ချရေးမိလေတော့သည်။ ထိုအကြောင်းများသည် “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” တို့ဖြင့် တိုက်ရိုက်ဆက်နွယ်အချိုးကျပါလေတော့သည်။ အပိုင်း(၁) သုံးဆယ့်တစ်ပုံအစုအဝေး စာဖတ်သူအားထုတ်ရခြင်း “သုံးဆယ်တစ်ပုံအစုအဝေး”ကို ဖတ်သည့်အခါတွင် ကဗျာဖတ်သူသည် စာရေးသူက အားထုတ်ထားသည့်အတိုင်း အားစိုက်အားထုတ်ရပါ သည်။ စာဖတ်သူကို အလုပ်ပေးထားသော၊ စာဖတ်သူပါဝင်ခွင့် ရရှိနေသောကဗျာအဖြစ် မြင်မိပါသည်။ အစ၊ အလယ်၊ အဆုံးကွင်းဆက်များကို မိအောင် အားထုတ်ရတော့မည်ဆိုသည့်အသိကို ကဗျာဖတ်သူသည် ကဗျာဖတ်ရင်း သိလာရပါသည်။ ကဗျာဆရာ၏ ကဗျာက ကဗျာဖတ်သူကို မောင်းနှင်နေပြီဆို သည့်အသိကို ရရှိခံစားရပါသည်။ ကဗျာဆရာ၊ ဘာလုပ်မလဲဆိုသော လိုလား ချက်နှင့်အတူ ကဗျာ၏ရသကို အတူတကွ လိုက်လံရှာဖွေရခြင်းသည် အလွန်ကျေနပ်ဖွယ်ကောင်းသော အရသာတစ်ခုအဖြစ် ရရှိပါသည်။…
သည်းခံနိုင်၏ သည်းမခံနိုင်၏
လူ၊ လူထု၊ အစိုးရ၊ အုပ်ချုပ်သူနှင့်ထင်ရှားသူ စသည် စသူတို့၏ အမူဆိုးအကျင့်ဆိုး၊ နိုင်ငံရေးကိစ္စနှင့်ပြဿနာအသီးသီးတို့ကို ဝေ ဖန်ရေးသား၍ မချိပြုံး၊ မဲ့ပြုံးနှင့်သဲ့သဲ့ပြုံးတို့ကို ပြုံးရသည်မှာ သရော်စာပင်ဖြစ်သည်။ ၉ ပါးသောရသကို ခံစားရရှိစေသော ရသ စာပေအမျိုးအစားဖြစ်ပြီး လူမှုနေ့စဉ်ဘ၀မှကိစ္စအ၀၀ကို အပြုသဘောရေးသားရသည့် စာပေအမျိုးအစားလည်းဖြစ်သည်။ ဟာသစာပေနှင့်လည်း မတူပါ။ သရော်ခြင်းကိစ္စသည် စာပေပုံစံတစ်ခုတည်း ရှိသည်မဟုတ်ဘဲ အခြားသောအနုပညာပုံစံများဖြစ် သည့် သီချင်း၊ ရုပ်ရှင်၊ ပြဇာတ် အစရှိသည့်ပုံစံများဖြင့်လည်း ရှိနေပြန်သည်။ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းကြီးများဖြင့် ဘောင်ခတ်မထားဘဲ ပွင့်လင်းစွာဖွင့်၍ ရေးသားနိုင်သည်မှာ သရော်စာပင်ဖြစ်သည်။ သရော်စာဆိုသည်မှာ ပေါက်ကွဲပွင့်ထွက်တော့မည့် ဘွိုင်လာအိုးမှ လေဘားကို ဖွင့်ပေးခြင်းဖြစ်သည်ဟု ဆရာမောင်သော်က ကဆို ခဲ့သည်။ လက်ခုပ်နှင့်လက်သီးအကြား ပါးပါးကလေးရေးရသည်မှာ သရော်စာဖြစ်သည်ဟု ဆရာမင်းလူကလည်း ဆိုခဲ့ဖူးသည်။ သူရဿဝါ၏ “သည်းခံတော်မူကြပါစ…
ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ
စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက ခွင့်ပြုခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု နက်ခ်ဖလစ်က ပြောခဲ့ပါသည်။ နက်ခ်ဖလစ်သည် အမေရိကန်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး ဗီအိုဒီ(VOD, Video On Demand)စနစ်ဖြင့် ရုပ်သံများကို ထုတ်လွှင့်နေပါသည်။ One Hundred Years of Solitude လုံးချင်း၀တ္ထုကို စပိန်နိုင်ငံ၌ ၁၉၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါ သည်။ ထိုစာအုပ်သည် မားကွက်စ်၏…
ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)စာအုပ်နှင့် စာပေလက်ရာဖြစ်ရခြင်းအကြောင်း
“ကျွန်မဆီမှာ မှတ်တမ်းအနေနဲ့ နောက်ထပ်ရှိနေတာကတော့ ဒေါ်ဒေါ်ချောနဲ့ သူ့သူငယ်ချင်း ကော်လင်းဆိုသူတို့က ဒီစာမူအကြောင်း အပြန်အလှန် ဆွေးနွေးထားတဲ့ စာနှစ်စောင်ပါ။ ကော်လင်းက ကျွန်မရဲ့ စာမူဟာ ခရီးစဉ်မှတ်တမ်းဆိုတာထက် စာပေလက်ရာတစ်ခု ဖြစ်နေတယ်လို့ အဲဒီစာထဲမှာ ဆိုထားပါတယ်”ဆိုသော မသီတာ(စမ်းချောင်း)၏ အမှာစာပါ “စာပေလက်ရာတစ်ခုဖြစ်နေတယ်”စကားရပ်ကြောင့် “ရာမည၊ ဧရာ ၀တီ(၁၉၈၈-၈၉)” စာအုပ်ကို စိတ်ဝင်စားမှု ပိုမိုတိုးပွားရပါသည်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သွားခဲ့ပါသည်။ ထိုခရီးများအနက် မွန်နှင့် ဧရာ၀တီခရီးစဉ်များသည် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို ပြင်းထန်စွာ ကြုံတွေ့ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် စာရေးဆရာမ မသီတာ(စမ်းချောင်း) သည် ပြန်ကြားရေးတာဝန်ဖြင့် ခရီးကို လိုက်ပါခဲ့ရသည်။ ခရီးစဉ်ကို မှတ်တမ်းတင်ခဲ့ရပါသည်။ ထိုမှတ်တမ်းကို ခရီးစဉ်အပြီးတွင် ပြုစုရေးသားနိုင်ခဲ့ သော်လည်း နှစ်ပေါင်း ၃၀ ကြမှသာ…