Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Tag: ရုပ်ရှင်

၀ဿန်ချိန်ခါ

Posted on July 8, 2019September 3, 2025 by Han Sann

၀ဿန်ရုပ်ရှင်ပွဲတော်၏ အချိန်အခါမှာ စက်တင်ဘာလ ဖြစ်ပါသည်။ နှစ်တစ်နှစ်၏ စက်တင်ဘာရက်စွဲအချို့သည် ၀ဿန်ချိန်ခါ အတွက် ဖြစ်ခဲ့ သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာသမားများအတွက် ၀ဿန်ရုပ်ရှင်ပွဲတော် ရုန်းခဲ့ကန်ခဲ့ရသည်မှာ ပွဲတော်စတင်ချိန်ကနေ ယနေ့အထိပဲဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားသည့် အခက်အခဲပြဿနာများအကြားမှာ ၀ဿန်သည် ရွာသွန်းမြဲ ရွာသွန်းနေခဲ့သည်။ နှစ်စဉ်ရွာသွန်းခဲ့သော သို့တည်းမဟုတ် ၀ဿန်ချိန်ခါတွင် ပွင့်လန်းရှင်သန်ခဲ့သော ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနှင့်ရုပ်ရှင်ဖန်တီးသူများစွာလည်း ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။ ရုပ်ရှင်ချစ်သူများ စုဝေးရာ၊ ရုပ်ရှင်ပန်းများ ပွင့်လန်းရာနှင့် ရုပ်ရှင်ဝတ်မှုန်များ အပြန်အလှန် ဝတ်မှုန်ကူးကြသည့် ရုပ်ရှင်အနုပညာရပ်ဝန်းတစ်ခုအဖြစ်လည်း ခိုင်မာလာခဲ့ပါပြီ။ ရုပ်ရှင်အနုပညာသည်တစ်ဦးအဖြစ် အသက်မွေးလိုသူများအတွက် ၀ဿန်သည် ရုပ်ရှင်အနုပညာရပ်ဝန်းသို့ ဝင်ရောက်ရာ ဂိတ်တံခါးတစ်ခုလည်းဖြစ်ခဲ့ပါပြီ။ ထို့ကြောင့် ၀ဿန်ရုပ်ရှင်ပွဲတော်၏ ထူးခြားသော အပြောင်းအလဲများ၊ အားသာချက်များနှင့်အားနည်းချက်များကို ရှစ်ကြိမ်မြောက်ပွဲတော်တွင် ရှာဖွေလေ့လာသုံးသပ်ခဲ့ပါသည်။ ဖွင့်ပွဲတွင် ပြသခဲ့သော ဇာတ်ကားများ…

Read more

“ဂီလာ”ရုပ်ရှင်ဇာတ်ကားနှင့်တိုင်းရင်းသားရုပ်ရှင်ကဏ္ဍ

Posted on January 7, 2019September 3, 2025 by Han Sann

တိုင်းရင်းသားများထဲမှ မျိုးနွယ်စုတစ်ခုဖြစ်သည့် ရဝမ်တိုင်းရင်းသားလူမျိုးစုအကြောင်းကို အခြေပြုရိုက် ကူးတင်ပြထားသည် “ဂီလာ”ဆိုသော ရုပ်ရှင်ကားကြီးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်၌ ရွှေတောင်ကြားလမ်းရှိ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာတွင်ပြသခဲ့၍ ကြည့်လိုက်ရပါသည်။ ထိုဇာတ်ကားသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးတို့၌သာ ရုံတင်ပြသခွင့်ရထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသခွင့်မရသေးပါ။ “ဂီလာ”ရုပ်ရုပ်ဇာတ်ကားကြီးသည် ရဝမ်သရုပ်ဆောင်၊ ရဝမ်ဒါရိုက်တာတို့က ရဝမ်မျိုးနွယ်စုအကြောင်းကို အခြေပြု၍ ရိုက်ကူးထားသော အက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ မြန်မာရုပ်ရှင်ဇာတ်ကားများထဲတွင်မှ ထူးခြားသောရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါသည်။ “ဂီလာ”ရုပ်ရှင်ဇာတ်ကားတွင် ပထမဦးစွာ သတိထားမိသည့် ထူးခြားမှုမှာ ရဝမ်တိုင်းရင်းသားလူမျိုးစုများ၏ ၁၈ ရာစုနှစ်မှ လူမှုဘ၀နေထိုင်မှု များနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရဝမ်လူမျိုးစုများသည် ယနေ့ကာလတွင် ယနေ့ ခေတ်ကာလအတိုင်း ဝတ်စားဆင်ယဉ်နေထိုင်နေကြ၍ လူမျိုးစု၏ ထူးခြားမှုဝိသေသကို ပြသရန်ခက်ခဲသောကြောင့် ရဝမ်ရိုးရာနှင့်နီးကပ်မှုရရှိစေ ရန် ၁၈ ရာစုနှစ်များဆီသို့ နောက်ဆုတ်၍ ဇာတ်လမ်းဆင်ရိုက်ကူးခဲ့သည်ဟု…

Read more

နှင်မထုတ်ခဲ့ပေမဲ့

Posted on November 12, 2018September 3, 2025 by Han Sann

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျမအမျိုးသားအခန်းကို လမ်းထဲမှ အိမ်နီးနားခြင်းတစ်ဦးသည် တံခါးလာခေါက်၍ ပရိတ်ရေဗူး လာပေးသည်။ “နှစ်သစ်ကူးမှာ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ပရိတ်ရေဖြန်းပက်လိုက်ပါ။ မကောင်းဆိုးဝါးတွေ ဘေးကနေ ကင်းသွားလိမ့်မယ်” ဟု အိမ်နီးနားခြင်း အမျိုးသားက ကျမအမျိုးသားကို ပြောခဲ့သည်။ ကျမတို့ လမ်းထဲက ကလေးတွေကလည်း မကောင်းဆိုးဝါး များကို နှင်ထုတ်ရန်နှင့်မကောင်းဆိုးဝါးများ ထိတ်လန့်ကြောက်ရွံစေရန် ဆူညံသံများပေးပြီး တောထုတ်မောင်းထုတ်ခဲ့ကြသည်။ ကျမ အမျိုးသားကို ပရိတ်ရေဗူးဝေမျှခဲ့သည့် မိတ်ဆွေကလည်း “မကောင်းဆိုးဝါးတွေ ထွက်။ မကောင်းဆိုးဝါးတွေ ထွက်”ဟု နှုတ်မှ တတွတ်တွတ်ရေရွတ်၍ လှေကားထစ်များမှတဆင့် အပေါ်ထပ်များဆီသို့ လှမ်းတက်သွားသည်။ × × × × × × ကျမအမျိုးသားက ပရိတ်ရေဗူးကို တွေတွေကြီး ကြည့်နေသည်။ ပရိတ်ရေဗူးကို သူဘယ်လိုများ လုပ်လေမလဲဟု ကျမငေးကြည့် နေမိသည်။…

Read more

ရုပ်ရှင်၊ ဂီတ၊ စာပေ၊ လူမှုကွန်ရက်များမှ အမုန်းပွားစေသော စကားများကို လေ့လာအစီရင်ခံ(၂၀၁၅)

Posted on January 15, 2016September 3, 2025 by Han Zaw

အမုန်းပွား‌စေ‌သော စကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအား ‌လေ့လာခြင်း)အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် ပဲန်မြန်မာက ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း မီဒီယာအသီးသီးတွင် ‌ဖော်ပြ‌ရေး သားခဲ့သည့် အမုန်းစကားများကို ပဲန်မြန်မာက ‌စောင့်ကြည့်‌လေ့ လာခဲ့‌ကြောင်းနှင့် ‌စောင့်ကြည့်‌လေ့လာ‌သော မီဒီယာများမှာ ရုပ်သံမီဒီယာ(ရုပ်ရှင်နှင့်သီချင်းများ)၊ လူမှုကွန်ရက်မီဒီယာ( ‌ဖေ့ဘွတ်ခ်)နှင့် ပုံနှိပ်မီဒီယာ(သတင်းစာ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများ) ဖြစ်‌ကြောင်း အစီရင် ခံစာမှ သိရသည်။ မီဒီယာအသီးသီးတွင် ထုတ်‌ဖော်‌ရေးသားလွှင့်တင်ကြသည့် အမုန်းစကားများကို ‌လေ့လာရာတွင် ၁။ နိုင်ငံ‌ရေးယုံကြည်ချက်အ‌ပေါ်တွင်အ‌ခြေပြု‌သော အမုန်းစကား ၂။ လူမျိုး‌ရေးကိုအ‌ခြေပြုသော အမုန်းစကား ၃။ ဘာသာ‌ရေးကိုအ‌ခြေပြု‌သော အမုန်းစကားနှင့် ၄။ ကျားမ‌ရေးရာအ‌ပေါ်တွင်အ‌ခြေပြု‌သော အမုန်းစကားများ ဟူ၍‌ တွေ့ရှိရ‌ကြောင်း အစီရင်ခံစာမှ သိရသည်။ လူမှုကွန်ရက်မီဒီယာ‌ပေါ်မှ အမုန်းစကားများကို‌…

Read more

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2026 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme