“Creative Platform Series”အမည်ဖြင့် အနုပညာဆိုင်ရာဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်(ရန်ကုန်)နှင့် MYAN/ART တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ပမှအနုပညာဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးစေပြီး မြန်မာနိုင်ငံမှ အောင်မြတ်ဌေးက ကြားခံဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်ကို တွေ့ရသည်။ ပထမအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #1 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံမှ မက်(ဗ်) အက်စပီနာက လာရောက်ဆွေးနွေးခဲ့သည်။ “ဘယ်တော့မှ မမှည့်၊ ဘယ်တော့မှ မပုတ်” (၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်) မက်(ဗ်)အက်စပီနာသည် ဖိလစ်ပိုင်အနုပညာသည်အချို့က ဖွင့်လှစ်ထားသော Green…
Tag: အောင်မြတ်ဌေ
အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ
‘‘အပိုင်းအစများ’’ဟုအမည်ရသော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် အောင်မြတ်ဋ္ဌေး၏ တစ်ကိုယ်တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်းဖြောင့်တစ်ကြောင်းနှင့်မျဉ်းကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်ကြောင်း အောင်မြတ်ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအခြေခံဖြစ်ခြင်းတို့ အပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အခြေခံကျသောသဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်လျှောညီထွေနေထိုင်ရင်း အလွယ်တကူထိတွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်ပေးစဉ်းစားနေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် လောကသဘာဝမှ တစ်စုံတစ်ရာကို…
မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ အခမဲ့ဖြန့်ချိ
မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ ဖြန့်ချိခြင်း အခမ်း အနားကို စက်တင်ဘာ ၂၈ ရက်၊ ညနေက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ကျင်းပခဲ့သည်။ ယင်းဒီဗွီဒီကို အခမဲ့ဖြန့်ချိခြင်းလည်း ဖြစ်သည်။