Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

နိုင်ငံတော်သမ္မတ ဖတ်စာ

Posted on October 12, 2015September 3, 2025 by Han Sann

Presidentအထိန်းအကွပ်မဲ့‌သော နိုင်ငံ‌တော်သမ္မတဘဝသို့ ချွတ်‌ချော်တိမ်းမှား၍ ‌ရောက်ရှိသွားခြင်း အလျဉ်းမရှိ‌စေရန် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေက လမ်းညွွှန်ထိန်း‌ကြောင်း‌ပေးသည်ဟု အ‌မေရိကန်နိုင်ငံ၏ ပထမဦးဆုံးသမ္မတလည်းဖြစ် ကမ္ဘာ့ပထမဦးဆုံးသမ္မတ လည်းဖြစ်သူ ‌ဂျော့ဝါရှင်တန်က ‌ပြောခဲ့သည်။ ထိုစကားသည် နှစ်‌ပေါင်း ၃ဝဝ နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်သည်။ သမ္မတမင်း အပေါင်းနှင့်သမ္မတ‌လောင်းများအားလုံး အာငုံ‌ဆောင် နုတ်တိုက်ကျက်၍ အမြဲ မပြတ်နှလုံးသွင်းကြရန် တိုက်တွန်းနှိုး‌ဆော်အပ် ပါသည်။

    နိုင်ငံ‌တော်သမ္မတသည် လူအများက တင်‌မြှောက်‌သောမင်းဖြစ်သည်။ နိုင်ငံပရဝဏ်ဖြစ်‌သော ‌လေထု၊ ‌မြေထု၊ ‌ရေထု၊ ‌တောထု၊ ‌တောင်ထုနှင့်လူထုတို့၏ အသီးသီး‌သော ပိုင်ဆိုင်ခွင့်နှင့်အသက်အိုးအိမ်စည်းစိမ်တို့ကို ပိုင်ဆိုင်‌သောသူ မဟုတ်ပါ၍ သင်သည် သက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်သလို အာဏာရှင်တစ်ဦးမဟုတ်သည်ကို အမြဲတမ်းနှလုံးသွင်းထားရမည်။

နိုင်ငံ‌တော်သမ္မတသည် နိုင်ငံ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ အဆင့်အမြင့်ဆုံး‌သော အာဏာနှင့်ဩဇာကို ရရှိထား‌သော်လည်း သမ္မတသည် ‌လောကီအ‌ရေး၌ ဉာဏ်ပညာကြီးမား‌သော အဆင့်အမြင့်ဆုံး လူသားတစ်ဦးမဟုတ်သလို ‌လောကုတ်တရားကို လမ်းညွွှန်နိုင်သည့် ဘုရားတစ်ဆူမဟုတ်သည်ကို အလွန်သတိကြီးစွာ သတိပြုရမည်။

နိုင်ငံ‌တော်သမ္မတ‌လောင်း၏ မဲဆွယ်စည်းရုံးမှုများကို အကဲဖြတ်၍ နိုင်ငံသားများသည် နိုင်ငံအ‌ရေးကိစ္စများကို ‌ကောင်းမွန်စွာ စိစစ်ကွပ်ကဲနိုင်မည်ဟု ယုံကြည်မူတစ်စုံတရာဖြင့် နိုင်ငံ‌တော်၏ အ‌ရေးကိစ္စများကို စီမံ‌ဆောင်ရွက်ရန် နှစ်ကာလအကန့်အသတ် ဖြင့် အလုပ်ခန့်ထားခြင်းဖြစ်‌သောသမ္မတသည် နိုင်ငံနှင့်ပြည်သူ့တာဝန်ထမ်းရန် ခန့်အပ်ခံရ‌သော ပြည်သူ့ဝန်ထမ်း သို့မဟုတ် ပြည် သူ့‌ကျေးကျွန်ဖြစ်‌ကြောင်း သိမှတ်ပြီးဖြစ်ရမည်။

နိုင်ငံ‌တော်သမ္မတ၏ရပိုင်ခွင့်လစာ အမြင့်ဆုံးကိုယူ၍ နိုင်ငံ‌တော်သမ္မတနေထိုင်ရာ အ‌ကောင်းဆုံးအိမ်‌တော်တွင်‌နေထိုင်ပြီး နိုင်ငံ‌တော်သမ္မတနှင့်ထိုက်တန်‌သော အ‌ကောင်းဆုံးကားကို စီးပါ။ ကျွန်ုပ်တို့ နိုင်ငံသားများအ‌နေဖြင့် သမ္မတကဲ့သို့ စည်းစိမ်အ‌ဆောင်အ‌ယောင်မရှိ၍ သော်လည်း‌ကောင်း၊ မရရှိနိုင်၍‌ သော်လည်း‌ကောင်း၊ ရရှိနိုင်၍‌သော်လည်း‌ကောင်း သင့်အား စည်းစိမ်းအ ‌ဆောင်အ‌ယောင်များကို အလုံးစုံ‌ပေးအပ်ပါသည်။

နိုင်ငံ‌တော်သမ္မတအား အလုံးစုံ‌သော အမြင့်ဆုံးသမ္မတအိမ်‌တော်ကို ‌ပေးအပ်ထားခြင်းသည် ‌ဒေသအတွင်းမှ‌သော်လည်း‌ကောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ‌သော်လည်း‌ကောင်း၊ နိုင်ငံ၏ အ‌ရှေ့အ‌နောက်‌တောင်‌မြောက် အရပ်အသီးသီးမှ နိုင်ငံ‌တော်အဆင့် ဧည့်‌ကောင်း‌စောင်‌ကောင်းလာလျှင် တင့်တယ်‌စေရန်နှင့် နိုင်ငံတာဝန်ထမ်းရွက်ရန်အတွက် ‌ခြေခင်းလက်ခင်းသာ‌စေရန်ဖြစ်သည်။

ထို့‌ကြောင့် နိုင်ငံ‌တော်သမ္မတအပါအဝင် သမ္မတမိသားစုဝင်များ၊ ‌ဆွေမျိုး များအ‌နေဖြင့် သမ္မတအိမ်‌တော်နှင့်အိမ်‌တော်အတွင်းရှိ အ‌ဆောင်အ‌ယောင်များကို မိမိကိုယ်ပိုင်ပစ္စည်းဟုသ‌ဘောမထားဘဲ နိုင်ငံသားတို့၏ ဥစ္စာကို ငှားရမ်းသုံးစွဲ သည်ဖြစ်၍ သိုသိပ်ဆင်ခြင်စွာ အသုံးပြုပါ။

နိုင်ငံ‌တော်သမ္မတအား အလုံးစုံ‌သော အမြင့်ဆုံးလစာ‌ပေးအပ်ထားခြင်း သည် အဂတိမလိုက်စား ‌စေလို၍ဖြစ်ပြီး နိုင်ငံသားတို့ အ‌ပေါ် ဆင်းရဲ၏ ချမ်းသာ၏ ပညာတတ်၏ ပညာမဲ့၏ စသည်စသည်ဖြင့် ‌ကျောသားရင်သားခွဲခြား ဆက်ဆံမှုများကို မပြု‌စေလို ၍ နိုင်ငံသားတို့၏ ‌ငွေ‌ကြေးဖြင့် နိုင်ငံ‌တော် သမ္မတလစာဟု သတ်မှတ်‌ပေးထားခြင်းဖြစ်သည်။

နိုင်ငံ‌တော်သမ္မတ တာဝန်ထမ်း‌ဆောင်‌နေစဉ်အတွင်း သမ္မတ၏ အနီးအပါး၌ သမ္မတအသက်အန္တရာယ်လုံခြုံ‌ရေးအတွက် သက်‌တော်‌စောင့်များကို နိုင်ငံ‌တော်၏ ကုန်ကျစရိတ်ဖြင့် ခန့်ထား‌ပေးအပ်သည်။ နိုင်ငံ‌တော်သမ္မတ သက်‌တော်‌စောင့်သည် သူ၏ အသက်ကို အပ်နှင်း၍ နိုင်ငံ‌တော်သမ္မတတာဝန်ထမ်း‌ဆောင်‌နေသူ၏ တာဝန်ဝတ္တရားများမပျက်ကွက်‌စေရန် ‌စောင့်‌ရှောက်‌နေ သူများဖြစ်၍ သမ္မတ၏ တာဝန်နှင့်စပ်လျဉ်း‌သော တစ်စုံတရာအကာအကွယ်‌ပေးမှုမှလွဲ၍ နိုင်ငံ‌တော်သမ္မတ၏ တစ်ကိုယ်ရည် လူမှုဘဝအတွက် သက်‌တော်စောင့်သည် အသက်‌ပေးကာကွယ်ရန် မည်သည့်တာဝန်မှမရှိ‌စေရဟု သမ္မတအ‌နေဖြင့် နားလည်ပြီး ဖြစ်ရမည်။

နိုင်ငံ‌တော်သမ္မတ လုပ်‌ဆောင်ချက်များကို ပြည်သူက ‌ကျေနပ်သည်။ မ‌ကျေနပ်သည်။ ကြိုက်နှစ်သက်သည်။ မနှစ်သက်သည်။ စသည်စသည်ဖြင့် ထင်မြင်ယူဆဆုံးဖြတ်ကြမည်ဖြစ်ပြီး နိုင်ငံ‌တော်သမ္မတအ‌နေဖြင့် မလိုလားအပ်‌သော ကိုယ်‌ရောင်ကိုယ်ဝါ‌တောက်ပပြမှုမျိုးကို မပြုမိ‌စေရန် အထူးသတိပြုရမည်။

နိုင်ငံ‌တော်သမ္မတအ‌နေဖြင့် စိတ်တွင် စွဲထင်မှတ်ထားရမည်မှာ ငါသည် ပြည်သူ၏ ‌ကျေးဇူးရှင် မဟုတ်ဟုဖြစ်ပြီး နိုင်ငံသား များသည် င၏ ‌ကျေးဇူးရှင်ဖြစ်သည်ဟုသာ ဖြစ်သည်။ ထိုအချက်ကို ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မြဲစွာ ဆုတ်ကိုင်ထားရမည်။ ခါးဝတ်ပုဆိုးကဲ့သို့ မခိုင်မြဲ၍ မမြင်အပ်မမြင်ရာကို ရှက်ဖွယ်အလီလီ ထင်ထင်ရှားရှား‌ပေါ်‌ပေါက်လာသလို ‌ကျေးဇူးရှင်နိုင်ငံသား များကို အ‌လေးမမူပါကလည်း သင်အ‌နေဖြင့် ရှက်ဖွယ်အလီလီဖြစ်ရမည်ကို အလွန်အမင်း ‌တွေး‌ကြောက်‌နေပါ။

နိုင်ငံ‌တော်သမ္မတ‌နေရာသည် မည်သူတစ်ဦးတစ်‌ယောက်နှင့်သာ သက်ဆိုင်သည် ထိုသမ္မတ‌နေရာအား တစ်စုံတရာတာဝန်ယူ နိုင်သူမရှိ၍ မိမိသာ လုပ်‌ဆောင်‌နေရသည်ဟု တခွန်းတစ်ပါဒမျှ မဟပါ‌လေနှင့်။ ကျွန်ုပ်တို့ နိုင်ငံသားများက ထိုသမ္မတ‌နေရာကို အလစ်အလပ်မရှိ၊ အပြတ်အ‌တောက်မရှိ ခန့်ထားနိုင်ရန် အသင့်အ‌နေအထားဖြင့် အပြည့်အဝတာဝန်ယူထားပြီးဖြစ်သည်။

နိုင်ငံ‌တော်သမ္မတသည် ပြည်သူ့တာဝန်ကို အကြားအလပ်မရှိ၊ အကန့်အသတ်မရှိ ထမ်း‌ဆောင်ထမ်းရွက်ရမည်သူဖြစ်၍ သင်သည် သင်၏ တာဝန်ကိုသာ အာရုံထားရမည်ဖြစ်သည်။ ထင်‌ပေါ်‌ကျော်ကြားသူ အနုပညာရှင်များကဲ့သို့ ထင်‌ပေါ်လိုခြင်း အရှင်းမရှိရဘဲ သိုသိပ်ကျစ်လစ်စွာ ‌နေထိုင်တတ်ရမည်ဖြစ်သည်။

နိုင်ငံ‌တော်သမ္မတဟူသည် သင်နှင့်အတူ နိုင်ငံသားများ‌နေထိုင်ရာ ‌ရေ‌မြေ ‌တော‌တောင်၊ ‌မြေထု၊ ‌လေထု၊ ‌ရေထု၊ လူထုအတွင်းရှိ ထုပတိအသီးသီးမှ ‌လောက၌ အင်အားအကြီးဆုံး သတ္တဝါဖြစ်‌သော လူအများက တိုင်း‌ရေးပြည်ရာများကို စီမံခန့်ခွဲအုပ်ချုပ်နိုင်ရန် တင်‌မြှောက်ခံရ‌သောမင်း ဖြစ်သည်ကို မ‌မေ့ရန်သတိ‌ပေးသည်။

နိုင်ငံ‌တော်သမ္မတသည် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့်အခြားဥပ‌ဒေများက အပ်နှင်းထား‌သောတာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးရမည်ဖြစ်၍ နိုင်ငံ‌တော် သမ္မတသည် ဥပ‌ဒေအထက်တွင် မည်သည့်အခါမျှ မရှိရပါ။

နိုင်ငံ‌တော်သမ္မတဟူသည် နိုင်ငံတစ်ခုက ‌လေးနှစ်နှင့် ငါးနှစ်ဆို‌သော အချိန်အကန့်အသတ်တစ်စုံတရာဖြင့် တင်‌မြောက်လိုက်‌သော လူအများ၏ အကျိုးစီးပွားကို ကာကွယ်‌စောင့်‌ရှောက်ရန်ဖြစ်၍ နိုင်ငံ‌တော်သမ္မတမျိုးရိုးဟူ၍ သန်း‌ပေါင်းခုနှစ်‌ထောင် မှီတင်‌နေထိုင်‌သော ဤပထဝီ‌မြေကြီး၌ အလျဉ်းမရှိ‌စေရ၊ မည်သည့်အခါမျှ မရှင်သန်‌စေရဟု နိုင်ငံသားများ၊ ပထဝီ‌မြေကြီးအတွင်း မှီတင်း‌နေထိုင်သူများက အတိအလင်းပညတ်ပါသည်။

နိုင်ငံ‌တော်သမ္မတမျိုးရိုး မရှိ‌စေရဟူ‌သောပညတ်‌ကြောင့် သမ္မတတစ်ဦးဦးသည် မျိုးရိုးစဉ်ဆက်အလို့ငှာ၊ အာဏာလက်ဝါးကြီး အုပ်လိုသည့် အလို့ငှာနှင့် သမ္မတလူတန်းစားတစ်ရပ်‌ပေါ်ထွက်လာရန် အလို့ငှာ၊ နိုင်ငံ‌တော်သမ္မတ အသွင်ယူ၍ အာဏာရှင်မျိုး ဆက်တစ်ရပ်‌ပေါ်ထွန်းလာရန် ကြံစည်ခြင်း၊ အားထုတ်ခြင်း၊ ပျိုး‌ထောင်ခြင်း၊ ‌မွေးမြူခြင်း အလျှင်မရှိ‌စေရဟု အတိအလင်း ‌ကြေညာ၍ နိုင်ငံသားများက ကန့်သတ်ထိန်း‌ကြောင်းသည်။

လေးနှစ် တစ်သက်တမ်း‌သော်လည်း‌ကောင်း၊ ငါးနှစ် တစ်သက်တမ်းသော်လည်း‌ကောင်း သက်တမ်းကန့်သတ်ချက်ဖြင့် နိုင်ငံ‌တော်သမ္မတသည် ပထမသမ္မတသက်တမ်းနှင့် ဒုတိယသမ္မတသက်တမ်းဆို‌သော သမ္မတသက် တမ်းနှစ်ကြိမ်မှလွဲ၍ ဤကမ္ဘာ‌မြေတွင် သက်‌တော်ရှည်သမ္မတ သို့တည်းမဟုတ် အမြဲတမ်းသမ္မတ သို့တည်းမဟုတ် သက်တမ်းရှည်သမ္မတဟူ၍ အလျဉ်းမရှိ ‌စေရဟု နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားများက ကန့်သတ်ထိန်းချုပ်သည်။

‌ပေးလှူခြင်း၊ ငါးပါး‌သော သီလနှင့်ပြည့်စုံခြင်း၊ အမှုထမ်းတို့အား ရိက္ခာပေးကမ်းခြင်း၊ ရိုးသား‌ဖြောင့်မတ်ခြင်း၊ သာယာနူးညံ စွာ ‌ပြောဆိုကျင့်ကြံခြင်း၊ အကျင့်သီလတို့ကို ခြိုးခြံစွာ ‌စောင့်သုံးခြင်း၊ အမျက်မထွက်ခြင်း၊ မနှိပ်စက်ခြင်း၊ သည်းခံခြင်းနှင့် ပြည်သူတို့ သ‌ဘောနှင့်မဆန့်ကျင်ခြင်းဆို‌သော မင်းကျင့်တရား ဆယ်ပါးသည် နိုင်ငံ‌တော်သမ္မတအ‌နေဖြင့် ကျင့်ကြံရမည့် ကိုယ်ကျင့်တရားဖြစ်သည်ကို အလျဉ်းမ‌မေ့ရပါဘဲ အ‌သေအချာအတိအကျ ကျင့်ကြံ‌နေထိုင်ရမည်။

မင်းကျင့်တရားဆယ်ပါးတွင် ကိုးပါး‌သောအကျင့်အကြံများသည် နိုင်ငံ‌တော်သမ္မတကိုယ်တိုင်ကျင့်ကြံ‌စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများ၊ သီလများဖြစ်သည်။ ဆယ်ပါး‌မြောက်‌သော မင်းကျင့်တရား အမှတ် ၁ဝ ပြည်သူတို့ သ‌ဘောနှင့်မဆန့်ကျင် ခြင်းဆိုသည်မှာ နိုင်ငံသားတို့၏ သ‌ဘောထားနှင့် ဩဇာသည် မည်မျှအ‌ရေးကြီးသည်ကို ‌ဖော်ပြ‌နေပြီး နိုင်ငံသားတို့၏ သ‌ဘော ထားကို မည်သည့်နည်းနှင့်မျှ မဆန့်ကျင်ဘဲ အ‌လေးအနက်ပြုရမည်။ အထူးပြု ကျင့်ကြံလိုက်နာရမည်။

ရန်သူမျိုး ငါးပါးတွင် ‌ရေ၊ မီး၊ မင်း၊ ‌လေနှင့် ခိုးသူ ဟု အတိအလင်း ရန်သူစာရင်းပြုကြရာတွင် နိုင်ငံ‌တော်သမ္မတမည်‌သော ‘မင်း’သည် ရန်သူစာရင်းဝင်သည်ကို သတိပြုပါ။ နိုင်ငံသားများသည် မင်းဖြစ်သူ နိုင်ငံ‌တော်သမ္မတ၏ ရန်သူအလျဉ်းမဟုတ် သည်ကိုလည်း လွန်စွာသတိပြုရမည်ဖြစ်သည်။ မိဘပြည်သူ များခင်ဗျာဟု မြည်သံစွဲ၍ လူကြားသူကြား‌ကောင်း‌အောင် ပြည်သူ သာ အမိ၊ ပြည်သူသာ အဖဟု ဆို‌နေသည်ထက် နိုင်ငံသားများကို မိဘသဖွယ်အရိုအ‌သေ အ‌လေးအမြတ်ထားရမည်ဖြစ်သည်။

မိဘပြည်သူများခင်ဗျား

သမ္မတဟူသည် နိုင်ငံသားများအကြားမှ နိုင်ငံသားများက ‌ရွေး‌ကောက်တင်‌မြှောက်လိုက်သည့် နိုင်ငံသားတစ်ဦးဖြစ်သည်ကို မ‌မေ့မ‌လျော့ဆင်ခြင် နှလုံးသွင်းပါ။ နိုင်ငံသားများက ‌မွေးဖွားသန့်စင်‌ပေး‌သော သမ္မတသည် မိဘနှင့်တူ ‌သော နိုင်ငံသားများကို ရို‌သေ‌လေးစား၍ တိုင်းပြည်အကျိုးကို အားကြိုးမာန်တက် ထမ်းရွက်တတ်‌စေရန် မိဘပြည်သူများအ‌နေဖြင့် ‌ကောင်းမွန်စွာ ပြုပြင် ထိန်း‌ကြောင်း ဆုံးမသင်ကြား‌ပေးကြပါရန် အနူးအညွတ်‌မေတ္တာရပ်ခံအပ်ပါသည်။

ဤနိုင်ငံ‌တော်သမ္မတဖတ်စာသည် အရပ်သားစစ်စစ် နိုင်ငံသားဘဝမှ နိုင်ငံတော်သမ္မတအဖြစ် ‌ရောက်ရှိလာမည့်သူများကို ရည်ညွွှန်းပြီး မိုးကျ‌ရွှေကိုယ်သမ္မတများ၊ အရပ်သားအ‌ယောင်‌ဆောင်သမ္မတများ၊ ပြည်သူက မလိုလား‌သော သမ္မတအတုအ‌ယောင် များနှင့် သက်ဆိုင်ခြင်းအလျဉ်းမရှိ‌စေရ။ သမ္မတဟူသည် လူအများက တင်‌မြှောက်‌သော မင်းဖြစ်သည်ကို မိဘပြည်သူများအနေ ဖြင့် အစဉ်အမြဲသတိပြုနိုင်ကြပြီး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါ‌စေ။

ဟန်ဆန်း

အလင်းတန်းဂျာနယ်၊ အမှတ်(၈၇၆)၊ အောက်တိုဘာ ၁၂၊ ၂၀၁၅

Category: Literature

Post navigation

← ကိုယ့်ပုံတူ | Self-Portrait
ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme