The Ash(1970-)ဟု အမည်ပေးထားသော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း ဖြစ်သည်။ The Ash(1970-) အနုပညာပြပွဲတွင် ငြိမ်းချမ်းဆု၏ SHE ဟု အမည်ပေးထားသောအနုပညာလက်ရာ ၂၁ ခုနှင့်အမည်ပေးမထား သည့်(UNTITLE) လက်ရာ ၁ ခုတို့ကို ပြသထားသည်။ ထို့အပြင် အနုပညာပြခန်း၏အလယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက် ထက်၌အသုံးပြုခဲ့သော နိုင်ငံတော် အလံခင်းထားသည့် စားပွဲတစ်လုံး၊ စားပွဲပေါ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဥက္ကဋ္ဌကြီး၏ ခေတ်ပြောင်းတော်လှန်ရေးသမိုင်းဝင်မိန့်ခွန်းပေါင်းချုပ် စာအုပ်အမှတ် ၂ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏…
Art
မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ
‘‘မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ’’ဟုအမည်ပေးထားသော အနုပညာလက်ရာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသသွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်တော်အနုပညာပြပွဲ တစ်ခုဖြစ်သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အနုပညာပြပွဲနှင့်ပတ်သက်၍ ‘‘မြန်မာ့အက္ခရာစဉ်မှာ နံပါတ် ၂ဝ က ဖဦးထုပ်ပါ။ ဖ ဖာ ဖား ပေါ့။ အခုအဓိပ္ပာယ်နှစ်ခွရှိတဲ့ စကားလုံး‘ဖား’ဆို တာကို ချိတ်ဆက်ကစားလိုက်ခြင်းမှာ ငယ်ဘဝကစားခဲ့မှု အတွေ့အကြုံရယ်၊ လက်ရှိ…
သူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲ
‘‘မိန်းမပျိုများ၏ ဒဏ္ဍာရီ’’ဟုအမည်ရသော ပန်းချီသူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ဝ မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းရှိ ဂယ်လာရီ ၆၅ ၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါတစ်ကိုယ်တော်ပန်းချီပြပွဲတွင်‘‘မေမြ၊ ဝင်းမင်းသန်း၊ မေရှင်၊ ခင်ယုမေ၊ တင်တင်မူ၊ မေမြင့်၊ မေမေဝင်း၊ မေရီမြင့်၊ ခင်ခင်ရီ၊ ကြည်ကြည်ဌေး၊ Julie Andrews, Jean Simmons, Deborah Kerr, Rita Hayworth, Marilyn Monroe, Audrey Hepburn, Elizabeth Taylar, Shophia Loren, Maureen O’ Hara နှင့် Vivien Leigh’’ဟု အမည်ပေးထား သော လေးပေ-ငါးပေ၊ ၃ပေ-ငါးပေ ပန်းချီ…
ရုပ်ရှင်၊ ဂီတ၊ စာပေ၊ လူမှုကွန်ရက်များမှ အမုန်းပွားစေသော စကားများကို လေ့လာအစီရင်ခံ(၂၀၁၅)
အမုန်းပွားစေသော စကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအား လေ့လာခြင်း)အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် ပဲန်မြန်မာက ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း မီဒီယာအသီးသီးတွင် ဖော်ပြရေး သားခဲ့သည့် အမုန်းစကားများကို ပဲန်မြန်မာက စောင့်ကြည့်လေ့ လာခဲ့ကြောင်းနှင့် စောင့်ကြည့်လေ့လာသော မီဒီယာများမှာ ရုပ်သံမီဒီယာ(ရုပ်ရှင်နှင့်သီချင်းများ)၊ လူမှုကွန်ရက်မီဒီယာ( ဖေ့ဘွတ်ခ်)နှင့် ပုံနှိပ်မီဒီယာ(သတင်းစာ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများ) ဖြစ်ကြောင်း အစီရင် ခံစာမှ သိရသည်။ မီဒီယာအသီးသီးတွင် ထုတ်ဖော်ရေးသားလွှင့်တင်ကြသည့် အမုန်းစကားများကို လေ့လာရာတွင် ၁။ နိုင်ငံရေးယုံကြည်ချက်အပေါ်တွင်အခြေပြုသော အမုန်းစကား ၂။ လူမျိုးရေးကိုအခြေပြုသော အမုန်းစကား ၃။ ဘာသာရေးကိုအခြေပြုသော အမုန်းစကားနှင့် ၄။ ကျားမရေးရာအပေါ်တွင်အခြေပြုသော အမုန်းစကားများ ဟူ၍ တွေ့ရှိရကြောင်း အစီရင်ခံစာမှ သိရသည်။ လူမှုကွန်ရက်မီဒီယာပေါ်မှ အမုန်းစကားများကို…
ကဗျာဆရာ အက်ရှရာ့ဖ် ဖယာ့ဒ် ဘဝနှင့်ကဗျာများ
ပဲန်မြန်မာ၏ ဒဿမအကြိမ်မြောက် ရသညနေခင်းအစီအစဉ်ကို ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီ၌ ကျင်းပခဲ့သည်။ ယင်းအစီအစဉ်တွင် သေဒဏ်ကျခံထားရသော ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် နေထိုင်သူ ပန်းချီဆရာ၊ ကဗျာဆရာ အက်ရှ ရာ့ဖ်ဖယာ့ဒ်၏ ဘဝနှင့်ကဗျာများအကြောင်းကို ‘‘ကဗျာအတွင်း၌ တွဲခိုနေသောအသက်မဲ့ ခန္ဓာကိုယ်များ’’အမည်ဖြင့် ကဗျာဆရာ မောင်ဒေးက ဦးဆောင်ဆွေးနွေးခဲ့သည်။ ကဗျာဆရာ အက်ရှရာ့ဖ် ဖယာ့ဒ် လွတ်မြောက်ရေးအတွက်လှုပ်ရှားမှုများကို ပဲန်မြန်မာစင်တာနှင့်အတူ ကမ္ဘာ့နိုင်ငံပေါင်း ၄ဝ နီးပါးမှပဲန်စင်တာများ၌လည်း လှုပ်ရှားမှုပေါင်း ၁၄၁ ခုကို တစ်ပြိုင်တည်း၊ တစ်ချိန်တည်းတွင်ပြုလုပ်၍ ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ပဲန်မြန်မာ၌ ပြုလုပ်သည့်အခမ်းအနားတွင် အက်ရှရာ့ဖ် ဖယာ့ဒ်၏ အငြင်းပွားစောဒကတက်ခံရသော ကဗျာ ၂ ပုဒ်ကို ကဗျာဆရာ ဇေယျာလင်းနှင့်မောင်ဒေးတို့က ဘာသာပြန်ဆို၍ ရွတ်ဆိုဆွေးနွေးခဲ့ကြသည်။ ထို့နောက် သေဒဏ်ကျခံထားရသော…