ဤဇာတ်လမ်းသည် ရယ်ရမည့်ဇာတ်လမ်း မဟုတ်။ ဘာမှန်းမသိသော ဇာတ်လမ်းဖြစ်မည်။ မဖတ်လိုက ကျော်နိုင်သည်။
Tag: ၀တ္ထုတို
အသိဉာဏ်ရှိသော လက်ကိုင်ဖုန်းတစ်လုံး
ထိုတယ်လီဖုန်းသည် ကောင်းကျိုးပြုသကဲ့သို့ ဆိုးကျိုးကိုလည်းပြု၏။ စိတ်အား ဒုက္ခပေးသကဲ့သို့ စိတ်၏ ချမ်းသာခြင်းကို လည်း ပေးသည်။ ထို့ကြောင့် ကိုယ်သည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။
ဂန္ထဝင် စကားလုံးကောင်းကင် မောင်ရင်ညို
နေက လိုတာထက် ပိုပြီး ပူနေတယ်။ သွားလာ လှုပ်ရှားနေသူတွေကတော့ ချွေးအလိမ့်လိမ့်ကျ လောက်အောင်ပဲ။ ကျွန်တော်တို့ မင်းသား မောင်ရင်ညိုတစ်ယောက်ကတော့ မှိုင်တွေ ငေးမောနေတယ်