Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Author: Han Sann

ရှစ်လေးလုံးအရေးတော်ပုံအတွက် အုပ်တစ်ချပ် သို့မဟုတ် ရေစုန်နှင့်ရေဆန်(စာအုပ်)အကြောင်း

Posted on October 19, 2018September 3, 2025 by Han Sann

၁၉၈၈ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုဖြင့် အစတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ၂ဝ၁၇ ခုနှစ်တွင် ၂၉ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၉ နှစ်တိတိပြည့်မြောက်သောနှစ် ဇူလိုင်လတွင် စာရေး ဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ထွက်လာသည်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလတွင် ဖြစ်တည်ဖြစ်ပျက်ခဲ့သည်များကို မခံချိမခံသာဖြစ်ခဲ့ကြသော စာပေ နှင့်အနုပညာရှင်များသည် သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ထိုအကြောင်းအား အစပြု ၍‘‘ရေစုန်နှင့်ရေဆန်’’ စာအုပ်ကို ရေးသားထားသည်။ ဂိုဒေါင်များကိုဖောက်၍ ဈေးတန်းကြီး တည်ခင်းရောင်းချနေသော ရန်ကုန်အရပ်ဝန်းကျင်များသို့ ဘီခြောက်ရာကားဖြင့် လှည့်ပတ်ကြည့်ရှုရန် စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)သည်ဆန္ဒ ဖြစ်ပေါ်ခဲ့သည်။ ထိုဆန္ဒအတိုင်း သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၊ အယ်ဒီတာ ဦးဝင်းခက်တို့နှင့် ချိန်းဆို၍ လှည့်လည်ကြည့်ရှုကြသည်။ ရန်ကုန်မြို့တွင်း လှည့်ပတ်သွားလာရင်းဖြင့် စာရေးဆရာ မောင်သော်ကထံသို့ ရောက်ရှိသွားကြသည်။ ကျောင်းသား လှုပ်ရှားမှုအတွင်း သေဆုံးသွားသော ကျောင်းသားများနှင့်ပတ်သက်၍ ရတက်မအေး…

Read more

ပြည်သူ့အရေးတော်ပုံပါတီ(စာအုပ်)

Posted on October 17, 2018September 3, 2025 by Han Sann

ရန်ကုန်ဘ‌ဆွေ‌ရေးသားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ထုတ်‌ဝေခဲ့ဖူးခြင်း မရှိ‌သေးသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ငါတို့စာ‌ပေက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်‌ဝေခဲ့သည်။ ဂျပန်‌တော်လှန်‌ရေးကာလကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းစာ‌ပေအမျိုးအစားဖြစ်သည်။ ရန်ကုန်ဘ‌ဆွေ၏ ပြည်သူ့အ‌ရေး‌တော်ပုံပါတီသည် ဂျပန်‌တော်လှန်‌ရေးကာလ၌ ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်းများ၊ ‌တော်လှန် ရေးတပ်သားများ၏ အ‌တွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်များ၊ တရားဥပ‌ဒေစိုးမိုး‌ရေးကင်းလွတ်‌နေသည့် ကာလအတွင်း ‌ဒေသခံတို့၏ ကျီးလန့်စာစား‌နေထိုင်ရသည့် အ‌ခြေအ‌နေများ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့စွာ‌နေထိုင် ရသည့်အ‌ခြေအ‌နေများကို သိမြင်ရမည်ဖြစ်သည်။ စာ‌ရေးသူသည် သူ၏ဂျပန်တော်လှန်‌ရေးကာလဖြတ်သန်းရာ‌ဒေသ ဧရာဝတီ မြစ်ဝကျွန်း‌ပေါ်‌ဒေသမှ အ‌တွေ့အကြုံများကို အဓိကထားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြည်သူ့အ‌ရေး‌တော်ပုံပါတီစာအုပ်နှင့်ပတ်သက်၍ ‘‘စာ‌ရေးသူသည် ဤအ‌ကြောင်းဖြစ်ရပ်ကို ‌ရေးမည်ဆို‌သော်လည်း သမိုင်း သု‌တေသီများ၊ သမိုင်းဆရာများကဲ့သို့ ခန့်ခန့်ညားညား မ‌ရေးတတ်‌ကြောင်း ဝန်ခံပါသည်။ ထိုသို့‌ရေးရန်လည်း ဘယ်တုန်းကမျှ စိတ်မကူးခဲ့‌သော‌ကြောင့် အ‌ထောက်အထား‌တွေ၊ သက်‌သေခံပစ္စည်း‌တွေ၊ အချိန်‌နေ့စွဲ‌တွေ မှတ်သားခြင်း၊…

Read more

လူရှစ်ယောက် ဇာတ်လမ်းရှစ်ပုဒ်

Posted on October 5, 2018September 3, 2025 by Han Sann

လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဖြစ်တည်ခဲ့သော လူသားရှစ်ဦး၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာရေးဆရာ ဝင်းဇော်လတ်က တူးဆွဖော်ထုတ်တင်ပြထားသော စာအုပ်ဖြစ်သည်။ စိတ်ကူးဉာဏ်ကွန့်မြူး၍ ဖန်တီးလိုက်သော အဆန်းသစ်ဆုံးဆို သည့်ဇာတ်လမ်းများသည်ပင် လိုက်မီရန်ခက်ခဲသော လူရှစ်ယောက်၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ဘ၀ဖြစ်စဉ်များဖြစ်နေလေသည်။ “လူတွေ စိတ်အဝင်စားဆုံးမှာ လူတွေအကြောင်းသာ ဖြစ်ပါသည်။ စိတ်ကူးကွန့်မြူး၍ အနုပညာမြောက်ဖန်တီးသော ၀တ္ထုတွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်ဇာတ် လမ်းတွေက စိတ်ဝင်စားစရာပါပေ။ သို့သော် တစ်ခါတစ်ရံ လက်တွေ့ ဘ၀သည် စိတ်ကူးထက်ပင် ဆန်းကြယ်နေပေသေးသည်။ ဘ၀၏ ဆန်း ကြယ်မှုကို စိတ်ကူးတို့ လိုက်မမီပါချေ” ဟု စာအုပ်၏အမှာစာတွင် စာရေးဆရာ ဝင်းဇော်လတ်က ဖွင့်ဆိုရေးသားထားသည်။ ဦးထွန်းလွင်၊ ဦးအုန်း၊ မသွဲ့သွဲ့ဝင်း၊ ဒေါ်မာမာအေး၊ ဦးခင် မောင်ရင်၊ ဒဂုန်တာရာ၊ ဟံသာ၀တီ ဦးဝင်းတင်နှင့်ကိုစောလင်းအောင်တို့၏ ဇာတ်လမ်းရှစ်ပုဒ်ကို…

Read more

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်(စာအုပ်)

Posted on September 25, 2018September 3, 2025 by Han Sann

Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics, 1973 စာအုပ်ကို ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’အမည်ဖြင့် ဘာသာပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ‘‘နှစ်ကာလများ’’စာအုပ်တိုက်က ၂ဝ၁၅ ခုနှစ် မေလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေခဲ့သည်။ မူရင်းစာအုပ်ကို ထုတ်ဝေသည့်နှစ် ၁၉၇၃ ခုနှစ်မှစတင်၍ ရေတွက်လျှင် မြန်မာဘာသာသို့ နှစ်ပေါင်း ၄ဝ ကျော်ကြာမှာသာ ဘာသာပြန်ဆိုနိုင် ခဲ့သည်။ နှစ် ၄ဝ ခန့်နောက်ကျသည့် သဘောဖြစ်သည်။ သို့သော်လည်း စာပေရေးဟန်ပညာရပ်နှင့်ပတ်သက်၍ အားကိုးအားထားပြုလောက်သည့် စာအုပ်စာတမ်းရှားပါးသော မြန်မာနိုင်ငံအတွက် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍ ‘‘အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော…

Read more

ဆင်ဆာ

Posted on September 20, 2017September 3, 2025 by Han Sann

အချစ်မှာ ယောင်္ကျား မိန်းမ Tomboy Shemale ဆိုတာ ရှိလား ဆိုသောစကားရပ်သည် ခုနှစ်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရရှိခဲ့ သော အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်၏ အပိတ်စကားရပ်ဖြစ်သည်။ ထိုစကားရပ်ကို ဖြတ်တောက် ဖြုတ်ပစ်နိုင်မှသာ ဝဿန်ရုပ်ရှင်ပွဲတော်၌ ပြသခွင့်ပြုနိုင်မည်၊ ဆင်ဆာခွင့်ပြုမည်ဟု မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့က ဆိုသည်။ အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးသူ ဒါရိုက်တာသည် ထိုစာသားကို ဖြတ်တောက်ဖြုတ်ထုတ် ခြင်း မပြုနိုင်ကြောင်း၊ သူ၏ မူလတင်ပြထားသည့်အတိုင်းသာပြသနိုင်မည်ဖြစ်ပြီး ဆင်ဆာအဖွဲ့၏ ညွှန်ကြားချက်ကို လိုက်နာလိုခြင်း မရှိကြောင်း ဝဿန်ရုပ်ရှင်ပွဲတော်သို့ အကြောင်းပြန်ခဲ့သည်။ ထို့ကြောင့် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ထိုမှတ်တမ်းရုပ်ရှင်ကို အများပြည်သူများအကြားတွင် တရားဝင် ပြသခွင့် မရရှိခဲ့ပါ။ ထိုဇာတ်ကားသည် ဝဿန်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲဝင်ဇာတ်ကားများစာရင်းတွင် ပြိုင်ပွဲဝင်ပြသရန် ရွေးချယ်ထား…

Read more
  • Previous
  • 1
  • …
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • …
  • 24
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme