ခေတ်စမ်းစာပေသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားအချို့၏ အရေးအသားပုံသဏ္ဍာန် အသစ်တစ်ခုမှ ထိုဝေါဟာရထွက်ပေါ်လာခြင်းဖြစ်သည်။
စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲ
စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက်၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ မူပိုင်ခွင့်ဥပဒေနှင့်ဆက်စပ်စာချုပ် များအကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းဝန်ဆောင်မှုအကြောင်း၊ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း သည့်အကြောင်း၊ Royal Shop Online အကြောင်းမိတ်ဆက်ခြင်းနှင့် ရန်ကုန်-မန္တလေး-နေပြည်တော်တို့တွင် ဖွင့်လှစ်မည့်စာအုပ် ဆိုင်များအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် မူပိုင်ခွင့်ဥပဒေနှင့်ပတ်သက်၍ ဦးမင်းတေဇညွန့်တင်(MN Associates)က ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေသည် ၁၉၁၄ ခုနှစ်ဥပဒေသာရှိပြီး ခေတ်ကာလနှင့်ကိုက်ညီမှုမရှိတော့ကြောင်း၊ မူပိုင်ခွင့်တွင် မူရင်းတီထွင်သူ (Author)နှင့်ပိုင်ဆိုင်သူ(Owner)ဟူ၍ရှိကြောင်း၊ မူရင်းတီထွင်သူသည် Economic Right နှင့်Moral Right တို့ကို ပိုင်ဆိုင်ခွင့်ရရှိထားကြောင်း၊ ထိုသို့ရရှိထားသောပိုင်ဆိုင်ခွင့်ကို စာရေးသူများအနေဖြင့် သိရှိထားပြီး စာချုပ်စာတမ်းများချုပ်ဆိုသည့်အခါ မိမိရရှိမည့်…
ကွန်ပျူတာစကားလုံးကပြောသော ကွန်ပျူတာ
ကွန်ပျူတာသည် တွက်ချက်ရေးစက်ကိရိယာတစ်ခုဖြစ်သည်။ လက်တင်ဝေါဟာရမှ ဆင်းတက်လာသော စကားလုံးတစ်လုံး လည်းဖြစ်သည်။ ကွန်ပျူတာစကားလုံးကို ၁၆၄ဝ နှောင်းပိုင်းကာလများကတည်းက အသုံးပြုခဲ့သည်ဟု လေ့လာသိရှိရသည်။
ကျွန်တော်နဲ့ GOOC 2010 ASIA & AFRICA ခရီးစဉ်
လက်နက်နဲ့ အဝတ်အစားတွေကို ထုတ်ယူတဲ့အခါ အဝတ်အစားထုတ်ပေးတဲ့ လူတွေက စာရေးသူကို အင်ဒိုနီးရှားနိုင်ငံသားလားလို့ မေးလာပြန်တယ်။ မဟုတ်ဘူး။ မြန်မာနိုင်ငံကလို့ ဖြေလိုက်တော့။ သူဘယ်လို အတွေးပေါက်သွားတယ် မသိဘူး။ သူ့လူတွေကို မင်းတို့ မြန်မာလာလို့ လိုက်မေးနေလေရဲ့။
သံမဏိနှင်းဆီ
ကျေးလက်နေ ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်ရေး ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူနေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုးတော်စပ်သည်ဆိုသူက ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်းသောအပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။