Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ပုံနှိပ်မှသည် အီလက်ထရောနစ်သို့

Posted on August 15, 2015September 3, 2025 by Han Zaw

ebook Illustrationနှစ် ၈ဝ လွန် နယူးစ်ဝိခ်

၂ဝ၁၅ ခုနှစ်၏ နှစ်ကုန်ပိုင်းတွင် သတင်းစာ၊ မဂ္ဂဇင်းများကို ဖတ်ရှုသူ ထက်ဝက်ခန့်သည် အီလက်ထ‌ရောနစ်မူများကိုသာ အသုံးပြု‌တော့မည်ဟု ‌ဈေးကွက်သု‌တေသန‌လေ့လာသူများက ‌ပြောသည်။ အစဉ်အလာအရထုတ်‌ဝေခဲ့သည့် စက္ကူဖြင့်ထုတ်လုပ်သည့် ပုံနှိပ်မူများ‌နေရာတွင် အီလက်ထ‌ရောနစ်မူများက ‌နေရာယူလာကြမည်ဟုလည်း သုံးသပ်‌ပြောဆိုလာကြသည်။ ထိုအ‌ခြေအ‌နေကို ကမ္ဘာ‌ကျော်နယူးစ်ဝိခ်မဂ္ဂဇင်းက သက်‌သေထူလိုက်သည်။ နယူးစ်ဝိခ်မဂ္ဂဇင်းကို ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီက စတင်ထုတ်‌ဝေ ခဲ့သည်။ ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းသည် မဂ္ဂဇင်းထုတ်‌ဝေခြင်း နှစ် ၈ဝ ပြည့်‌သောနှစ်ဖြစ်သည်။ ထိုသို့နှစ်‌ပေါင်း ၈ဝ ပြည့်ခဲ့‌သော နယူးစ်ဝိခ်သည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ (ယခုလ)မှစ၍ အီလက်ထ‌ရောနစ်မူအဖြစ်သာ ထုတ်‌ဝေ‌တော့မည်ဖြစ်သည်။ ထိုသို့ထုတ်‌ဝေခြင်းသည် ပုံနှိပ်ထုတ်‌ဝေမှုတွင် ‌စောင်‌ရေထက်ဝက်နီးပါးကျဆင်းရ‌သော‌ကြောင့် ဖြစ်သည်။ ‌စောင်‌ရေကျခြင်း‌ကြောင့် ‌ဒေါ်လာသန်း ၄ဝ ခန့် နှစ်စဉ်ဆုံးရှုံး‌နေပြီး ‌ကြော်ငြာ ရရှိမှုသည်လည်း ၈ဝ ရာခိုင်းနှုန်းခန့် ကျဆင်းခဲ့သည်။

 

အင်တာနက်က အစဉ်အလာထုတ်‌ဝေခြင်းကို အလဲထိုး

ထိုသို့ ပုံနှိပ်မူမှဒစ်ဂျစ်တယ်မူသို့ ‌ပြောင်းလဲရခြင်းသည်လည်း အင်တာနက်၏ အကျိုးသက်‌ရောက်မှု ကြီးမားလာခြင်း‌ကြောင့်ဖြစ်သည်။ သယ်ယူရလွယ်ကူသော ကွန်ပျူတာအသုံးများလာခြင်း၊ အွန်လိုင်းမီဒီယာများ အား‌ကောင်းလာခြင်း၊ အင်တာနက်နည်းပညာများဖွံ့ဖြိုးလာခြင်းနှင့် အွန်လိုင်း‌ပေါ်က ဖြန့်ချိ‌ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း‌ကြောင့်ဖြစ်သည်ဟု ‌ဈေးကွက်သု‌တေသနပြုသူများက ‌ထောက်ပြခဲ့ကြသည်။ ထို့အတူ သတင်းစာ၊ မဂ္ဂဇင်းနှင့်စာ‌ပေထုတ်‌ဝေ၊ ဖြန့်ချိခြင်းလုပ်ငန်း များသည် အွန်လိုင်းအ‌ခြေပြုစနစ်‌ပေါ်သို့ ‌ရောက်ရှိလာမည်ဖြစ်သည်။ ထို့‌ကြောင့် အွန်လိုင်းထုတ်‌ဝေခြင်းလုပ်ငန်းများနှင့်အီလက်ထ‌ရောနစ်ထုတ်‌ဝေခြင်းလုပ်ငန်း များကို ‌လေ့လာပြင်ဆင်သင့်သည်ဟု ‌ပြောဆိုလာကြသည်။

အီလက်ထ‌ရောနစ် ပုံနှိပ်ထုတ်‌ဝေခြင်း၊ ဖြန့်ဖြူးခြင်းသို့

အီလက်ထ‌ရောနစ်ပုံနှိပ်ထုတ်‌ဝေခြင်း(ePublishing)ကို ဒီဂျစ်တယ်ပုံနှိပ်ထုတ်‌ဝေခြင်း(digital publishing)ဟုလည်း ‌ခေါ်ဆိုကြသည်။ ဒီဂျစ်တယ်ပုံနှိပ် ထုတ်ဝေခြင်းတွင် အီးဘုတ်ခ်(eBooks)၊ EPUBs နှင့်အီလက်ထ‌ရောနစ်မူစာ‌ပေများပါဝင်သည်။ အီလက်ထ‌ရောနစ်မူဖြင့် ထုတ်‌ဝေလိုက်သည့် စာ‌ပေများကို ဖြန့်ဖြူးရန်အတွက် အွန်လိုင်းကိုသာ အဓိကအားထားသည်။ Apple ၏ iTunes စာအုပ်စတိုး၊ Amazon ၏ အွန်လိုင်းစာအုပ်စတိုးနှင့် Google ၏ Android ‌ဈေးကွက်တို့သည် အီလက်ထ‌ရောနစ်မူစာအုပ်များကို အဓိကဖြန့်ဖြူးသည့်‌နေရာများပင် ဖြစ်သည်။ အီလက်ထ‌ရောနစ်ထုတ်‌ဝေခြင်းစနစ်ဖြင့် ထုတ်‌ဝေလာ‌သော စာအုပ်စာ‌ပေများကို သင်ပုန်းကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ အီလက်ထ‌ရောနစ်စာစဉ်ဖတ်နိုင်သည့် ကိရိယာများနှင့် ကွန်ပျူတာကို အသုံးပြု၍ ဖတ်ရှုရမည်ဖြစ်သည်။ တစ်ချို့‌သော စာအုပ်များကို စာဖတ်သူမှ ပုံနှိပ်လိုပါက ပုံထုတ်စက်များ(Printer)ဖြင့်ထုတ်၍ ဖတ်ရှုရမည်ဖြစ်သည်။ Apple  ၏ iPad ၊ Microsoft ၏ Surface နှင့် Amazon ၏ Kindle တို့သည် အီလက်ထ‌ရောနစ်မူဖြင့် ထုတ်‌ဝေသည့် စာအုပ်၊ မဂ္ဂဇင်းနှင့်သတင်းစာများကို ဖတ်ရှုနိုင်သည့် သင်ပုန်းကွန်ပျူတာများ ပင်ဖြစ်သည်။

ပြောင်းလဲသွား‌သော အချက်နှစ်ချက်

စာ‌ပေထုတ်‌ဝေခြင်းလုပ်ငန်းများကို အီလက်ထ‌ရောနစ်ထုတ်‌ဝေခြင်းစနစ်သို့ ‌ပြောင်းလဲထုတ်‌ဝေခြင်းတွင် ထူးခြား‌ပြောင်းလဲ‌သော အ‌ကြောင်းအရာများမရှိပါ။ စာ‌ပေထုတ် ဝေခြင်းလုပ်ငန်းများကို သာမန်လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်ကိုင်ရသည်။ ‌ပြောင်းလဲသွားသည်ဟုဆိုနိုင်‌သော အချက်မှာ နှစ်ချက်သာရှိသည်။ ပထမတစ်ချက်မှာ စာအုပ်များကို ပုံနှိပ်စက်များတွင် စက္ကူအသုံးပြု၍ ရိုက်နှိပ်ခြင်းမပြုခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ စာ‌ပေများကို ဖြန့်ချိရာတွင် အွန်လိုင်း‌ပေါ်ရှိ စာအုပ်စတိုးများကို အသုံးပြုခြင်းနှင့် ဝက်ဘ်ဆိုဒ်များကိုအသုံးပြုခြင်းဖြင့် ဖြန့်‌ဝေ‌ရောင်းချခြင်း ဖြစ်သည်။

နယူးစ်ဝိခ်‌ပြောင်းရခြင်းအ‌ကြောင်း

နှစ်‌ပေါင်း ၈ဝ ‌ကျော် ထုတ်‌ဝေခဲ့သည့် နယူးစ်ဝိခ်မဂ္ဂဇင်းသည် ပုံနှိပ်မူမှ ဒီဂျစ်တယ်မူသို့ ‌ပြောင်းလဲထုတ်‌ဝေရခြင်းသည် နည်းပညာ‌ပြောင်းလဲမှုနှင့်နည်းပညာဆိုင်ရာ ထုတ်ကုန်များကို အသုံးပြုသူများက တွင်ကျယ်စွာ အသုံးပြုလာခြင်း‌ကြောင့် ဖြစ်သည်။ ထိုသို့ ‌ပြောင်းလဲရာနိုင်ရန် စာဖတ်သူများ၏ ‌နေ့စဉ်စာ‌ပေဖတ်ရှုသည့် ပုံသဏ္ဍာန်နှင့်နည်းပညာသုံးစွဲနိုင်မှုတွင် အဓိကမှီခိုလျက်ရှိသည်။ အဆိုပါအချက်နှစ်ချက်‌ကြောင့်သာ နယူးစ်ဝိခ်မဂ္ဂဇင်းသည် သူ၏ဈေးကွက်ကို ပုံနှိပ်ထုတ်‌ဝေသည့် ‌ဈေးကွက်မှ ဒီဂျစ်တယ်မူအဖြစ် ထုတ်‌ဝေသည့်‌ဈေးကွက်သို့ ‌ပြောင်းလဲထုတ်‌ဝေခြင်းဖြစ်သည်။ ထိုအခါ နယူးစ်ဝိခ်၏‌ဈေးကွက်သည်လည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ‌ရောင်းချသည့် ‌ဈေးနှုန်းသည်လည်း ပုံနှိပ်မူထက် သက်သာနိုင်သည်။ ထို‌ကြောင့် နယူးစ်ဝိခ်မဂ္ဂဇင်းသည် ၂ဝ၁၃ ခုနှစ်တွင် ထုတ်‌ဝေမည့်ဒီဂျစ်တယ်မူကို နယူးစ်ဝ်ခ်ဂလို ဘယ်ဟု အမည်‌ပေးထားသည်။

အီလက်ထ‌ရောနစ်စာအုပ်

အီလက်ထ‌ရောနစ်စာအုပ်ဆိုသည်မှာ အင်္ဂလိပ်‌ဝေါဟာရ e-book ကို မြန်မာဘာသာစကားဖြင့် ‌ခေါ်ဆိုခြင်းဖြစ်သည်။ e-book  ဆိုသည်ကို အင်္ဂလိပ်‌ဝေါဟာရတွင် electronic book  ဟု ‌ခေါ်ဆိုသည်။ ‌ရေးသားသည့်အခါတွင် e-book, ebook, digital book  ဟု ‌ရေးသား‌လေ့ရှိသည်။ ebook ကို ပုံနှိပ်စာအုပ်များ ‌ရေးသားထုတ်‌ဝေ သကဲ့သို့ ထုတ်‌ဝေ‌လေ့ရှိသည်။ ပုံနှိပ်ထုတ်‌ဝေ‌သော စာအုပ်များတွင် ပုံနှိပ်ခြင်း အတတ်ပညာ၊ ဓာတ်ပုံပညာ၊ စာအုပ်ပြင်ဆင်ခြင်း၊ စာအုပ်ချုပ်လုပ်ခြင်း စသည့် လုပ်ငန်း‌ဆောင်တာများကို အဆင့်ဆင့်လုပ်‌ဆောင်၍ စက္ကူများ‌ပေါ်တွင် ရိုက်နှိပ်ခြင်း စသည်တို့ကို အဆင့်ဆင့်ပြုလုပ်‌လေ့ရှိသည်။ ebook  ကို ထုတ်လုပ်ရာတွင် စက္ကူနှင့် ပုံနှိပ်ခြင်းအတတ်ပညာများကို အသုံးမပြုပဲ ကွန်ပျူတာနှင့်အီလက်ထ‌ရောနစ်ကိရိယာ များ‌ပေါ်တွင် ဖတ်ရှုနိုင်‌အောင် စီစဉ်‌ဆောင်ရွက်‌လေ့ရှိသည်။ ebook တွင် ပုံနှိပ်ထားသည့် စာအုပ်များကဲ့သို့ စာသားများ၊ ဓာတ်ပုံများနှင့် စာအုပ်တစ်အုပ် ထုတ်‌ဝေရာတွင် ပါဝင်သင့်သည့် အချက်အလက်များ အားလုံးပါဝင်သည်။ ebook  များကို ကွန်ပျူတာများနှင့် ebook  ဖတ်ရှုနိုင်သည့် အီလက်ထ‌ရောနစ်ကိရိယာ(electronic devices) များတွင်ထည့်သွင်း၍ ဖတ်ရှုနိုင် သည်။ ebook  များ ထည့်သွင်းဖတ်ရှုနိုင်သည့် အီလက်ထ‌ရောနစ်ကိရိယာများမှာ e-book readers, mobile phones, tablet computer စသည်တို့ဖြစ်သည်။ ebook  ကို ပရင်တာများ၊ ပုံထုတ်‌ပေးနိုင်သည့် စက်များဖြင့်လည်း ပုံနှိပ်၍ စာအုပ်အ‌နေဖြင့် လည်း ဖတ်ရှုနိုင်သည်။

အဘိဓာန်က ဖွင့်ဆိုခြင်းက

Oxford Dictionary of English က ebook အား ပုံနှိပ်ထုတ်‌ဝေထားသည့် စာအုပ်များကို အီလက်ထ‌ရောနစ်မူအဖြစ် ထုတ်‌ဝေခြင်းဟု အဓိပ္ဋါယ်ဖွင့်ဆိုခဲ့ သည်။ ယင်းသို့ဖွင့်ဆိုခဲ့‌သော်လည်း ပုံနှိပ်ထုတ်‌ဝေခြင်းမပြုခဲ့သည့် သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်းမပြုပဲ ebook  အဖြစ် ထုတ်‌ဝေသည့် စာအုပ်များသည် ယ‌နေ့ကာလတွင် ထွက်ရှိ‌နေပြီ ဖြစ်သည်။

စာအုပ်များကဲ့သို့

တစ်ချို့‌သော ebook  များတွင် စာသားများ၊ ဓာတ်ပုံများသာမက မာတီမီဒီယာ(multimedia)များဖြစ်သည့် အသံများ၊ ဗီဒီယိုများ၊ အန်နီ‌မေးရှင်းများနှင့်အင်တာ နက်သို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်လိပ်စာများ ထည့်သွင်း‌ပေးခြင်းတို့လည်း ပါဝင်လာခဲ့သည်။ ထို့အပြင် စာဖတ်သူမှ စာဖတ်ရှု‌နေရင်း စာမျက်နှာ မှတ်သားခြင်း၊ မှတ်စုမှတ်သားခြင်း၊ မျဉ်းသားခြင်းစသည့် အ‌ခြေအ‌နေတို့ကိုလည်း ပြုလုပ်နိုင်ရန် ဖန်တီး‌ပေးလာကြသည်။ ပုံနှိပ်စာအုပ်အဖြစ် ထုတ်‌ဝေပြီး ဖြစ်သည့် စာအုပ်များကို ebook များအဖြစ်သို့ ပြုပြင်‌ပြောင်းလဲနိုင်သည်။ ထိုသို့ ‌ပြောင်းလဲခြင်းအားဖြင့် အဖိုးတန်စာအုပ်များကို ပျက်စီးခြင်း၊ ‌ပျောက်ပျက်ခြင်း မရှိ‌စေရန် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ebook  များကို ကွန်ပျူတာများအတွင်း အ‌မြောက်အမြား သိမ်းဆည်းထားနိုင်‌သော‌ကြောင့် ထိန်းသိမ်းရ လွယ်ကူခြင်းနှင့် ထိန်းသိမ်းရန် ‌နေရာကျယ်ပြန့်စွာ မလိုအပ်ခြင်း စသည့် အကျိုး‌ကျေးဇူးတို့ကိုလည်း ရရှိနိုင်သည်။

မူပိုင်ခွင့်အတွက် DRM

ebook အ‌နေဖြင့် စာအုပ်များကို ထုတ်‌ဝေရာတွင် ထုတ်‌ဝေသည့် အ‌ရေအတွက်နှင့် ထုတ်‌ဝေသည့်‌စောင်‌ရေကို ကန့်သတ်ရန် သာမာန်အားဖြင့် အခက်အခဲရှိ နိုင်သည်။ သို့‌သော်လည်း နိုင်ငံတကာတွင် ebook  များကို ထုတ်‌ဝေလျှက်ရှိပြီး ‌ဖော်ပြပါအ‌ခြေအ‌နေများကို ကာကွယ်နိုင်ရန် DRM (Digital rights management) ဟု‌ခေါ်သည့် စနစ်များကို အသုံးပြု၍ ကာကွယ်‌လေ့ရှိသည်။ DRM  ဆိုသည်မှာ Digital rights management ဖြစ်ပြီး ebook ဝယ်ယူသူ၊ ‌ရောင်းချသူနှင့်ဖြန့်ချိသူ များအကြားတွင် မူပိုင်ခွင့်ဆိုင်ရာ အ‌ခြေအ‌နေများကို ကွန်ပျူတာစနစ်များကို အသုံးပြု၍ ကာကွယ်‌ပေးထားခြင်းဖြစ်သည်။

ဟန်‌ဇော်

Icon Magazine, January 2014

Category: Tech

Post navigation

← အွန်လိုင်း၊ ကုန်သွယ်ရေးနှင့်အွန်လိုင်းမဂ္ဂဇင်း
ပေါ့ဒ်ကတ်စ်နှင့် သူ့အကြောင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme