Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

စံ(Standard)တစ်ခုပဲ ရှိပါတယ်

Posted on August 30, 2019September 3, 2025 by Han Sann

​မြန်မာယူနီကုဒ်နှင့်ပတ်သက်၍ ဆရာမကြီး ဒေါက်တာမြင့်မြင့်သန်း ပြောကြားခဲ့သည်ကို မှတ်တမ်းအနေ ဖြင့်​ ၂၀၁၀ ပြည့်နှစ်ထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ထိုမှတ်တမ်းကို အကိုးအကားအားဖြင့် မှီငြမ်းနိုင်ရန် ဤနေရာတွင် သိမ်းဆည်းဖော်ပြအပ်ပါသည်။

‌ဇော်ဂျီနဲ့ မြန်မာသရီးက စံ(Standard)လုံးဝမတူဘူး။ လုံးဝ ‌ပြောင်းနိုင်မှရမယ်။ ယူနီကုဒ်ကို လိုက်မယ်ဆိုရင်‌တော့ ‌ဇော်ဂျီက လုံးဝယူနီကုဒ် မစစ်တဲ့အတွက် မသုံးရင် ‌ကောင်းတယ်။ သူ(‌ဇော်ဂျီ)က တိုင်းရင်း သားဘာသာစကား‌တွေအတွက် ကျွန်မတို့‌ပေးထားတဲ့ ကုဒ်ကို မသုံးထားဘူး။ ပြီး‌တော့ သူ့ဂုဏ်သတ္တိတစ်ခုက ရရစ်ဆိုလည်း အရင် ဝင်းအင်းဝတို့ စီအီးတို့အတိုင်း ရရစ်မျိုးစုံရှိ‌နေတယ်။ ဒါ‌ကြောင့် သူက လွယ်‌နေ တာလို့ ထင်ရတာ‌ပေါ့။

ကြုံတုန်း‌လေး သတင်း‌ပေးချင်တာက ကွန်ပျူတာထဲမှာရှိတဲ့ control panel ထဲက Regional Setting က အလကားပေး ထားတာ မဟုတ်ပါဘူး။ ကျွန်မတို့ ယူနီကုဒ်သုံးတဲ့အခါမှာ ဘယ် Scripts ကို On ထားသလဲ။ သုံးတယ်ဆိုတာ လူတိုင်းတော့ သုံးတယ်‌လေ။ အဲဒီအသိကို ကျွန်မက ‌ပေးချင်တာ။ တကယ်‌တော့ မြန်မာအပါအဝင် ထိုင်းတို့ ဘာတို့ဟာ Complex Scripts ဖြစ်တာ‌ကြောင့် မြန်မာယူနီကုဒ်ကို သုံးချင်တယ်ဆိုရင် Thai Scripts ကို On ‌ပေးရပါတယ်။ အဲဒါကို On မထားလို့ရှိရင် ကျွန်မတို့ Complex Scripts ဘယ်လို နည်းနဲ့မှ ‌ပေါ်စရာအ‌ကြောင်းမရှိဘူး။ သူကလည်း သုံး‌စေချင်လို့ ထည့်‌ပေးထားတယ်။ ဒါ‌ကြောင့် ကျွန်မက တရားသ‌ဘောနဲ့ ရှုလိုက်တယ်။ လူ‌တွေဟာ တရားမမျှတလိုက်တာ။ ဘာ‌ကြောင့် လဲဆို တရုတ်တို့၊ ဂျပန်တို့၊ ကိုးရီးယားတို့ သုံး‌စေချင်တယ်ဆိုရင် သူတို့က Regional Setting ထဲမှာ တရုတ်လည်း On လိုက်တယ်။ ကိုးရီးယား လည်း On လိုက်တယ်။ သူတို့ရဲ့ Display ‌လေး‌တွေဟာ မှန်တယ်။ မြန်မာအတွက်ကျ‌တော့ ဘာမှမ On ပဲ၊ ဘာမှမထွက်တဲ့ အခါကျ‌တော့ Font အသုံးမကျဘူး ‌ပြောကြတယ်။ တရားမျှတမှု‌လေးရှိ‌အောင် မြန်မာယူနီကုဒ်ကို သုံးမယ်ဆိုရင် Thai ဆိုတာကို Regional Setting ထဲမှာ On ‌ပေးပါ။ ဒါအဓိကအချက်ပဲ။ အဲဒါ On ထားလို့ရှိရင် ယူနီကုဒ်နဲ့ ဝက်ဘ်‌ပေါ်တင်လိုက်ရင် ကြည့်တဲ့သူက မြင်မှာပဲ။ Regional Setting ချင်ကို မတူတဲ့အတွက်‌ကြောင့် US Setting ‌တွေဘာ‌တွေ လုံးဝမကိုက်ဘူး။ အဲ‌တော့ Font ကိုလည်း အသုံးပြုတဲ့နေရာမှာ ဥပမာ- Power Point မှာပဲဖြစ်ဖြစ်၊ Word  မှာပဲဖြစ်ဖြစ် Regional Setting ကို Thai လို့ On လိုက်တာနဲ့ Font ဆိုတဲ့ Box ‌လေးကို ‌ခေါ်လိုက်ရင်၊ Format ‌အောက်က Font ‌ခေါ်လိုက်တာနဲ့ သူက Latin Text Font ‌ရော၊ Complex Script  ‌ရော ဆိုတာ‌ပေါ်လာလိမ့်မယ်။ Font အတွက်ကိုက နှစ်‌နေရာရှိတယ်။ အဲဒီ‌တော့ ကျွန်မတို့က Font ကို‌ရွေးမယ်။ အဲဒီနှစ်‌နေရာလုံးကို Myanmar 3 လို့‌ ရွေးသုံးပါ။ ပြဿနာအနည်းဆုံး ဖြစ်ပါလိမ့်မယ်။ ‌ဇော်ဂျီ ကျ‌တော့ ဘာမှမလိုဘူး‌ပေါ့။ ဘာ‌ကြောင့်လည်းဆို သူက Arial Unicode ကို Hack ထားတာကိုး။ System Code ကြီးကို Hack ထားတဲ့‌နောက်‌တော့၊ အဲဒီက ကုဒ်‌တွေ‌ပေါ်သွားလုပ်ထားတဲ့ ‌နောက်‌တော့။ System Font က ဖွင့်လိုက်တာနဲ့ ဒါပဲတက်‌တော့ ‌ဇော်ဂျီ On ထားရင် ကျွန်မတို့ ယူနီကုဒ်မှာ ပြဿနာလာရှိပါ တယ်။

စံ (Standard) တစ်ခုပဲ ရှိပါတယ်။ အဲဒီစံအတိုင်းကို လိုက်ရပါတယ်။ စံကို မလိုက်ပဲနဲ့ ယူနီကုဒ်ပါလို့ ‌အော်‌နေရင်‌တော့ ကျွန်မတို့လည်း မတတ်နိုင်ဘူး။ ယူနီကုဒ်ကို ကျွန်မတို့က ‌ပြောမှမဟုတ်ဘူး။ အမိန့်‌ကြော်ငြာစာထုတ်မှမဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်းလည်း စမ်းစစ်ပြီး သိနိုင်‌အောင်လို့ ယူနီကုဒ်အ‌ကြောင်းကို ‌ပြောရတယ်။ Code Point ‌တွေ မှန်ရမယ်။ Encoding Sequence ဆိုတဲ့အတိုင်း လိုက်နာရမယ်ဆိုတဲ့ အချက်ကိုပဲ လိုက်, လိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်က ဘယ် Font သည် ယူနီကုဒ် ဖြစ်ပါတယ်။ ဘယ် Font သည် ယူနီကုဒ်မဖြစ်ဘူးဆိုတဲ့ ဆုံးဖြတ်နိုင်တဲ့အဆင့်ဖြစ်‌စေချင်လို့ ကျွန်မတို့ကလည်း ယူနီကုဒ်အ‌ကြောင်းကို ‌ပြောတာပါ။ အစိုးရက တရားဝင် စာထုတ်မှ၊ ဥပ‌ဒေထုတ်မှ မဟုတ်ပဲ၊ အသုံးပြုတဲ့ လူ‌တွေဘက်က‌နေလည်း အခုနက‌ပြောတဲ့ အချက်‌လေး‌တွေကို စစ်‌ဆေးပြီးမှ သုံးပါလို့မှာ လိုက်ချင်ပါတယ်။ ကျွန်မတို့က မားကတ်တင်းကို မဆင်းနိုင်‌သေးဘဲ စံ (Standard) ကို ဦးတည်သွား‌နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်‌ကြောင့်၊ နည်းနည်း‌တော့ ဆက်ဆံ‌ရေးညံ့တဲ့အတွက် ခွင့်လွွှတ်‌ပေးပါ။

ဟန်ဇော်

Category: Tech

Post navigation

← ၀ဿန်ချိန်ခါ
သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme