၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော ဘားကမ့်ရန်ကုန် ၂၀၁၀ အကြောင်း နည်းပညာဆိုင်ရာ အင်တာဗျူးဆောင်းပါးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ဘားကမ့်၏ မှတ်တမ်းအစိတ်အပိုင်းတစ်ခုအဖြစ် ရည်ရွယ်၍ အကိုးအကားပြုနိုင်ရန် လွှင့်တင်ပါသည်။
Author: Han Zaw
လူသားအနာဂတ်အတွက် ဝတ်ဆင်နိုင်သောကွန်ပျူတာ
ဝတ်ဆင်နိုင်သော ကွန်ပျူတာများကို အသုံးပြုနိုင်ရန် ၁၆ ရာ စုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြသည်။ လည်ပင်တွင် ဝတ်ဆင်၍ အသုံးပြုနိုင်သော တရုတ်ပေသီးများသည် ဝတ်ဆင်နိုင်သော ကွန်ပျူတာများ၏အစဦးပိုင်းဟု ဆိုကြသည်။ ကွန်ပျူတာသည် တွက်ချက်ရေးစက်ပစ္စည်းအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။
ဂူဂဲလ်မျက်မှန်
အခန်းတစ်ခန်းမျှ ပဏာမရှိသည့် ကွန်ပျူတာများသည် စားပွဲပေါ်ကို တင်နိုင်လောက်သည့် အရွယ်အစားအထိ သေးငယ်လာ ခဲ့သည်။ စားပွဲတင်နိုင်သည့် ကွန်ပျူတာများသည် ပေါင်ပေါ်တင်နိုင်သည့် ပဏာမအထိသေးငယ်ခဲ့ပြန်သည်။
ဝိုင်ဖိုင်အလွန်အနာဂတ်သည် လိုင်ဖိုင်ဖြစ်မည်
လိုင်ဖိုင်ဆိုသည်မှာ နည်းပညာဆိုင်ရာစကားလုံးတစ်လုံးဖြစ်ပြီး အီလက်ထရောနစ်ကိရိယတစ်ခုမှတစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် အချက် အလက်များကို ပေးပို့နိုင်သောစနစ်တစ်ခုဖြစ်သည်။ အင်တာနက်ကွန်ရက်ကိုလည်း လိုင်ဖိုင်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ လိုင်ဖိုင်စနစ်သည် အလင်းကို အခြေခံ၍ အချက်အလက်များကို ထုတ်လွွှတ်ခြင်းနှင့်လက်ခံခြင်းတို့ကို ပြုလုပ်သည်။
လက်ကိုင်ဖုန်း၊ မြန်မာ့ဟန်ဖြေလျှော့မှုနှင့်ပြားသောကမ္ဘာ
‘‘တက္ကနိုလိုဂျီက ညှိပေးလိုက်လို့ ကမ္ဘာကြီးက မြေညီကွင်းဖြစ်သွားပြီဗျ။ ဂလိုဘယ်ပြိုင်ပွဲမှာ ဝင်ဆင်နွွှဲဖို့ ရေကြည်ရာမြက်နုရာရှာဖို့ မလိုတော့ဘူး။ ကျွန်တော် တို့ဆီကနေ ခင်ဗျာတို့ကို ကောင်းကောင်းယှဉ်လို့ ရနေပြီ။’’