Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

သံမဏိနှင်းဆီ

Posted on January 5, 2016September 3, 2025 by Han Sann
၀ဏ္ဏအောင်၏ သံမဏိနှင်းဆီ မျက်နှာဖုံးဒီဇိုင်း
၀ဏ္ဏအောင်၏ သံမဏိနှင်းဆီ မျက်နှာဖုံးဒီဇိုင်း

‌ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်‌ရေး ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူ‌နေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုး‌တော်စပ်သည်ဆိုသူက ‌ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်‌သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်း‌သောအပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။ ထို့အပြင် အမျိုးသမီးတို့၏ သဘာဝရာသီ‌ပေါ် ခြင်းကိုပင် ‌ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ ရပ်ရွာတွင် အတူ‌နေထိုင်သူ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုဖြင့် ရာသီ‌ပေါ်ခြင်းကိစ္စကို ‌ဖြေရှင်းခဲ့ရသည်။

အသက်ဆယ့်ငါးနှစ်အရွယ်တွင် အတင်းအကျပ်အိမ်‌ထောင်ချ‌ပေးခြင်းခံရသည်။ အိမ်‌ထောင်သည်ဘဝတွင် အမျိုးသားနှင့်သာယာသည့် အိမ်‌ထောင်တစ်ခုကို ထူ‌ထောင်ရခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်းအစရှိသည့် လိင်‌ကျေးကျွန်ဘဝကို ရင်ဆိုရပြန်သည်။ ထို့‌နောက် ပြည့်တန်ဆာအိမ်သို့ ‌ရောင်းချခြင်း ခံရပြန်သည်။ ပြည့်တန်ဆာအိမ်တွင်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကြမ်းတမ်းစွာလိင်ဆက်ဆံခံရြခင်း၊ ဧည့်သည်‌ပေါင်းများစွာဖြင့် ‌နေ့စဉ်ထိ‌တွေရပြီး လူ့ငရဲခန်းတွင် ငရဲကျခံသကဲ့သို့ ‌နေထိုင်ရှင်သန်ခဲ့ရသည်။

ပြည့်တန်ဆာအိမ်မှ ထွက်‌ပြေးရန်အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ထိုသို့ကြိုးစား‌သော်လည်း ထိုဘဝမှ မည်သို့မျှမလွတ်‌မြောက်နိုင်‌အောင် ရှိ‌နေခဲ့သည်။ ထွက် ‌ပြေး၍ မလွတ်‌မြောက်သည့်အပြင် ပြင်းထန်းစွာအပစ်‌ပေးခံရပြီး နှိပ်စက်ခြင်းများစွာကို ခံစားရသည်။ ထိုဘဝဖြင့် ‌နေထိုင်ရင်း မိမိကိုကယ်တင်မည့်သူကိုသာ ‌မျှော်လင့်‌စောင့်စား‌နေရသည်။ ကယ်တင်နိုင်မည်ဟု ထင်ရသူများသည် ပြည့်တန်ဆာခန်းသို့ လာ‌ရောက်သူများဖြစ်ပြီး ထိုသူတို့ကိုလည်း အပြည့်အဝယုံကြည် စရာမရှိခဲ့ပါ။ ကယ်တင်‌ယောင်‌ဆောင်၍ အခြား‌သောပြည့်တန်ဆာကွန်ရက်အတွင်း ပြန်လည်‌ရောင်းချသွား‌လေ့ရှိသည်။ ထို့အတွက် ထိုသို့ကယ်တင်‌ယောင် ‌ဆောင်၍ ‌ရောင်းချခြင်းခံရမည့်အ‌ရေးကိုလည်း ‌တွေးပူ‌နေခဲ့ရသည်။

က‌မ္ဘောဒီးယားသို့ နိုင်ငံခြားသားများ‌ရောက်လာ‌သောအခါ နိုင်ငံခြားသားများကွန်ရက်နှင့်ချိတ်ဆက်မိပြီး နိုင်ငံခြားသားများ၏ အသုံး‌တော်ခံဘဝသို့ ‌ရောက် ရပြန်သည်။ ထို့‌နောက် ခမာစကားတတ်သည့်ပြင်သစ်တစ်ဦးနှင့် သူမသည်ဆုံစည်းခဲ့သည်။ ထိုသူက သူမကိုလက်ထပ်‌ပေါင်းသင်း၍ ပြင်သစ်သို့ ‌ခေါ်သွားခဲ့ သည်။ ပတ်ဝန်းကျင်ကျဉ်းကျဉ်းက‌လေးထဲတွင် ‌နေထိုင်လာ‌သော သူမသည် သာမန်ကိစ္စကိုပင် ကြီးမားသည့်အခက်အခဲအဖြစ် ပြင်သစ်ခရီး၌ ရင်ဆိုင်ဖြတ်သန်း ရသည်။ ဇွန်းနှင့်ခရင်ကို ကျင်လည်စွာအသုံးမပြုတတ်၍ စားလိုစိတ်ပြင်းပြ‌နေသည့် ကြက်သားတုံးကို စွန့်လွွှတ်လိုက်ရသည်အထိပင် သူမအတွက် ပင်ပန်း ခက်ခဲခဲ့သည်။

ထို့‌နောက် က‌မ္ဘောဒီးယားသို့ ပြန်လာပြီး ပြည့်တန်ဆာဘဝကို ဆန္ဒမပါဘဲ‌ရောက်လာကြသည့် ဘဝတူအမျိုးသမီးများကို ကယ်တင်နိုင်ရန် စတင်ကြိုးပမ်းခဲ့ သည်။ ထိုသို့ကြိုးစားရာတွင်လည်း လွယ်လင့်တကူမဖြစ်ဘဲ အခက်အခဲ‌ပေါင်းများစွာကို ရင်ဆိုင်ရသည်။ အလှူရှင်များ၏ လစ်ဟမှုများကို ကြုံ‌တွေ့ရပြီး ‌ငွေ‌ကြေးကူညီသူများထံမှာ က‌မ္ဘောဒီးယားတွင် ပြည့်တန်ဆာမရှိဟူ‌သော နှုတ်ထွက်စကားကိုပင် ကြားသိရသည်။ ထိုအ‌ခြေအ‌နေများကို အရှုံးမ‌ပေးဘဲ ကြိုးစား ခဲ့ရာ ပြည့်တန်ဆာဘဝသို့ ဆန္ဒမပါဘဲ‌ရောက်လာကြသည့် အမျိုးသမီးများနှင့်ဘဝများကို ကယ်တင်နိုင်လာခဲ့သည်။

ကယ်တင်ရာတွင်လည်း လွယ်ကူ‌ချော‌မောလှသည်မဟုတ်ဘဲ ခြိမ်း‌ခြောက်ခြင်း၊ အာဏာပိုင်များ၏ အဂတိလိုက်စားခြင်း၊ တရားဥပ‌ဒေစိုးမိုးမှုမရှိခြင်းနှင့် အားနည်းခြင်းတို့ကို ရင်ဆိုင်ရပြန်သည်။ ထို့အပြင် သမီးဖြစ်သူကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းနှင့်ကယ်ဆယ်‌ရေး‌ဂေဟာကို စီးနှင်ခြင်း၊ အသက်အန္တရယ်ကို ခြိမ်း‌ခြောက်ခြင်းများဖြင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအ‌ခြေအ‌နေများကို ‌ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီးဆမာလီမမ်သည် ကြံကြံခံရင်ဆိုင်ခဲ့ပြီး ဘဝတူများကို ကယ်ဆင်ခြင်း၊ ဘဝအသစ်တစ်ခု အဖြစ် ထူ‌ထောင်‌နေထိုင်နိုင်ရန် ပျိုး‌ထောင်‌ပေးခြင်းများကို ပြုလုပ်‌ပေးနိုင်ခဲ့သည်။ ဆမာလီမမ်၏ လုပ်ငန်းများသည် အခက်အခဲအကျပ်အတည်း‌ပေါင်းများစွာ ‌အောက်တွင် ‌အောင်မြင်မှုရရှိခဲ့သည်။ ကမ္ဘာ့အသိုင်းအဝန်းနှင့်က‌မ္ဘောဒီးယားအာဏာအသိုင်းအဝန်းတို့ကလည်း အသိအမှတ်ပြုကူညီလာခဲ့ကြရသည်။ သူမကို ချီးမြှင့်သည် ဆုများကိုလည်း လက်ခံရရှိခဲ့သည်။ ကမ္ဘာ့အလယ်တွင် ထင်ရှားတင့်လယ်လာခဲ့သည်။

‘‘ကမ္ဘာမီး‌လောင် သား‌ကောင်ချနင်း’’ဆိုရိုးအတိုင်း မိဘအရင်းအခြားများသည် သမီးဖြစ်သူများကို လိင်ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် ‌ရောင်းချကြ သည်။ အရွယ်မ‌ရောက်‌သေးသည့် မိန်းက‌လေးများနှင့် အရွယ်‌ရောက်စပြု‌နေသည့် မိန်းက‌လေးများ၏ အပျိုစင်ဘဝကို ကာယကံရှင်ဆန္ဒမပါဘဲ ‌ရောင်းချကြ သည်။ အပျိုစင်ဘဝသည် ခွန်အားဖြစ်‌စေသည်၊ အိတ်ချပ်အိုင်ဗီကင်းစင်‌စေသည်ဟုယူဆပြီး အမျိုးသားကြီးများက ဝယ်ယူသုံးစွဲကြသည်။ ထို့အပြင် ပြည့်တန်ဆာခန်းမှမိန်းက‌လေးများသည် ဧည့်သည်များ၏ ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်း၊ ပြည့်တန်ဆာ‌ခေါင်းများ၏ လူမဆန်စွာ နှိပ်စက်ခြင်းတို့ကို ခံစားကြ ရသည်။ ထိုအပြုအမှုများကို စာဖတ်သူအ‌နေဖြင့် ‌တွေးယူလက်ခံနိုင်ရန်လွန်စွာ ခက်ခဲမိသည်။ သို့‌သော် ထိုဖြစ်ရပ်များသည် အမှန်တကယ်ဖြစ်‌နေသည်။

ပြည့်တန်ဆာခန်းများသို့ လာ‌ရောက်ကြသူအများစုသည် က‌မ္ဘောဒီးယားအမျိုးသားအများစုဖြစ်ပြီး သူတို့သည် အိမ်‌ထောင်သည်ဘဝ၌ လိင်မှုသာယာခြင်း အပြည့်အဝမရရှိသူများဖြစ်ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် အိမ်‌ထောင်ဖက်အမျိုးသမီးထံမှပြည့်ဝသည့် လိင်ဆက်ဆံ‌ရေးကို မရရှိခြင်း၊ ယဉ်‌ကျေးမှုဓ‌လေ့များက အမျိုးသမီးများဘဝကို တားဆီးထားခြင်းနှင့်အမျိုးသမီးများသည် နှုတ်ဆိတ်‌နေရမည်ဆိုသည့် ဆိုးဝါးလှသည့် အယူအဆများ‌ကြောင့်ဖြစ်သည်။

ဆမာလီမမ်၏ ဖြစ်ရပ်မှန်ကိုယ်‌ရေးမှတ်တမ်းသည် လိင်ကျွန်ပြုခံရသည့်အမျိုးသမီးများ၏ မသာယာသည့် ဘဝ၊ အ‌ရှေ့‌တောင်အာရှတွင် အလွန်ကြီးမားစွာ ဖြစ်‌ပေါ်‌နေသည့် ပြည့်တန်ဆာလုပ်ငန်းကြီးများအ‌ကြောင်း၊ ‌ကျေးလက်‌ဒေသများမှ အမျိုးသမီးငယ်များကို လူကုန်ကူး‌နေသည့် လူကုန်ကူးလုပ်ငန်းများအ‌ကြောင်း နှင့် လူ့ငရဲခန်းအတွင်း အနိမ့်ဆုံးဘဝ‌ရောက်ရှိခဲ့သည့် အမျိုးသမီးတစ်ဦး၏ စာနာစိတ်၊ ဘဝဒဏ်ရာ၊ ဘဝအနာ၊ မ‌လျော့‌သော ဇွဲလုံလတို့ကို ဖွင့်ချထား‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စနစ်ဆိုးအဖြစ်ဆိုးများကို ရင်ဆိုင်ခဲ့ရသည့် တိုင်းပြည်တစ်ခု၏ ‌နောက်ဆက်တွဲဆိုးကျိုးများကို မူရင်းစာ‌ရေးသူက ထုတ်‌ဖော်‌ပြောဆို ထားခြင်းမရှိ‌သော်လည်း ထိုအ‌ခြေအ‌နေများကို မြင်‌တွေ့ရသည်။

ဆမာလီမမ် ကိုယ်တိုင်‌ရေးသားခဲ့သည့်  “The Road of Lost Innocence” စာအုပ်ကို မင်း‌ကျော်စွာက ‘‘သံမဏီနှင်းဆီ’’အမည်ဖြင့် ဘာသပြန်ခဲ့ပြီး ‌လောကသစ်စာအုပ်တိုက်က ၂ဝ၁၅ ဧပြီလတွင် ထုတ်‌ဝေဖြန့်ချိခဲ့သည်။

ဟန်ဇော်

Category: Literature

Post navigation

← Open Source နှင့်ပတ်သက်၍
ကျွန်တော်နဲ့ GOOC 2010 ASIA & AFRICA ခရီးစဉ် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme