Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ပေါ့ဒ်ကတ်စ်နှင့် သူ့အကြောင်း

Posted on August 18, 2015 by Han Sann

podcastပေါ့ဒ်ကတ်စ်(Podcasts)

ပေါ့ဒ်ကတ်စ်ဆိုသည်မှာ သီချင်း၊ ‌ရေဒီယို၊ ဗီဒီယိုနှင့် အီးဘုတ်များကို မိမိ၏ ကွန်ပျူတာ ဒါမှမဟုတ် အ‌ပေါ့စားသယ်ယူရလွယ်ကူ‌သော ကိရိယာများတွင်ကူးယူ၍ နား‌ထောင်နိုင်‌သောစနစ်ဖြစ်သည်။ ဒီဂျစ်တယ်စနစ်ဖြစ်‌နေ‌သော သို့မဟုတ် ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လုပ်လိုက်‌သော မီဒီယာဖိုင်များကိုကူးယူ၍ နား‌ထောင်နိုင်‌သော၊ ကြည့်ရှုအသုံးပြုနိုင်‌သောစနစ်တစ်ခုလည်း ဖြစ်သည်။ ပေါ့ဒ်ကတ်စ်၏အားသာချက်မှာ အသံလွွှင့်အစီအစဉ်များနှင့်ရုပ်သံအစီအစဉ်များကို ထုတ်လွွှင့်ချိန်ကို ‌စောင့်ဆိုင်း၍ ကြည့်ရှုနား‌ထောင်ရန် မလိုအပ်ဘဲမိမိ၏ ကွန်ပျူတာ သို့မဟုတ် သယ်ယူရလွယ်ကူ‌သောကိရိယာများတွင် ထည့်သွင်း၍ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထိုသို့ထည့်သွင်း၍ အသုံးပြုနိုင်‌သော‌ကြောင့် ခရီးသွားလာရင်းဖြစ်‌စေ၊ မိမိအားလပ်သည့်အချိန်တွင်ဖြစ်‌စေ အသုံးပြုနိုင်သည်။ ထို့အပြင် မိမိ၏ မိတ်‌ဆွေအ‌ပေါင်းအသင်းများထံသို့လည်း မျှ‌ဝေ‌ပေးနိုင်သည်။ မိမိလက်‌ရွေးစင်သိမ်းဆည်း ထားလိုသည်များကိုလည်း စု‌ဆောင်းသိမ်းဆည်းထားနိုင်သည်။

‌ပေါ့ဒ်ကတ်စ်အသုံးပြုပုံ

ပေါ့ဒ်ကတ်စ်ကို အသုံးပြုလိုပါက ‌ပေါ့ဒ်ကတ်စ်မှာကြား‌သော ‌ဆော့ဖ်ဝဲလ် (podcast subscription software)ကို အင်တာနက်မှ ရယူပြီး မိမိ၏ကွန်ပျူတာထဲကို ထည့်သွင်းရမည်ဖြစ်သည်။ ထို‌ဆော့ဖ်ဝဲလ်မျိုးတစ်ပါတည်းပါဝင်‌သော Apple’s iTunes ကိုလည်း အသုံးပြုနိုင်သည်။ သို့မဟုတ် အလားတူ‌ဆော့ဖ်ဝဲလ်ဖြစ်‌သော Juice ဖြစ်‌စေ၊ Odeo ဖြစ်‌စေ အသုံးပြုနိုင်သည်။ ကွန်ပျူတာတွင် သာမကပဲ MP3 player ၊ အိတ်‌ဆောင်မီဒီယာဖွင့်စက်(portable media player)များမှာလည်း ကူးယူ၍ အသုံးပြုနိုင်သည်။

ပေါ့ဒ်ကတ်စ်စကားလုံး

ပေါ့ဒ်ကတ်စ်ဆို‌သောစကားလုံးကို ဂါးဒီးယမ်းသတင်းစာတွင် Ben Hammersley က ၂ဝဝ၄ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ၌ ‌ရေးသားသည့်‌ဆောင်းပါးတစ်ပုဒ်တွင် စတင်‌ဖော်ပြခဲ့သည်။ iPod မှ pod နှင့် broadcasting မှ cast ကို ရယူ၍ရရှိလာ‌သော စကားလုံးတစ်ခုဖြစ် သည်။ တနည်းအားဖြင့် အသစ်တီထွင်ထား‌သော စကားလုံးအသစ်တစ်ခုလည်းဖြစ်သည်။ iPod သည် သယ်ယူရလွယ်ကူ၍ မာတီမီဒီယာများကြည့်ရှုနိုင်‌သော ကိရိယာဖြစ်သည်။ Apple Computer မှ ထုတ်လုပ်လိုက်‌သော ကိရိယာဖြစ်သည်။ ပေါ့ဒ်ကတ်စ်ဖြင့် အစီအစဉ်များကို နား‌ထောင်မည်ဆိုလျှင် မိမိနား‌ထောင်လို သောအစီအစဉ်၏ အင်တာနက်လိပ်စာမှကူးယူ၍ အသုံးပြုလိုသူ၏ ‌ပေါ့ဒ်ကတ်စ်‌ဆော့ဝဲလ်ထဲသို့ ထည့်သွင်းနား‌ထောင်နိုင်မည်ဖြစ်သည်။ ‌ပေါ့ဒ်ကတ်စ်ကို ‘‘စိတ်တိုင်းကျ‌ရေဒီယို’’ဟုလည်း ‌ခေါ်ဆိုကြသည်။

ဗီဒီယို‌‌ပေါ့ဒ်ကတ်စ် (Video Podcasts)

Video Podcasts ကို vodcast ဟုလည်း‌ခေါ်သည်။ ဗီဒီယို‌ပေါ့ဒ်ကတ်စ်သည် ဗီဒီယိုဖိုင်များကို ကြည့်ရှုနိုင်‌သောစနစ်ဖြစ်သည်။ အွန်လိုင်း‌ပေါ်တွင် ဖြန့်ချိ‌လေ့ရှိသောဗီဒီယိုဖိုင်များကို ဗီဒီယို‌ပေါ့ဒ်ကတ်စ်အတွင်း၌ ထည့်သွင်း၍ ကြည့်ရှုရသည်။ ဗီဒီယို‌ပေါ့ဒ်ကတ်စ်များကို အွန်လိုင်း‌ပေါ်တွင် လူကြိုက်များ‌လေ့ရှိသည်။ ဗီဒီယိုပေါ့ဒ်ကတ်စ်အတွင်းထည့်သွင်းကြည့်ရှုနိုင်ရန် မိနစ်တိုဗီဒီယိုကလစ်များအသုံးပြု ‌လေ့ရှိသည်။ ဗီဒီယို‌ပေါ့ဒ်ကတ်စ်များသည် မီဒီယာများအတွက် အသစ်အ‌နေဖြင့် အသုံးပြုနိုင်‌သော မီဒီယာအသစ်တစ်ခုအဖြစ်လည်း အသုံးပြုလာကြသည်။ ဗီဒီယိုကလစ်အတိုများသည် နှစ်မိနစ်မှကိုး မိနစ်အတွင်းသာ ကြာမြင့်တတ်သည်။

ပေါ့ဒ်ကတ်စ်ဝတ္ထု(Podcasts Novels)

အသံဖိုင်ဖြင့်တင်ဆက်‌သော အသံထွက်စာအုပ်များကို နား‌ထောင်နိုင်ရန် ‌ပေါ့ဒ်ကတ်စ်ဝတ္ထုများကို အသုံးပြုကြသည်။ ရသစာ‌ပေ‌ရေးသားမှုနှင့်အသံထွက်စာအုပ်ထုတ်လုပ်‌သောအ‌ခြေခံစနစ်များကို ‌ပေါင်းစည်း၍ ထုတ်လုပ်ကြသည်။ ‌ပေါ့ဒ်ကတ်စ်ဝတ္ထုများကို အပိုင်းလိုက်ခွဲ၍လည်း ထုတ်လုပ်‌လေ့ရှိကြသည်။ ‌ပေါ့ဒ်ကတ်စ်ဝတ္ထုများကို အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်များမှ တစ်ဆင့် ဖြန့်ဖြူး‌လေ့ရှိသည်။ ဖြန့်ဖြူးသည့်အခါတွင် အပိုင်းလိုက်ဖြစ်‌စေ၊ အခန်းလိုက်ဖြစ်‌စေအစီအစဉ်များခွဲခြား၍ ဖြန့်ဖြူး‌လေ့ရှိသည်။

‌ပေါ့ဒ်ကတ်စ်သမိုင်း(History of podcasting)

ပေါ့ဒ်ကတ်စ်ကို အသံဘ‌လော့များအ‌နေဖြင့် စတင်သိရှိခဲ့ကြသည်။ အင်တာနက် ရုပ်သံထုတ်လွွှင့်မှုနှင့် သယ်ယူရလွယ်ကူ‌သော ရုပ်သံနား‌ထောင်ကြည့်ရှုနိုင်သည့် ကိရိယာများအတွင်း ၂ဝဝ၄ ခုနှစ် ဝန်းကျင်တွင် စတင်အသုံးပြုနိုင်ခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့် iPod စတင်ထုတ်‌ဝေချိန်တွင် ‌ပေါ့ဒ်ကတ်စ်ကို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်သည်ဟု ဆိုသည်။ World Wide Web မတိုင်မီကာလ၊ ၁၉၈ဝ ‌နောက်ပိုင်းကာလများက RCS ဟု ‌ခေါ်‌သော Radio Computing Services သည် သီချင်းနှင့်အသံပိုင်းဆိုင်ရာ‌ဆော့ဝဲလ်များကိုအသုံးပြုနိုင်ရန် ဝန်‌ဆောင်‌ပေးခဲ့သည်။ အသံပိုင်းဆိုင်ရာစနစ်များကို ဒီဂျစ်တယ်စနစ်‌ပြောင်းလဲရန်အတွက် ယင်းသို့ စီစဉ်ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်အ‌စောပိုင်းကာလတွင် အင်တာနက်‌ရေဒီယိုများစတင်ထွက်‌ပေါ်လာသည်။ ထို‌နောက် မာတီမီဒီယာစနစ်များအဆင့်ဆင့်တိုးတက်လာခဲ့ကာ ၂ဝဝ၄ ခုနှစ်‌နောက်ပိုင်းတွင် ‌ပေါ့ဒ်ကတ်စ်ယဉ်‌ကျေးမှုထွန်းကားလာခဲ့သည်။

အ‌ကောင်းဆုံး‌ပေါ့ဒ်ကတ်စ်ဆု( Podcast Awards )

အ‌ကောင်းဆုံး‌ပေါ့ဒ်ကတ်စ်ဆုကို အသုံးပြုများက ‌ရွေးချယ်‌ပေးရ‌လေ့ရှိသည်။ ‌ပေါ့ဒ်ကတ်စ်အသုံးပြုသူများက နှစ်ပတ်လည်တိုင် အ‌ကောင်းဆုံး‌ပေါ့ဒ်ကတ်စ်ကို ‌ရွေးချယ်ရသည်။ အဆိုပါဆုကို Podcast Connect Inc.က ကြီးမှူး၍ ချီးမြှင့်‌ပေးလေ့ရှိသည်။ တစ်ကမ္ဘာလုံးရှိ လူ‌ပေါင်းသုံးသိန်း‌ကျော်သည် အ‌ကောင်းဆုံး‌ပေါ့ဒ်ကတ်စ်ကို မဲ‌ပေး‌ရွေးချယ်ကြသည်။ အဆိုပါအခမ်းအနားကို လူ‌ပေါင်းများစွာကလည်း တက်‌ရောက်ချီးမြှင့်‌လေ့ရှိသည်။၂ဝ၁၂ ခုနှစ်အတွက် အ‌ကောင်းဆုံး‌ပေါ့ဒ် ကတ်စ်‌ရွေးချယ်ပွဲကို ၂ဝ၁၃ ခုနှစ်၊ ‌အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ယ‌နေ့ကာလတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ‌ပေါ့ဒ်ကတ်စ်တစ်သိန်းနှစ်‌သောင်းနီးပါး ကို အွန်လိုင်း‌ပေါ်တွင် ရရှိ‌နေပြီဖြစ်သည်။ အွန်လိုင်းမီဒီယာများတွင်လည်း ‌ပေါ့ဒ်ကတ်စ်များကို ရရှိနိုင်ပြီဖြစ်သည်။ ထုတ်လုပ်သူ များနှင့်အသုံးပြုသူများသည် ‌ပေါ့ဒ်ကတ်စ်များကို လွယ်ကူစွာ၊ စားရိတ်သက်သာစွာ ထုတ်လုပ်နိုင်၊ အသုံးပြု‌နေနိုင်ပြီဖြစ်သည်။ နိုင်ငံတကာမှ မြန်မာပိုင်းအသံလွွှင့်ဌာနများဖြစ်သည့် ဘီဘီစီ၊ ဗီအို‌အေနှင့် အာအက်ဖ်‌အေ အစရှိသည်တို့ကလည်း အသံလွွှင့်အစီ အစဉ်များကို ‌ပေါ့ဒ်ကတ်စ်အတွင်းထည့်သွင်းနား‌ထောင်နိုင်ရန် စီစဉ်‌ပေးထားလျက်ရှိသည်။ ထို့အပြင် အခြား‌သော နိုင်ငံတကာ သတင်းဌာနများနှင့်အစီအစဉ်များကိုလည်း အွန်လိုင်း‌ပေါ်တွင်ရှာ‌ဖွေ၍ အသုံးပြုနိုင်မည်ဖြစ်သည်။ ‌ပေါ့ဒ်ကတ်စ်များကို ရှာ‌ဖွေသုံး စွဲခြင်းဖြင့် ဘာသာစကားနှင့် အခြား‌သော ပညာရပ်ဆိုင်ရာကိစ္စများကိုလည်း သင်ယူနိုင်မည်ဖြစ်သည်။

ဟန်‌ဇော်

အိုင်ကွန်မဂ္ဂဇင်း၊ ဧပြီ ၂ဝ၁၃ ခုနှစ်

Category: Book

Post navigation

← ပုံနှိပ်မှသည် အီလက်ထရောနစ်သို့
မိုဘိုင်းတယ်လီဖုန်းနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme