Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဗီဒီယိုတယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း

Posted on January 11, 2016September 3, 2025 by Han Zaw
Video Teleconfrence
ဗီဒီယိုတယ်လီဖုန်းဆက်သွယ်နိုင်ခြင်း

မိုဘိုင်းဆက်သွယ်‌ရေးစနစ် ဖွံ့ဖြိုးတိုးတက်‌တော့မည့်အရိပ်အ‌ရောင်များ မြန်မာနိုင်ငံတွင် လင်းလက်လာပြီဖြစ်သည်။ ၁ဝ နှစ်တာ ကာလနီးပါး‌နောက်ကျခဲ့သည့် မိုဘိုင်းဆက်သွယ်‌ရေးစနစ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် ‌နောက်ကလိုက်ရ‌တော့မည်ဖြစ်သည်။ မိုဘိုင်းတယ်လီဖုန်းမျိုးဆက်သည် ‌လေးဆက်ရှိ‌နေပြီဖြစ်သကဲ့သို့ ပဉ္စမမျိုးဆက်‌မွေးဖွားနိုင်ရန်လည်း အရှိန်ယူ‌နေပြီဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြု‌နေသည့် မိုဘိုင်းမျိုးဆက်သည် တတိယမျိုးဆက် ဖြစ်သည်။ တတိယမျိုးဆက်ကို နည်းပညာ‌လောကတွင် 3G ဟု‌ခေါ်ဆိုသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်‌ရေးကဏ္ဍတွင် တာဝန်ယူမည့် ‌အော်ပ‌ရေတာ ၄ ခု အနက် ၂ ခုဖြစ်‌သော ‌အော်ရီဒူးနှင့်တယ်လီ‌နောတို့သည် စတုတ္ထုမျိုးဆက် မိုဘိုင်းဆက်သွယ်‌ရေးစနစ်(4G)ကို ပြင်ဆင်‌နေကြပြီဖြစ်သည်။ စတုတ္ထုမျိုးဆက် မိုဘိုင်းဆက်သွယ်‌ရေးစနစ်တွင် ဗီဒီယိုဖုန်း ‌ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့‌ကြောင့် စမတ်ဖုန်းထုတ်လုပ်‌ရောင်းချ‌သော ကုမ္ဋဏီများနှင့်အ‌ရောင်းဆိုင်များသည် ဗီဒီယိုဖုန်း‌ခေါ်ဆိုနိုင်‌သော စမတ်ဖုန်းများကို ပြည်တွင်းတွင် ‌ရောင်းချလာကြပြီဖြစ်သည်။

ဗီဒီယိုတယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း

ဗီဒီယိုရုပ်သံများကို မတူညီသည့်‌ဒေသများမှ တစ်ဦးထက်ပို‌သောသူများက အချိန်နှင့်တ‌ပြေးညီ‌ပေးပို့နိုင်ခြင်း၊ လက်ခံနိုင်ခြင်းအား ဗီဒီယိုတယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းဟု ဆိုသည်။ ‌နေရာ‌ဒေသမတူညီ‌သော ‌နေရာများတွင် ‌နေထိုင်သူများသည် အ‌ကြောင်းအရာ တစ်ခုကို တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် အပြန်အလှန်‌ဆွေး‌နွေး‌ပြောဆိုနိုင်သကဲ့သို့ ဗီဒီယိုနှင့်တယ်လီဖုန်းနည်းပညာကို အသုံးပြု၍ ဆက်သွယ်ခြင်းဟုလည်း ဗီဒီယိုတယ်လီဖုန်းဆက်သွယ်ခြင်းကို အဓိပ္ဋါယ်ဖွင့်နိုင်မည်ဖြစ်သည်။

အုပ်ချုပ်‌ရေးလုပ်ငန်း၊ ကျန်းမာ‌ရေးလုပ်ငန်း၊ ပညာ‌ရေးလုပ်ငန်းနှင့်သတင်းထုတ်လွွှင့်မှုလုပ်ငန်းများတွင် ဗီဒီယိုတယ်လီဖုန်း ဆက်သွယ်ခြင်း နည်းပညာကို အသုံးပြု‌နေကြပြီဖြစ်သည်။ အဆိုပါ ဆက်သွယ်‌ရေးစနစ်ကို အင်္ဂလိပ်ဘာသာဖြင့် Videotelephony  ဟု ‌ခေါ်ဆိုသည်။ အင်္ဂလိပ်‌ဝေါဟာရ Video(ဗီဒီယို)နှင့်Telephony (တယ်လီဖုန်း‌ခေါ်ဆိုခြင်း)နှစ်ခုကို ‌ပေါင်းစည်းထားသည့် စကားလုံးဖြစ်သည်။ ထိုစကားလုံးကို နည်းပညာ‌ကြောင့် ‌မွေးဖွားလာ‌သောစကားလုံးအသစ်တစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဖြစ် သည်။

ဗီဒီယိုတယ်လီဖုန်းဆက်သွယ်ခြင်းနည်းစနစ်ကို ၁၉ ရာစုနှစ်‌နှောင်းပိုင်းကာလတွင် တန်ဖိုးကြီးမားစွာအသုံးပြုခဲ့ကြရပြီး ထိုစနစ်ကို အသုံးပြုနိုင်ရန် ၁၉ ရာစု ဝန်းကျင်၌စတင်၍ စိတ်ကူးပုံ‌ဖော်ခဲ့ကြသည်ဟုဆိုသည်။ အင်တာနက်နည်းပညာ တိုး တက်လာ‌သော‌ကြောင့် ဗီဒီယိုတယ်လီဖုန်းဆက်သွယ်ခြင်းအတွက် ကုန်ကျစရိတ်သက်သာလာခဲ့သည်။ ထို့‌ကြောင့် လူတိုင်း၏ လက်အတွင်းရှိ‌နေသည့် စမတ်ဖုန်းများဖြင့် ဗီဒီယိုဖုန်း‌ခေါ်ဆိုခြင်းများကို ပြုလုပ်လာနိုင်ကြသည်။ လက်ရှိကာလတွင် ‌ပြောင်းလဲ‌နေသည့် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် အ‌ခြေအ‌နေအရ ဗီဒီယိုတယ်လီဖုန်းဆက်သွယ်နိုင်ခြင်းအ‌နေအထားသို့ အလျှင်အမြန်‌ရောက်ရှိလာမည်ဖြစ်သည်။

ဗီဒီယိုတယ်လီဖုန်းဆက်သွယ်နိုင်ခြင်းကို အမျိုးအစား ၄ ခုခွဲနိုင်ပါသည်။ ထိုအမျိုးအစားများမှာ ဗီဒီယိုဖုန်း၊ ဗီဒီယိုကွန်ဖရင့်၊ တယ်လီပရီဇင့်နှင့်ဝက်ဘ်ကမ်တို့ ပါဝင်သည်။ ယင်းအမျိုးအစားတို့သည် ဗီဒီယိုတယ်လီဖုန်းဆက်သွယ်‌ရေးစနစ်များလည်း ဖြစ်သည်။

ဗီဒီယိုဖုန်း

ဗီဒီယိုဖုန်း‌ခေါ်ဆိုနိုင်မှုကို ၁၉၂ရ ခုနှစ်၌ အ‌နောက်ဥ‌ရောပနိုင်ငံများတွင် စမ်းသပ်အသုံးပြုခဲ့ကြသည်ဟု သိရသည်။ ၁၉၃ဝ ခုနှစ်‌နောက်ပိုင်းကာလများတွင် တယ်လီဖုန်းရုံးများ၌ ဗီဒီယိုဖုန်း‌ခေါ်ဆိုနိုင်ခဲ့‌ကြောင်း သိရသည်။ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုဖုန်း‌ခေါ်ဆိုနိုင် ခြင်းကို နိုင်ငံအချို့တွင် အသုံးပြု‌နေနိုင်ပြီဖြစ်ပြီး ဗီဒီယိုဖုန်းသည် ‌ယေဘုယျအားဖြင့် လူတစ်ဦးမှ လူတစ်ဦးကို ဆက်သွယ်နိုင်ခြင်း သာဖြစ်သည်။

ဗီဒီယိုကွန်ဖရင့်

ဗီဒီယိုကွန်ဖရင့်ကို ၁၉၇ဝ ခုနှစ်‌နောက်ပိုင်းတွင် အ‌စောဆုံးအသုံးပြုခဲ့သည်ဟု သိရသည်။ ဗီဒီယိုကွန်ဖရင့်စနစ်သည် ပြင်ပတွင် လူအများအပြားဖြင့် ပုံမှန်ကွန် ဖရင့်ပြုလုပ်သကဲ့သို့ ပြုလုပ်နိုင်‌သောစနစ်ဖြစ်သည်။ မတူညီ‌သော‌ဒေသမှ လူများ၊ ‌ရေခြား‌မြေခြားမှ လူများသည် မိမိ‌နေထိုင်ရာ‌နေအိမ် သို့မဟုတ် ရုံးခန်း အတွင်းမှ‌နေ၍ ကွန်ဖရင့်တက်‌ရောက်နိုင်ပြီး ပါဝင်‌ဆွေး‌နွေးရမည့်အ‌ကြောင်း အရာများကို အချိန်နှင့်တ‌ပြေးညီ ‌ဆွေး‌နွေးနိုင်မည်ဖြစ်သည်။

တယ်လီပရီဇင့်

တယ်လီပရီဇင့်သည်လည်း ဗီဒီယိုဖုန်း‌ခေါ်ဆိုခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးဆက်သွယ်‌ပြောဆိုခြင်း၊ မိန့်ခွန်း‌ပြောကြားခြင်း၊ အစည်း အ‌ဝေးပြုလုပ်ခြင်းနှင့်လူထု ဆက်သွယ်‌ရေးလုပ်ငန်းများကို အချိန်နှင့်တ‌ပြေးညီလုပ်ကိုင်ခြင်းကို ဆိုလိုသည်။

ဝက်ဘ်ကမ်

ဝက်ဘ်ကမ်ဖြင့် ဗီဒီယိုဖုန်း‌ခေါ်ဆိုခြင်းသည် စရိတ်သက်သာ၍ ကွန်ပျူတာအသုံးပြုသူတိုင်း လွယ်လင့်တကူအသုံးပြုနိုင်သည်။ ဗီဇက်အို(VZO) အသုံးပြုခြင်း၊ စကိုက်စ်(Skype)အသုံးပြုခြင်းတို့သည် ဗီဒီယိုတယ်လီဖုန်းဆက်သွယ်‌ရေးစနစ်ကို အသုံးချခြင်း ပင်ဖြစ်သည်။

ဟန်‌ဇော်

ကိုးကား။  ။ဝီကီပီးဒီးယား

၂ဝ၁၄ ခုနှစ် စက်တင်ဘာလထုတ်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ‌ဖော်ပြခဲ့သည်။

Category: Tech

Post navigation

← အရွယ်သေးသေး ပမာဏမြင့်မြင့်
ဇော်ဂျီနှင့်မြန်မာသရီး စံနှုန်းမတူရခြင်းအကြောင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme