Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အရွယ်သေးသေး ပမာဏမြင့်မြင့်

Posted on January 11, 2016September 3, 2025 by Han Zaw
SD card
SD card

512GB  အရွယ်အစား အချက်အလက်သိမ်းဆည်းနိုင်သည့်တံဆိပ်‌ခေါင်းအရွယ် SD ကတ်ကို အ‌မေရိကန်‌ဒေါ်လာ ၈ဝဝ ဖြင့် ‌ရောင်းချ‌တော့မည်ဆို‌သော သတင်းများ နည်းပညာ‌လောကတွင် ပြီးခဲ့တဲ့လအတွင်းက ထွက်‌ပေါ်ခဲ့သည်။ ထိုသတင်းသည် iPhone 6 သတင်းနှင့် မ‌ရှေးမ‌နှောင်းထွက်‌ပေါ်ခဲ့‌သော်လည်း iPhone 6  သတင်း‌လောက် သတင်းမကြီးခဲ့ပါ။

512MB  အရွယ်အစား Memory Card ကို ထုတ်လုပ်ဖြန့်ချိအပြီး ၁ဝ နှစ်တာကာလအလွန်တွင် 512GB အရွယ်အစား Memory Card အား ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ 2TB(2 Terabytes) အရွယ်အစားရှိ‌သော Memory Card, SD Card  များကိုလည်း ထုတ်လုပ်လာနိုင်မည်ဟု သိရပါ သည်။ အရွယ်အစားကြီးမားသည့် SD card  ကို ရုပ်ရှင်ဗီဒီယိုရိုက်ကူးသူများနှင့် အရည်အ‌သွေးကြီးမားသည့် ဓာတ်ပုံရိုက်ကူးလိုသူများကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်ခြင်းဖြစ်သည်။ SD card  များသည် အရွယ်အစား သိပ်သည်းကျစ်လစ်ခြင်း၊ သယ်ယူရလွယ်ကူခြင်း၊ အရည်အ‌သွေးမြင့်မား၍ ပမာဏကြီးမားသည့် အချက်အလက်များကို သိမ်းဆည်းထားနိုင်ခြင်းတို့‌ကြောင့် အသုံးတွင်ကျယ်ပြီး အသုံးပြုသူများအကြား၌ ‌ရေပန်းစားလှပါသည်။ SD card များကို ကင်မရာများ နှင့်လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း‌ကြောင့် လူတိုင်း၏ ‌နေ့စဉ်အသုံးပြု‌နေရ‌သောအသုံးအ‌ဆောင်ဘဝကို ‌ရောက်ရှိလာပါသည်။ ကင်မရာများ တွင် 512 GB ပမာဏရှိသည့် SD card များကို အသုံးပြုလာနိုင်ပါက နာရီ ၃ဝ ကြာမြင့်သည့် HD အရည်အ‌သွေးရှိ ဗီဒီယိုများကို ရိုက်ကူးလာနိုင်ပါမည်။

မိုဘိုင်းကိရိယာများကို ခွဲခြား‌လေ့လာ‌နေ‌သောပညာရှင်တစ်ဦးဖြစ်သူ John Delaney က ‘‘အရည်အ‌သွေးမြင့်မားပြီး သိမ်းဆည်းနိုင်တဲ့ပမာဏ မြင့်မား‌သော SD card ‌ေတွကို အသုံးပြုသူများက နှစ်သက်ကြပါလိမ့်မယ်။ SD card များဟာ ရုပ်ဝတ္ထုနဲ့ တည်‌ဆောက်ထားတာဖြစ်တဲ့အတွက် ပျက်စီးနိုင်တယ်။ ‌ပျောက်ဆုံးနိုင် ပါတယ်။ ပျက်စီး‌ပျောက်ဆုံးသွားတဲ့အခါ အရည်အ‌သွေးကြီးမားခြင်း‌တွေ ပမာဏကြီးများခြင်း‌တွေ အားလုံးကို ဆုံးရှုံးသွားပါမယ်။ ဆုံးရှုံးမှုပမာဏကြီးမား သွားမယ်။ အဲဒီအခါ အသုံးပြုသူ‌တွေက Cloud Storage (အင်တာနက်မှတဆင့် အွန်လိုင်းတွင်သိမ်းဆည်းခြင်း)ကို အစားထိုးပြီး‌တော့ အသုံးပြုလာကြမယ်’’ဟု သုံးသပ်‌ပြောဆိုခဲ့သည်။

KB, MB, GB, TB, PB ဆိုသည်မှာ

အချက်အလက်များကို သိမ်းဆည်းနိုင်သည့်ပမာဏအ‌ကြောင်းများကို ‌လေ့လာ‌သောအခါ အ‌ခေါ်အ‌ဝေါ်များနှင့်သိမ်းဆည်းနိုင်သည့် ပမာဏတွက်ချက်ခြင်းများကို သိရှိထားရန်လိုအပ်သည်။ ထို‌ကြောင့် ‌အောက်‌ဖော်ပြပါ ဇယားကို တင်ပြလိုပါသည်။

                  1024 bytes = 1KB

                  1024 KB = 1MB

                  1024 MB = 1GB

                  1024 GB = 1TB

                  1024 TB = 1PB

 ‌ဖော်ပြပါဇယားတွင် မြင်‌တွေ့ရသည့် အတိုင်း 1024 bytes ပမာဏကို 1KB ဟု ‌ရေတွက်ပါသည်။ 1024 KB ပမာဏကို 1MB ဟု ‌ရေတွက်ပါသည်။ 1024 MB ပမာဏကို 1GB အဖြစ် ‌ရေတွက်ပါသည်။ 1024 GB ပမာဏကို 1TB ပမာဏအဖြစ် ‌ရေတွက်ပါသည်။ 1TB ပမာဏကို 1024 PB အဖြစ် ‌ရေတွက်ပါသည်။ သိမ်းဆည်းနိုင်‌သော ပမာဏတန်ဖိုး မြင့်မားလာမှုနှုန်းကို တန်ဖိုးအစဉ်အတိုင်း Byte, KB, MB, GB, TB, PB ဟု မှတ်သားထားနိုင်ပါသည်။

 KB အသုံးသည် Kilobyte ၏ အတို‌ကောက် ‌ဝေါဟာရဖြစ်သည်။

MB အသုံးသည် Megabyte ၏ အတို‌ကောက် ‌ဝေါဟာရဖြစ်သည်။

GB အသုံးသည် Gigabyte ၏ အတို‌ကောက် ‌ဝေါဟာရဖြစ်သည်။

TB အသုံးသည် Terabyte ၏ အတို‌ကောက် ‌ဝေါဟာရဖြစ်သည်။

PB အသုံးသည် Petabyte ၏ အတို‌ကောက် ‌ဝေါဟာရဖြစ်သည်။

‌ဖော်ပြပါ ‌ဝေါဟာရနှင့်‌ရေတွက်သည့် ပုံသဏ္ဍာန်များကို သိရှိထားခြင်းအားဖြင့် မိမိသိမ်းဆည်းလို‌သော အချက်အလက်၏ပမာဏကို တွက်ချက်နိုင်မည်ဖြစ်သကဲ့ သို့ မြန်မာ့ဆက်သွယ်‌ရေးကဏ္ဍတွင် ‌ပြောင်းလဲအသုံးပြုလာသည့် သုံးစွဲသည့် အချက်အလက်ပမာဏဖြင့် အသုံးပြုခ‌ပေး‌ချေရခြင်းအတွက်လည်း အသုံးတည့် လာမည်ဖြစ်ပါသည်။

SD card ဆိုသည်မှာ

SD card ဆိုသည်‌သော‌ဝေါဟာရသည် Secure Digital ၏ အတို‌ကောက်‌ဝေါဟာရတစ်ခုဖြစ်သည်။ Secure Digital ကို မြန်မာဘာသာဖြင့် တိုက်ရိုက်ဘာသာပြန် လျှင် ဒီဂျစ်တယ်အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းခြင်းကတ်ပြားဟု ဆိုရမည်ဖြစ်သည်။ မည်သို့ပင်ဆို‌စေ။ စာ‌ရေးသူအ‌နေဖြင့် SD ကတ်ကို အက်စ်ဒီ ကတ်၊ မီမိုရီကတ်ဟုသာ အသံလှယ်၍ ‌ခေါ်ဆိုလိုပါသည်။

ဟန်‌ဇော်

၂ဝ၁၄ ခုနှစ် ‌အောင်တိုဘာလထုတ်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ‌ဖော်ပြခဲ့သည်။

Category: Book, Tech

Post navigation

← ခေတ်စမ်းစာပေ
ဗီဒီယိုတယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme