မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ ဖြန့်ချိခြင်း အခမ်း အနားကို စက်တင်ဘာ ၂၈ ရက်၊ ညနေက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ကျင်းပခဲ့သည်။ ယင်းဒီဗွီဒီကို အခမဲ့ဖြန့်ချိခြင်းလည်း ဖြစ်သည်။
Art
ဒီဂျစ်တယ်အနုပညာဆိုသည်မှာ
ဒီဂျစ်တယ်အနုပညာဆိုသည်မှာ ဒီဂျစ်တယ်နည်းပညာတစ်ခုကို အသုံးပြု၍ ဖန်တီးထုတ်လုပ်ထားသော အနုပညာလက်ရာ များကို ခေါ်ဆိုခြင်းဖြစ်သည်။ အနုပညာဖန်တီးသူသည် လက်ရာတစ်ခုဖန်တီးရန်ဖြစ်စေ၊ အနုပညာလက်ရာ တစ်ခုအတွက် ကြားခံအလွှာတစ်ခုအနေဖြင့် အသုံးပြုရန်ဖြစ်စေ ဒီဂျစ်တယ်နည်းပညာတစ်ခုကို အသုံးပြုလေ့ရှိသည်။
ကွန်ပျူတာအနုပညာဆိုသည်မှာ
ကွန်ပျူတာအနုပညာဆိုသည်မှာ ကွန်ပျူတာကိုအသုံးပြု၍ ဖန်တီးထားသော အနုပညာလက်ရာများကို ခေါ်ဆိုသည်။ အနုပညာလက်ရာတစ်ခုကို ကွန်ပျူတာဖြင့် ဖန်တီးရာတွင် ကွန်ပျူတာကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း အသုံးပြုကြသည်။ ထို့အပြင် အနုပညာလက်ရာကို တင်ဆက်ပြသရန်အတွက် ကြားခံအလွှာတစ်ခုအဖြစ် ကွန်ပျူတာကို အသုံးပြုကြသည်။