Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ

Posted on February 24, 2016September 3, 2025 by Han Zaw
အနုပညာရှင် မိုးစက်

‘‘မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ’’ဟုအမည်‌ပေးထား‌သော အနုပညာလက်ရာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂၄ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်‌ကျေးမှုဌာနတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသသွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲ တစ်ခုဖြစ်သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားကို ‌ဖေ‌ဖော်ဝါရီ ၂၄ ရက် ည‌နေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ အနုပညာပြပွဲနှင့်ပတ်သက်၍ ‘‘မြန်မာ့အက္ခရာစဉ်မှာ နံပါတ် ၂ဝ က ဖဦးထုပ်ပါ။ ဖ ဖာ ဖား ‌ပေါ့။ အခုအဓိပ္ပာယ်နှစ်ခွရှိတဲ့ စကားလုံး‘ဖား’ဆို တာကို ချိတ်ဆက်ကစားလိုက်ခြင်းမှာ ငယ်ဘဝကစားခဲ့မှု အ‌တွေ့အကြုံရယ်၊ လက်ရှိ ယ‌နေ့မျက်‌မှောက် ‌ခေတ်အသုံးဗန်းစကားရယ် ထွက်လာတယ်။ ငယ်ဘဝကစားခဲ့မှုထဲကမှ ကျွန်‌တော်အကြိုက်ဆုံးကစားနည်းတစ်ခုဖြစ်တဲ့ စက္ကူဖားတိုက်ခြင်းပါ။ အဲဒီ့စက္ကူဖားတိုက်ကစား‌နေလို့ အိမ်ပြန်‌နောက်ကျခဲ့တဲ့ ‌ကျောင်းဆင်းချိန်ည‌နေခင်း‌တွေ မ‌ရေတွက်နိုင်‌အောင်ပါပဲ။ စာသင်ခန်းထဲက အနုပညာ‌တွေပြခန်းထဲ ယူ‌ဆောင်ခဲ့ကြပါစို့။ ယ‌နေ့မျက်မှောက်‌ခေတ်ရဲ့ ဗန်းစကားဖားတယ်၊ ဆိုတာကလည်း ရိုင်းရိုင်း‌ပြောရရင် ‌ဘောမတယ် ဆိုတာပါပဲ။ အရင်‌ခေတ်က ဖားတယ်လို့ ‌ပြောတယ်။ အခု‌တော့ ‌ဘောမတယ်လို့ ‌ပြောတယ်။ ကျွန်‌တော်အ‌နေနဲ့ ဘယ်သူ့‌ဘောမှမစရာမရှိတဲ့အတွက် ကိုယ့်‌ဘောပဲ ကိုယ် ပြန်မလိုက်ပြီး‌တော့ ခင်ဗျားကို လက်ညိုးထိုးလိုက်တယ်။ ဟုတ်တယ် ခင်ဗျားမှ ခင်ဗျားကိုပဲ။ ကဲဖားနဲ့ သက်ဆိုင်တာဆိုလို့ ငယ်ငယ်က ရွတ်ဆိုခဲ့တဲ့၊ တုံး‌အောက်ကဖား ပြားတဲ့ဖားက ပြား၊ ‌ဖောင်းတဲ့ ဖားက‌ဖောင်းဆိုတဲ့ စာသား‌လေးကို မှတ်မိပါ‌သေးစ။ မြန်နိုင်သမျှ မြန်မြန်နဲ့ မမှား‌အောင်ရွတ်ဆိုကြရ‌အောင်လား။ လျှာလိပ်ပြီး မှားသွားရင်‌တော့ အရှုံးပဲ‌နော်’’ဟု မိုးစက်က ဆိုသည်။

ထို့အပြင် မိုးစက်၏ အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘မိုးစက်ရဲ့လက်ရာ‌တွေမှာ လူ့အဖွဲ့အစည်းအ‌ပေါ် နက်နက်ရှိုင်းရှိုင်း သ‌ရော်‌လှောင်‌ပြောင်ချင်တဲ့ သ‌ဘော(dark humour)ကို အမြဲ‌တွေ့‌နေရတယ်။ လူအဖွဲ့အစည်းကို နက်ရှိုင်းစွာပျက်ရယ်ပြုလာတာ(dark humour)ကို ball lifting hand မှာ‌ရော၊ သူ့ရဲ့ အနုပညာ‌ကြေညာစာတမ်းထဲက အမြင်ဖြစ်တဲ့ ဖားရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ချိတ်ဆက်ပြပုံမှာ‌ရော‌တွေ့နိုင်တယ်။ အတိတ်နဲ့ပစ္စုပ္ပာန်ရောယှက်ထားခြင်း (Hybridity)ကို‌တွေ့ရတယ်။ ဖားလက်ရာမှာ သူ့ငယ်ဘဝနဲ့‌ရောယှက်ရင်း ကပ်ဖားလျက်ဖားလုပ်ခြင်းကို ရယ်သွမ်း‌သွေးထားသလို အတိတ်ကာလနဲ့ ပြန် လည်‌ရောစပ်ထားတဲ့ သူ့ရဲ့‌တွေ့ကြုံခံစားမှု (collage self)ကို‌တွေ့ရတယ်။ (သူငယ်ဘဝ၊ လူကြီးဘဝနဲ့စစ်အာဏာရှင်ကာလ၊ ဒီမိုကရေစီအကူးအ‌ပြောင်း ကာလအတ္တ‌တွေကို စု‌ပေါင်းထားပုံ)၊ ပစ္စုပ္ပာန်ကာလကို သမိုင်းအ‌တွေ့အကြုံများ‌ရောယှက် စိန်ခေါ်ခြင်း(challenge)ကို ‌တွေ့ရတယ်’’ဟု မင်းခက်ရဲက မှတ်ချက်ပေးထားသည်။ မိုးစက်သည် ကွန်တန်ပိုရာရီအနုပညာလက်ရာများကို ဖန်တီး‌နေသူတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံတကာနှင့်ပြည်တွင်း အနုပညာပြပွဲ‌ပေါင်းများစွာတွင် ပါဝင်ပြသခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဟန်ဆန်း

Category: Art

Post navigation

← သူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲ
ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-) →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme