Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Author: Han Zaw

လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း

Posted on November 27, 2018September 3, 2025 by Han Zaw

သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်‌သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယ‌နေ့ကာလတွင် ရင်ဆိုင် ကြုံ‌တွေ့‌နေရ‌သော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်‌ဝေါဟာရအားဖြင့် misinformation ဟု ‌ခေါ်‌ဝေါ်သုံးစွဲပါသည်။  တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation  ဟု ‌ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည် သ‌ဘောသဘာဝခြင်း တူညီခြင်းမရှိသလို သတင်းမှားရခြင်း၏ အကြောင်းအရင်းသည်လည်း တူညီမှုမရှိပါ။ တမင်ဖန်တီးသည့် မမှန်သတင်း(လုပ်ကြံသတင်း) (disinformation) လုပ်ကြံသတင်း(disinformation)ဆိုသည်မှာ တစ်စုံတရာကိစ္စရပ်တစ်ခု ဖြစ်‌ပေါ်ခြင်း၊ လုပ်‌ဆောင်ရန်စီစဉ်ခြင်း လုံးဝမရှိပါဘဲ မိမိလိုချင်‌သော ပုံစံရရှိ‌အောင် ဖန်တီးလုပ်ကြံ၍ အများပြည်သူထံသို့ ‌ကြေညာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ပျံနှံ့‌အောင်အ‌ကောင်အထည်‌ဖော်‌ဆောင်လိုက်‌သော သတင်းကို ဆိုလိုပါသည်။ ထို့အပြင် ဖြစ်ရပ်မှန်အ‌ခြေအ‌နေကို ပုံစံဖျက်၍ မိမိအလိုရှိ‌သောသဏ္ဍာန်အတိုင်း လုပ်ကြံ‌ကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်‌သောသတင်းများကိုလည်း လုပ်ကြံသတင်းဟု ဆိုနိုင်ပါသည်။ မိမိဦးတည်ရာအသိုင်းအဝန်းတစ်ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လွှတ်လိုက်‌သော သတင်းအချက်အလက်များကို…

Read more

ကလစ်စာချခြင်း

Posted on November 20, 2018September 3, 2025 by Han Zaw

ကလစ်တစ်ချက်၏ တန်ဖိုးသည် ဒီဂျစ်တယ်‌ခေတ် တနည်း အွန်လိုင်းယဉ်‌ကျေးမှုတွင် အလွန်အ‌ရေးပါ‌သော တန်ဖိုးတစ်ခုဖြစ်လာ သည်။ အင်တာနက်စာမျက်နှာတစ်ခု၏ ကလစ်ရရှိမှုကြိမ်နှုန်းသည် ထိုအင်တာနက်စာမျက်နှာကို တည်‌ထောင်ထားသူ လူတစ်ဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခု၏ ‌ငွေ‌ကြေးအားဖြင့် အကျိုးအမြတ်‌သော်လည်းကောင်း၊ ‌ငွေ‌ကြေးမဟုတ်‌သော အခြားတန်ဖိုး တစ်ခုကို‌သော်လည်း‌ကောင်း အလွန်အ‌ရေးပါ‌သော အခန်းကဏ္ဍတွင် တည်ရှိလာသည်။ ထို့‌ကြောင့် အင်တာနက်စာမျက်နှာများနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများအတွင်း ကလစ်ရရှိမှုအ‌ရေအတွက် ရရှိ‌စေရန် ကြိုးပမ်းအားထုတ်လာကြ‌တော့သည်။ ထိုသို့ကြိုးပမ်းရာတွင် တရားသဖြင့် အားထုတ်ကြိုးပမ်းကြသကဲ့သို့ မသမာ‌သောနည်း လမ်းများဖြင့် မိမိစာမျက်နှာသို့ လာ‌ရောက်လည်ပတ်‌စေရန် အားထုတ်ကြိုးပမ်းမှုများလည်း ရှိလာခဲ့သည်။ ထို့အတွက် လူကြိုက် သူကြိုက်များ‌သော အ‌ကြောင်းအရာများကို လွှင့်တင်လာကြသည်။ လူကြိုက်သူကြိုက်များသော အ‌ကြောင်းအရာများတွင် အညှီအ‌ဟောက်ပါဝင်သော အ‌ကြောင်းအရာများ အများစုဖြစ်‌နေတတ်သည်။ လိင်မှုဆိုင်ရာကိစ္စရပ်များ၊ ရာဇဝတ်မှုဆိုင်ရာအကြောင်းအရာများ၊ ကျန်းမာ‌ရေးအ‌ယောင်ပြ လိင်မှုကိစ္စဆိုင်ရာအ‌ကြောင်းအရာ များနှင့်လူစိတ်ဝင်စားမှုမြင့်တက်စေရန်စသည့်အ‌ကြောင်းအရာများကို ပုံစံဖျက်ထုတ်လွှင့်‌သော သတင်းအတုအ‌ယောင်များသည်…

Read more

ဂျပန်ဖောင်ဒေးရှင်း၏ “Creative Platform Series”

Posted on November 6, 2018September 3, 2025 by Han Zaw

“Creative Platform Series”အမည်ဖြင့် အနုပညာဆိုင်ရာဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်(ရန်ကုန်)နှင့် MYAN/ART တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ပမှအနုပညာဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးစေပြီး မြန်မာနိုင်ငံမှ အောင်မြတ်ဌေးက ကြားခံဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်ကို တွေ့ရသည်။ ပထမအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #1 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံမှ မက်(ဗ်) အက်စပီနာက လာရောက်ဆွေးနွေးခဲ့သည်။ “ဘယ်တော့မှ မမှည့်၊ ဘယ်တော့မှ မပုတ်” (၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်) မက်(ဗ်)အက်စပီနာသည် ဖိလစ်ပိုင်အနုပညာသည်အချို့က ဖွင့်လှစ်ထားသော Green…

Read more

Afterall ဂျာနယ် မိတ်ဆက်ခြင်းနှင့်အနုပညာအကြောင်း ဆွေးနွေးခြင်း

Posted on November 5, 2018September 3, 2025 by Han Zaw

လန်ဒန်အခြေစိုက်ဂျာနယ်ဖြစ်သည့် Afterall ဂျာနယ်အမှတ်-၄၆ မိတ်ဆက်ခြင်းနှင့်အနုပညာဆိုင်ရာဆွေးနွေးခြင်း အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Afterall အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ကြပြီး ပိုပိုနှင့်ယဉ်ကာတို့က “တို့တွေ ဘယ်ကလာ၊ ဘယ်သူ၊ ဘယ်ကို ဦးတည်တာ – မြန်မာ့ခေတ်ပြိုင်အနုပညာအတွက် အဆိုတွေ”(မြန်မာ့ခေတ်ပြိုင်အနုပညာလောက အတွင်းရေးပြဿနာများအကြောင်း ပိုပို၊ ထွန်းဝင်းအောင်၊ ဝါနု၊ မင်းသိမ်းစွန်၊ ယဉ်ကာ တို့၏ဆွေးနွေးချက်များ)အက်ဆေးပါ ဖော်ပြချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ ထို့နောက် Small Visual Art Organization အကြောင်းတို့ကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။ Afterall သည် University of the Arts London ၏ သုတေသနစင်တာတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင်…

Read more

အင်တာနက်သုံးအတိုကောက်စကားစုများ

Posted on October 18, 2018September 3, 2025 by Han Zaw

အီး‌မေးလ်ပို့‌သောအခါမှာ စကားတိုများကို အသုံးပြုခြင်းသည် စာစီစာရိုက်ရသည့်အချိန်ကာလကို သက်သာ‌စေသည်။ အချိန်ကုန် သက်သာပြီး မိမိ‌ပေးပို့လို‌သော စာသားကိုလည်း ကျစ်လစ်‌စေပါသည်။ ယခုတင်ပြမည့် စကားတိုများသည် အင်္ဂလိပ်စကားတိုများ ဖြစ်သည်ကို သတိချပ်‌စေလိုပြီး အီး‌မေးလ်တိုင်းမှာလည်း စကားတိုကို အသုံးပြုဖို့ မသင့်‌တော်ဘူးဆိုသည်ကိုလည်း သတိချပ်သင့် ပါသည်။ အထူးသဖြင့် ရုံးပိုင်းဆိုင်ရာကိစ္စများနှင့်ခန့်ခန့်ညားညား‌ရေးသားရမည့်စာများတွင် စကားတိုများကိုအသုံးပြုရန် မသင့်‌တော်ဟု ယူဆမိပါသည်။ မည်သည့်အချိန်တွင် မည်သို့အသုံးပြုသင့်သည်ဆိုသည်ကို မိမိကိုယ်တိုင်သာဆုံးဖြတ်သင့်ပါသည်။ Acronym နှင့် Netcronym acronym ဆို‌သော‌ဝေါဟာရအဓိပ္ပါယ်ကို Winner  အင်္ဂလိပ်-မြန်မာ အသံထွက်အဘိဓာန်မှာ ‘‘စကားလုံးတစ်ခု၏ အစ စာလုံးများဖြင့် ဖွဲ့စည်းထားသည့် အတို‌ကောက်စကားစု’’ဟု ဖွင့်ဆိုထားပါသည်။ Cambridge Advanced Learner’s Dictionary တွင် စာ‌ရေးသူအ‌နေဖြင့် ဆက်လက်တင်ပြမည့် စကားတိုများကို netcronym  ဟု သုံးစွဲထားပါသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ…

Read more
  • 1
  • 2
  • 3
  • 4
  • …
  • 11
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme