ကျေးလက်နေ ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်ရေး ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူနေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုးတော်စပ်သည်ဆိုသူက ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်းသောအပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။
Author: Han Sann
အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး
‘‘အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့်တွေ့ဆုံဆွေးနွေးပွဲ’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ တွင် အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို စတီဗင်န် ဆီဒင်န်ဘဂ်နှင့်အတူ တက်ရောက်လာကြသော ကဗျာဆရာများနှင့်ကဗျာမြတ်နိုးသူ များက ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများနှင့်ပတ်သက်သော အယူအဆ များနှင့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို ကဗျာဆရာ ဇေယျာလင်းက မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့ပြီး တက်ရောက်လာသူများကို စာအုပ်ငယ်များအဖြစ် လက်ဆောင်ပေးအပ်ခဲ့သည်။ ထိုစာအုပ်ပါ ကဗျာများကို တက်ရောက်လာကြသူ မြန်မာကဗျာဆရာများနှင့် ကဗျာမြတ်နိုးသူများက ရွတ်ဆိုခဲ့ကြခြင်းဖြစ်သည်။ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများနှင့်ပတ်သက်၍ ‘‘မြန်မာဘာသာပြန်သူ…
ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း
‘‘ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာပေနှင့်ပတ်သက် သည့်ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့်အနုပညာလက်ရာများအကြောင်းကို ဉာဏ်ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆွေး နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ စာပေအရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အကြောင်းများကို အခြားသောကလောင်အမည်များဖြင့်ရေးသားခဲ့ကြောင်း၊ အနုပညာလက်ရာများအကြောင်း ရေးသားရာတွင် ပြည်တွင်းမှ စာပေအနုပညာလက်ရာများဖြင့် အားဖြည့် ရေးသားခဲ့ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်တွေ့မြင်ခဲ့ကြောင်းနှင့် ဉာဏ်ရှေ့သွားအနုပညာသည်…
နိုင်ငံတော်သမ္မတ ဖတ်စာ
အထိန်းအကွပ်မဲ့သော နိုင်ငံတော်သမ္မတဘဝသို့ ချွတ်ချော်တိမ်းမှား၍ ရောက်ရှိသွားခြင်း အလျဉ်းမရှိစေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေက လမ်းညွွှန်ထိန်းကြောင်းပေးသည်ဟု အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးသမ္မတလည်းဖြစ် ကမ္ဘာ့ပထမဦးဆုံးသမ္မတ လည်းဖြစ်သူ ဂျော့ဝါရှင်တန်က ပြောခဲ့သည်။
ကိုယ့်ပုံတူ | Self-Portrait
ဓာတ်ပုံကင်မရာဖြင့် မိမိကိုယ်ကို မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ခြင်းကို ပြုလာကြ သည်။ ဆဲလ်ဖီဟု ခေါ်ကြသည်။ ဆဲလ်ဖီခေတ်ဟု ဆိုနိုင်ကောင်းသည်။