‘ဝီကီက ဘယ်လို အကျိုးရှိသလဲ’’ဆိုသည့် မေးခွန်းကို စာရေးသူ အမေးခံရသည်။ မေးသူမှာ ညီအစ်ကိုကဲ့သို့ ရင်းနှီးနေသူဖြစ်၍ ‘‘ပိုက်ဆံကုန်တယ်ကွာ’’ ဟု ရိသဲ့သဲ့ ပြန်ဖြေလိုက်မိသည်။
Tech
အန်ဆိုက်ကလိုပီးဒီးယား
အင်တာပီးဒီးယား၊ နုပီးဒီးယားနှင့်ဝီကီပီးဒီးယားအကြောင်းတို့ကို စာရေးသူအနေဖြင့် တင်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်လတွင် အွန်လိုင်းစွယ်စုံကျမ်းများ၏ မူလပုံစံထဲမှ ခွဲထွက်လာသည့် စွယ်စုံကျမ်းမဟုတ်သော စွယ်စုံကျမ်းတစ်ခုအကြောင်းကို တင်ပြလိုသည်။
အင်တာပီးဒီးယား၊ နုပီးဒီးယားမှ ဝီကီပီးဒီးယား
အင်တာပီးဒီးယား၊ နုပီးဒီးယားတို့မှ ရရှိလာသည့် အတွေ့အကြုံများသည် ဂျင်မီဝေးလ်နှင့်လာရီးဆန်းဂါးတို့အတွက် သက်လုံကောင်းစေခဲ့ဟန်ရှိသည်။
ဒီဂျစ်တယ်စာကြည့်တိုက်
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း မြန်မာမင်းများလက်ထက်၌ စာကြည့်တိုက်များထွန်းကားခဲ့သည်ဟုဆိုသည်။ ပုဂံခေတ်တွင် အနော်ရထာစာကြည့်တိုက်ဟုခေါ်သော ဘုံငါးဆင့်ရှိ ပိဋကတ်အုတ်တိုက်ရှိခဲ့သည်။ အဆိုပါ ပိဋကတ်တိုက်များကို စာကြည့်တိုက်များဟု ဆိုနိုင်ပါမည်။
လူမှုဆက်သွယ်ရေးမီဒီယာပေါ်က အိုဘားမား
သမ္မတဘဝက အနားယူခဲ့လျှင် ကျောင်းဆရာဘဝကို ပြန်သွားမည်ဟု ပြောဆိုခဲ့သော အမေရိကန်သမ္မတအိုဘားမားသည် ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရပြန်သည်။ ထို့ကြောင့်သူသည် ကျောင်းဆရာဘဝကို ပြန်လည်ရောက်ရှိဦးမည် မဟုတ်ပေ။