Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Tag: စာပေ

အမှာစာ၊ အမှာစာဆိုနှင့် သူ၏ နေရာ၊ သူ၏ တန်ဖိုး

Posted on December 20, 2018September 3, 2025 by Han Sann

စာတစ်အုပ်၏ အိမ်ဦးခန်းတွင် ‌နေရာယူ‌လေ့ရှိသည့် အမှာစာတစ်ပုဒ်ကိုဖတ်ရန် လိုအပ်၊ မလိုအပ်သိလို‌သော အလယ်တန်း‌ကျောင်းသားငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို ‌မေးခွန်းထုတ် ‌မေးမြန်းခဲ့ဖူးသည်။ အမှာစာကို ဖတ်လိုက ဖတ်နိုင်ပြီး မဖတ်လိုက ‌ကျော်သွားနိုင်သည်ဟု ဖခင်ဖြစ်သူက သားဖြစ်သူကို အ‌ဖြေ‌ပေးခဲ့သည်။ စာအုပ်နှင့်ပတ်သက်၍၊ စာ‌ရေးသူနှင့်ပတ်သက်၍၊ စာ‌ရေးဆရာ‌ရေးသားသည့် အ‌ကြောင်းအရာနှင့်ပတ်သက်၍ စာဖတ်သူကို မိတ်ဆက်‌ပေးသည့် စာသည် အမှာစာ မည်သည်။ စာတစ်အုပ်လုံးကို ဖတ်ပြီးကာမှ အမှာစာကို ပြန်လည်ဖတ်ပြီး အမှာစာနှင့်စာဖတ်သူ၏ သ‌ဘောထားကိုက်ညီသည်၊ မကိုက်ညီသည် ကို အကဲဖြတ်စစ်‌ဆေးနိုင်သည်။ စာတစ်အုပ်လုံး၏ ဆိုလိုရင်းနှင့် အသစ်တဖန် သိယူခံစားလို‌သော အ‌ကြောင်းအရင်း အ‌ကောင်းအဆိုးကို ထပ်မံစူးစမ်း နိုင်‌ကောင်းသည်ဟု ဖခင်ဖြစ်သူက အမှာစာနှင့်ပတ်သက်၍ သားဖြစ်သူကို ဖွင့်ဆိုရှင်းပြခဲ့သည်။ (က) မြန်မာစာ‌ပေ‌လောကရှိ စာအုပ်အများစုတွင် အမှာစာတစ်ပုဒ် ပါဝင်တတ်သည်။ စာအုပ်တစ်အုပ်ထုတ်‌ဝေရန် ပြင်ဆင်ကြချိန်တွင်…

Read more

လူရှစ်ယောက် ဇာတ်လမ်းရှစ်ပုဒ်

Posted on October 5, 2018September 3, 2025 by Han Sann

လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဖြစ်တည်ခဲ့သော လူသားရှစ်ဦး၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာရေးဆရာ ဝင်းဇော်လတ်က တူးဆွဖော်ထုတ်တင်ပြထားသော စာအုပ်ဖြစ်သည်။ စိတ်ကူးဉာဏ်ကွန့်မြူး၍ ဖန်တီးလိုက်သော အဆန်းသစ်ဆုံးဆို သည့်ဇာတ်လမ်းများသည်ပင် လိုက်မီရန်ခက်ခဲသော လူရှစ်ယောက်၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ဘ၀ဖြစ်စဉ်များဖြစ်နေလေသည်။ “လူတွေ စိတ်အဝင်စားဆုံးမှာ လူတွေအကြောင်းသာ ဖြစ်ပါသည်။ စိတ်ကူးကွန့်မြူး၍ အနုပညာမြောက်ဖန်တီးသော ၀တ္ထုတွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်ဇာတ် လမ်းတွေက စိတ်ဝင်စားစရာပါပေ။ သို့သော် တစ်ခါတစ်ရံ လက်တွေ့ ဘ၀သည် စိတ်ကူးထက်ပင် ဆန်းကြယ်နေပေသေးသည်။ ဘ၀၏ ဆန်း ကြယ်မှုကို စိတ်ကူးတို့ လိုက်မမီပါချေ” ဟု စာအုပ်၏အမှာစာတွင် စာရေးဆရာ ဝင်းဇော်လတ်က ဖွင့်ဆိုရေးသားထားသည်။ ဦးထွန်းလွင်၊ ဦးအုန်း၊ မသွဲ့သွဲ့ဝင်း၊ ဒေါ်မာမာအေး၊ ဦးခင် မောင်ရင်၊ ဒဂုန်တာရာ၊ ဟံသာ၀တီ ဦးဝင်းတင်နှင့်ကိုစောလင်းအောင်တို့၏ ဇာတ်လမ်းရှစ်ပုဒ်ကို…

Read more

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်(စာအုပ်)

Posted on September 25, 2018September 3, 2025 by Han Sann

Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics, 1973 စာအုပ်ကို ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’အမည်ဖြင့် ဘာသာပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ‘‘နှစ်ကာလများ’’စာအုပ်တိုက်က ၂ဝ၁၅ ခုနှစ် မေလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေခဲ့သည်။ မူရင်းစာအုပ်ကို ထုတ်ဝေသည့်နှစ် ၁၉၇၃ ခုနှစ်မှစတင်၍ ရေတွက်လျှင် မြန်မာဘာသာသို့ နှစ်ပေါင်း ၄ဝ ကျော်ကြာမှာသာ ဘာသာပြန်ဆိုနိုင် ခဲ့သည်။ နှစ် ၄ဝ ခန့်နောက်ကျသည့် သဘောဖြစ်သည်။ သို့သော်လည်း စာပေရေးဟန်ပညာရပ်နှင့်ပတ်သက်၍ အားကိုးအားထားပြုလောက်သည့် စာအုပ်စာတမ်းရှားပါးသော မြန်မာနိုင်ငံအတွက် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍ ‘‘အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော…

Read more

ကချင်ဘာသာစကားနှင့်စာပေ

Posted on February 11, 2016September 3, 2025 by Han Sann

ကချင်စကားအတွက် စာကို ၁၈၉၅ ခုနှစ်တွင် ခရစ်ယာန်သာသနာပြုများက လစ်တင်စာလုံးကို အခြေခံ၍ တီထွင်ပေးခဲ့သည်။ ၁၈၉၅ ခုနှစ် မေလ ၅ ရက်တွင် စတင်အသုံးပြုခဲ့သည်။

Read more

ရုပ်ရှင်၊ ဂီတ၊ စာပေ၊ လူမှုကွန်ရက်များမှ အမုန်းပွားစေသော စကားများကို လေ့လာအစီရင်ခံ(၂၀၁၅)

Posted on January 15, 2016September 3, 2025 by Han Zaw

အမုန်းပွား‌စေ‌သော စကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအား ‌လေ့လာခြင်း)အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် ပဲန်မြန်မာက ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း မီဒီယာအသီးသီးတွင် ‌ဖော်ပြ‌ရေး သားခဲ့သည့် အမုန်းစကားများကို ပဲန်မြန်မာက ‌စောင့်ကြည့်‌လေ့ လာခဲ့‌ကြောင်းနှင့် ‌စောင့်ကြည့်‌လေ့လာ‌သော မီဒီယာများမှာ ရုပ်သံမီဒီယာ(ရုပ်ရှင်နှင့်သီချင်းများ)၊ လူမှုကွန်ရက်မီဒီယာ( ‌ဖေ့ဘွတ်ခ်)နှင့် ပုံနှိပ်မီဒီယာ(သတင်းစာ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများ) ဖြစ်‌ကြောင်း အစီရင် ခံစာမှ သိရသည်။ မီဒီယာအသီးသီးတွင် ထုတ်‌ဖော်‌ရေးသားလွှင့်တင်ကြသည့် အမုန်းစကားများကို ‌လေ့လာရာတွင် ၁။ နိုင်ငံ‌ရေးယုံကြည်ချက်အ‌ပေါ်တွင်အ‌ခြေပြု‌သော အမုန်းစကား ၂။ လူမျိုး‌ရေးကိုအ‌ခြေပြုသော အမုန်းစကား ၃။ ဘာသာ‌ရေးကိုအ‌ခြေပြု‌သော အမုန်းစကားနှင့် ၄။ ကျားမ‌ရေးရာအ‌ပေါ်တွင်အ‌ခြေပြု‌သော အမုန်းစကားများ ဟူ၍‌ တွေ့ရှိရ‌ကြောင်း အစီရင်ခံစာမှ သိရသည်။ လူမှုကွန်ရက်မီဒီယာ‌ပေါ်မှ အမုန်းစကားများကို‌…

Read more
  • 1
  • 2
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2026 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme