Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲ

Posted on January 7, 2016September 3, 2025 by Han Sann
ဂူဂဲရှာဖွေရေးအင်ဂျင်တွင် ရှာဖွေတွေ့ရှိရသော မူပိုင်ခွင့်ဆိုင်ရာအမှတ်အသားများ

စာ‌ရေးသူ၊ စာအုပ်ထုတ်‌ဝေသူနှင့် စာအုပ်အ‌ရောင်းဆိုင်တို့၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက်၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာ‌ပေဗိမာန်အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ‌ဆွေး‌နွေးပွဲ၌ မူပိုင်ခွင့်ဥပ‌ဒေနှင့်ဆက်စပ်စာချုပ် များအ‌ကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းဝန်‌ဆောင်မှုအ‌ကြောင်း၊ ၂ဝ၁၆ ခုနှစ် ပြည်‌ထောင်စု၏ အခွန်အ‌ကောက်ဥပ‌ဒေနှင့်စပ်လျဉ်း သည့်အ‌ကြောင်း၊ Royal Shop Online အ‌ကြောင်းမိတ်ဆက်ခြင်းနှင့် ရန်ကုန်-မန္တ‌လေး-‌နေပြည်‌တော်တို့တွင် ဖွင့်လှစ်မည့်စာအုပ် ဆိုင်များအ‌ကြောင်းတို့ကို အသီးသီး‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့‌ဆွေး‌နွေးရာတွင် မူပိုင်ခွင့်ဥပ‌ဒေနှင့်ပတ်သက်၍ ဦးမင်းတေဇညွန့်တင်(MN Associates)က ‌ဆွေး‌နွေးခဲ့သည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပ‌ဒေသည် ၁၉၁၄ ခုနှစ်ဥပ‌ဒေသာရှိပြီး ‌ခေတ်ကာလနှင့်ကိုက်ညီမှုမရှိ‌တော့‌ကြောင်း၊ မူပိုင်ခွင့်တွင် မူရင်းတီထွင်သူ (Author)နှင့်ပိုင်ဆိုင်သူ(Owner)ဟူ၍ရှိ‌ကြောင်း၊ မူရင်းတီထွင်သူသည်  Economic Right နှင့်Moral Right တို့ကို ပိုင်ဆိုင်ခွင့်ရရှိထား‌ကြောင်း၊ ထိုသို့ရရှိထား‌သောပိုင်ဆိုင်ခွင့်ကို စာ‌ရေးသူများအ‌နေဖြင့် သိရှိထားပြီး စာချုပ်စာတမ်းများချုပ်ဆိုသည့်အခါ မိမိရရှိမည့် အခွင့်အ‌ရေးများကို တိကျရှင်းလင်းပြတ်သားစွာ ထည့်သွင်းချုပ်ဆိုရမည်ဖြစ်ကြောင်း၊ မိမိ၏ စာ‌ပေလက်ရာများကို ထုတ်‌ဝေ‌ရောင်းချရန်အတွက် ထုတ်‌ဝေသူများကို စာမူ‌ပေးရာတွင် မူပိုင်ခွင့်အလုံးစုံ‌ ပေးအပ်ခြင်း(assignment)နှင့် ကန့်သတ်ချက်များဖြင့် လုပ်ကိုင်ခွင့်‌ပေးခြင်း(licence)ဟူ၍ နှစ်မျိုးရှိ‌ကြောင်း၊ မူပိုင်ခွင့်အလုံးစုံ‌ပေးအပ်ခြင်းစနစ်သည် စာ‌ရေးသူအ‌နေဖြင့် ဉာဏ်ပူ‌ဇော်ခ ကို တစ်ကြိမ်တစ်ခါတည်းသာ ရရှိနိုင်ပြီး အခြား‌သောခံစားခွင့်များကို ထပ်မံရရှိနိုင်မည်မဟုတ်‌ကြောင်း၊ ကန့်သတ်ချက်များဖြင့် လုပ်ကိုင်ခွင့်‌ပေးခြင်း(licence) စနစ်တွင် စာရေးသူ(စာမူပိုင်ဆိုင်သူ)က မိမိသတ်မှတ်လို‌ သော သတ်မှတ်ချက်များကိုသတ်မှတ်၍ ထုတ်‌ဝေ‌ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်‌ကြောင်း၊ ထိုစနစ်သည် စာ‌ရေးသူများအတွက် ပိုမိုသင့်‌လျောပြီး စာ‌ပေလက်ရာနှင့်ပတ် သက်သည့် အကျိုးခံစားခွင့်အားလုံးကို အကြိမ်ကြိမ်အခါခါရရှိနိုင်‌ကြောင်းနှင့်လိုင်စင်စနစ်ဖြင့် ထုတ်‌ဝေ‌ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် စာ‌ရေးသူများကို တိုက်တွန်းလို‌ကြောင်း ဦးမင်း‌တေဇာညွန့်တင်က ‌ဆွေး‌နွေး‌ပြောကြားခဲ့သည်။

မြန်မာ့စာတိုက်လုပ်ငန်းအ‌ကြောင်းနှင့်ပတ်သက်၍ ဦး‌သောင်းနိုင်စိုးက ဆက်လက်‌ဆွေး‌နွေးခဲ့သည်။ အီး‌မေးလ်ပို့ခြင်း၊ စာတိုပို့ ခြင်းများကို အင်တာနက်၊ မိုဘိုင်းဖုန်းတို့ဖြင့် လွယ်လင့်တကူလုပ်ကိုင်နိုင်‌သော်လည်း စာအုပ်နှင့်အခြား‌သော လူသုံးကုန်ပစ္စည်း များကို ‌ပေးပို့ရာတွင် စာတိုက်လုပ်ငန်းသည် အ‌ရေးပါလျက်ရှိ‌နေ‌ကြောင်း၊ အွန်လိုင်း‌ဈေး‌ရောင်း‌ဈေးဝယ်စနစ်အတွက် စာတိုက်‌ချောစာပို့စနစ်သည် ပိုမိုလိုအပ်လာပါ‌ကြောင်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းအ‌နေဖြင့် စာပို့နှင့်‌ချောထုတ်‌ပေးပို့သည့်လုပ်ငန်းများကို ပြည်တွင်းပြည်ပသို့ တစ်‌ပြေးညီဝန်‌ဆောင်မှု‌ပေးလျက်ရှိ‌ကြောင်း ဦး‌သောင်းနိုင်စိုးက ‌ဆွေး‌နွေး‌ပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ် ပြည်‌ထောင်စု၏ အခွန်အ‌ကောက်ဥပ‌ဒေနှင့်ပတ်သက်၍ ဦးထင်လင်း‌ကျော်က ‌ဆွေး‌နွေးခဲ့သည်။ ပြည်‌ထောင်စု၏ အခွန်အ‌ကောက်ဥပ‌ဒေကို နှစ်စဉ်ပြင်ဆင်ဖြည့်စွက်သတ်မှတ်‌လေ့ရှိ‌ကြောင်း၊ အခွန်အ‌ကောက်မှရရှိသည့်‌ငွေဖြင့် နိုင်ငံတည်‌ဆောက် ‌ရေးလုပ်ငန်းများကို အ‌ကောင်အထည်‌ဖော်‌ကြောင်း၊ ကုန်သွယ်ခွန်၊ ဝင်‌ငွေခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်‌ခေါင်းခွန်နှင့်‌အောင်ဘာ‌လေ ခွန်ဟူ၍ အခွန် ၅ မျိုးကို ‌ကောက်ခံလျက်ရှိ‌ကြောင်း၊ အထူးကုန်စည်ခွန်အဖြစ် ‌ကောက်ခံ‌သောကုန်ပစ္စည်းများမှာ ‌ဆေးလိပ်၊ ‌ဆေးရွက် ကြီး၊ ကွမ်းစား‌ဆေးအမျိုးမျိုး၊ အရက်၊ ဘီယာ၊ ဝိုင်၊ သစ်၊ ‌ကျောက်မျက်အရိုင်း၊ ‌ကျောက်မျက်အ‌ချော၊ လက်ဝတ် ရတနာ၊ ကား၊ စက်သုံးဆီအမျိုးမျိုးနှင့်သဘာဝဓာတ်‌ငွေ့ အစရှိသည့် ကုန်ပစ္စည်း ၁၆ မျိုးဖြစ်‌ကြောင်း၊ ထိုကုန်ပစ္စည်းများသည် လူ၏ အသက်အန္တရာယ်၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့အတွက် အန္တရာယ်ရှိ‌စေ‌သော‌ကြောင့် အထူး ကုန်စည်ခွန်အဖြစ် စည်းကြပ်ခြင်းဖြစ်‌ကြောင်း၊ ဝင်‌ငွေခွန်သည် လူတစ်ဦးချင်း၏ ဝင်‌ငွေအ‌ပေါ်တွင် ‌ပေး‌ဆောင်ရ‌ကြောင်း၊ စာ‌ရေးသူများနှင့်လည်း သက်ဆိုင်‌သောအခွန် ဖြစ်‌ကြောင်း၊ တစ်နှစ်လုံး၏ ဝင်‌ငွေ ၄၈ သိန်းအထက်ရှိသူများကို အခွန်စည်းကြပ် ခြင်းနှင့်အခွန်သက်သာခွင့်များ‌ကြောင့် ဝင်‌ငွေခွန် ‌ဆောင်ခွင့်ရသူ နည်းပါး‌ကြောင်း၊ အခွန်တွင် တိုက်ရိုက်ခွန်နှင့်သွယ် ဝိုက်ခွန်ဟူ၍ ရှိ‌သော‌ကြောင့် ဝင်‌ငွေခွန်သည် တိုက်ရိုက်ခွန်တွင် ပါဝင်‌နေ‌ကြောင်း၊ ဝင်‌ငွေခွန်ကို လူတိုင်းမ‌ဆောင်ရ‌သော်လည်း သွယ်ဝိုက်ခွန်ကို လူတိုင်းက ‌ပေး‌ဆောင်‌နေကြရ‌သော‌ကြောင့် လူတိုင်းသည် အခွန်ထမ်းပြည်သူများသာဖြစ်‌ကြောင်းနှင့်အခွန်ဆိုင်ရာအ‌ကြောင်း အရာများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရန် ‌လေ့လာ‌စေလို‌ကြောင်း ဦးထင်လင်း‌ကျော်က ‌ပြောကြား‌ဆွေး‌နွေးခဲ့သည်။

Royal Shop Online အ‌ကြောင်းမိတ်ဆက်ခြင်းနှင့် ရန်ကုန်-မန္တ‌လေး-‌နေပြည်‌တော်တို့တွင် ဖွင့်လှစ်မည့်စာအုပ်ဆိုင်များအ‌ကြောင်း တို့ကိုလည်း ယင်းအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက အသီးသီး ‌ဆွေး‌နွေးရှင်းလင်းခဲ့ကြသည်။ စာ‌ရေးသူ၊ စာအုပ်ထုတ်‌ဝေသူနှင့် စာအုပ်အ‌ရောင်းဆိုင်တို့၏ အလုပ်ရုံ‌ ဆွေး‌နွေးပွဲကို မြန်မာနိုင်ငံစာ‌ပေထုတ်‌ဝေသူနှင့်ဖြန့်ချိသူများအသင်းက ကြီးမှူး၍ Blue Ocean, Royal Shop နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီတို့ ပူး‌ပေါင်းကျင်းပ‌ကြောင်း သိရသည်။

ဟန်ဆန်း

Category: Literature

Post navigation

← ကွန်ပျူတာစကားလုံးကပြောသော ကွန်ပျူတာ
ခေတ်စမ်းစာပေ →

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme