Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း

Posted on October 18, 2015September 3, 2025 by Han Sann
ပန်းချီထိန်လင်း

‘‘ဉာဏ်‌ရှေ့သွားအနုပညာနှင့်အ‌ကြောင်းစပ်သည့်အ‌ရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာ‌ပေနှင့်ပတ်သက် သည့်ဆွေး‌နွေးပွဲကို ၂ဝ၁၅ ခုနှစ် ‌အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ‌ဆွေး‌နွေးပွဲကို စာ‌ရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်‌ဆွေး‌နွေးခဲ့သည်။

‌ဆွေး‌နွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အ‌ကြောင်းအရာများနှင့်အနုပညာလက်ရာများအ‌ကြောင်းကို ဉာဏ်‌ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ‌ဆွေး‌ နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအ‌ကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အ‌ကြောင်းများကို ‌ဆွေး‌နွေးခဲ့ကြသည်။ စာ‌ပေအ‌ရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အ‌ကြောင်းများကို အခြား‌သောက‌လောင်အမည်များဖြင့်‌ရေးသားခဲ့‌ကြောင်း၊ အနုပညာလက်ရာများအ‌ကြောင်း ‌ရေးသားရာတွင် ပြည်တွင်းမှ စာ‌ပေအနုပညာလက်ရာများဖြင့် အားဖြည့်‌ ရေးသားခဲ့‌ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်‌တွေ့မြင်ခဲ့‌ကြောင်းနှင့် ဉာဏ်‌ရှေ့သွားအနုပညာသည် ခံစားမှု၊ လှပတင့်တယ်မှုတို့ကိုသာ ‌ဖော်ကျူးတင်ပြသည်မဟုတ်ဘဲ အ‌တွေးအ‌ခေါ်အယူအဆ၊ အသိဉာဏ်ပညာတို့ကို အ‌ခြေ ခံ၍ တင်ပြ‌သော အနုပညာလက်ရာများဖြစ်‌ကြောင်း ရှင်းလင်း‌ဆွေး‌နွေးခဲ့သည်။

‘‘ဉာဏ်‌ရှေ့သွားအနုပညာ’’ဆို‌သောအမည်ကို အသုံးပြု၍ ပန်းချီထိန်လင်းက Conceptual Art နှင့်ပတ်သက်‌သော စာအုပ် တစ်အုပ်ကို ‌ရေးသားခဲ့သည်။ Conceptual Art ကို အနုပညာရှင် ပိုပို က ‘‘အယူအဆအဓိကအနုပညာ ‌ကြေညာစာတမ်း’’ အမည်ဖြင့် စာအုပ်တစ်အုပ်‌ရေးသား၍ ၂ဝဝ၉ ခုနှစ် ‌အောက်တိုဘာလတွင် စိတ်ကူးချိုချိုစာ‌ပေမှ ထုတ်‌ဝေခဲ့သည်။ ထိုစာအုပ် တွင် Conceptual Art နှင့်ပတ်သက်၍ ‘‘အယူအဆအဓိကအနုပညာဟာ ‌ရောင်းချ နိုင်တဲ့၊ စု‌ဆောင်းထားနိုင်တဲ့ အနုပညာ ဝတ္ထု‌တွေရဲ့ အစဉ်အလာဂုဏ်‌တွေကို စိန်‌ခေါ်တာပဲ ဖြစ်တယ်။ တနည်းအားဖြင့် အယူအဆအဓိကအနုပညာကို စားသုံးသူ လူ့အဖွဲ့အစည်းအ‌ပေါ် ‌ဝေဖန်သုံးသပ်ချက်တစ်ရပ်အဖြစ်လည်း မြင်နိုင်ပါတယ်။ အ‌ကြောင်းက‌တော့ အဲဒီလက်ရာမျိုးဟာ အစဉ်အလာပုံသဏ္ဍာန်မျိုးကို မယူထားဘဲကြည့်သူဆီက ပိုပြီးတက်ကြွတဲ့ တုံ့ပြန်မှုမျိုးကို ‌တောင်းဆိုတယ်’’ဟု ‌ရေးသား ‌ဖော်ပြထားသည်။

ဟန်ဆန်း

၂၀၁၅ ခုနှစ် အောက်တိုဘာလထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

Category: Art, Literature

Post navigation

← နိုင်ငံတော်သမ္မတ ဖတ်စာ
အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme