စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းသည် စာရေးဆရာဟန်ဇော် ရေးသားပြုစုသော ကွန်ပျူတာနှင့်အင်တာနက်အကြောင်း အခြေခံအကြောင်းအရာများဖြစ်ပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အသုံးပြုသူများ သိရှိနားလည်ထားသင့်သော အိုင်စီတီဆိုင်ရာအခြေခံအကြောင်းအရာများကို ဝေါဟာရများမှ တစ်ဆင့်ချဉ်းကပ်လေ့လာတင်ပြ ထားပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အကြောင်းကို အခြေခံအဆင့် လေ့လာလိုသူများအတွက် ရည်ရွယ်၍ ရေးသားထား သောစာအုပ်ဖြစ်ပြီး စာအုပ်တွင် ဖော်ပြထားသော ဝေါဟာရများသည် အိုင်စီတီ(ကွန်ပျူတာနှင့်အင်တာနက်)အသုံးပြုသူတိုင်း အခြေခံအားဖြင့် သိရှိထားသင့်သော အခြေခံဝေါဟာရများဖြစ်ပါသည်။ ဝေါဟာရတစ်ခုစီတိုင်းကို လွယ်လင့်တကူရှာဖွေနိုင်ရန် ဝေါဟာရတစ်လုံးစီအတွက် မာတိကာတွင် စာမျက်နှာနံပါတ်ဖြင့် ချိတ်ဆက်ဖော်ပြထားပါသည်။ စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းစာအုပ်တွင် ဖော်ပြထားသည့် အိုင်စီတီဝေါဟာရ များအတွက် ဘာသာပြန်ဆိုထားခြင်းသည် စာရေးသူတစ်ဦးတည်း၏သဘောဖြင့် ပြန်ဆိုသုံးစွဲထားခြင်းဖြစ်ပါသည်။ ဝေါဟာရ များကို ဘာသာပြန်ဆိုရန်ရည်ရွယ်ချက်ထက် လူမှုဘဝတွင် လူသားတိုင်းနေ့စဉ်သုံးစွဲနေရသော ကွန်ပျူတာနှင့်အင်တာနက် ဆိုင်ရာအကြောင်းအရာများကို ဝေါဟာရအခြေပြု၍ လွယ်လင့်တကူကောက်ယူသုံးစွဲနိုင်ရန်ဖြစ်ပါသည်။ အိုင်စီတီအသုံးပြုသူ များ မဖြစ်မနေသိသင့်သည့် ဝေါဟာရများ ဖြစ်ပါသည်။ ထို့ကြောင့် ကွန်ပျူတာတစ်လုံးအနေဖြင့်…
Tag: Books | စာအုပ်များ
လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်(စာအုပ်)
လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် စာအုပ်သည် စာရေးဆရာ ဟန်ဆန်း၏ စာပေလက်ရာကိုးပုဒ်ကို စုစည်းထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ၁။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် ၂။ ထွေသူ၏ မှတ်စု ၃။ ကိုယ့်ပုံတူ ၄။ နိုင်ငံတော်သမ္မတဖတ်စာ ၅။ မွေးရပ်မြေ ၆။ ငယ်ဘဝ ငယ်အိပ်မက် ငယ်အတွေး ၇။ ကွန့်မြူးတတ်သော အစားထိုးလောကတွင် သူတို့ အိပ်မက်များ မက်နေပါစေ ၈။ အသိဉာဏ်ရှိသော လက်ကိုင်ဖုန်းတစ်လုံး ၉။ မင်းလူ ညနေခင်းများဟု အမည်ရသည့် စာပေလက်ရာကိုးပုဒ်ပါဝင်ပြီး စာရေးသူ ဟန်ဆန်း၏ ပင်ကိုယ်ရေးစာပေလက်ရာများစုစည်းမှု စာအုပ်ဖြစ်ပါသည်။ စာအုပ်နှင့်ပတ်သက်သော အမှာစာကို ကဗျာဆရာ ဇေယျာလင်း၊ အယ်ဒီတာ မျိုးမြင့်ညိမ်းနှင့် စာရေးဆရာ ဟန်ဆန်းတို့က ရေးသားထားပါသည်။ ထိုစာအုပ်နှင့်ပတ်သက်၍…