Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Afterall ဂျာနယ် မိတ်ဆက်ခြင်းနှင့်အနုပညာအကြောင်း ဆွေးနွေးခြင်း

Posted on November 5, 2018September 3, 2025 by Han Zaw
Afterall ဂျာနယ်အမှတ်-၄၆ မိတ်ဆက်ခြင်းနှင့်အနုပညာဆိုင်ရာဆွေးနွေးခြင်း အစီအစဉ် တစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ပြုလုပ်ခဲ့ပါသည်။

လန်ဒန်အခြေစိုက်ဂျာနယ်ဖြစ်သည့် Afterall ဂျာနယ်အမှတ်-၄၆ မိတ်ဆက်ခြင်းနှင့်အနုပညာဆိုင်ရာဆွေးနွေးခြင်း အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Afterall အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ကြပြီး ပိုပိုနှင့်ယဉ်ကာတို့က “တို့တွေ ဘယ်ကလာ၊ ဘယ်သူ၊ ဘယ်ကို ဦးတည်တာ – မြန်မာ့ခေတ်ပြိုင်အနုပညာအတွက် အဆိုတွေ”(မြန်မာ့ခေတ်ပြိုင်အနုပညာလောက အတွင်းရေးပြဿနာများအကြောင်း ပိုပို၊ ထွန်းဝင်းအောင်၊ ဝါနု၊ မင်းသိမ်းစွန်၊ ယဉ်ကာ တို့၏ဆွေးနွေးချက်များ)အက်ဆေးပါ ဖော်ပြချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ ထို့နောက် Small Visual Art Organization အကြောင်းတို့ကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။

Afterall သည် University of the Arts London ၏ သုတေသနစင်တာတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ Afterall သည် ကွန်တန်ပိုရာရီအနုပညာအပါအဝင် ယင်းနှင့်နှီးနွယ်နေသော အနုပညာသည်များ၊ သီအိုရီများနှင့် လူမှုရပ်ဝန်းဆိုင်ရာကိစ္စများကို အလေးထားလေ့လာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် Afterall Journal ကို စတင်မိတ်ဆက်ခဲ့သည်။ အနုပညာရှင်တို့၏ လက်ရာများကို အတွင်းကျကျ စူးစမ်းဖော်ထုတ်လေ့လာသုံးသပ်ခြင်းနှင့်တင်ပြခြင်းတို့ကို ပြုလုပ်သည်။ ဂျာနယ်ကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ထုတ်ဝေ၍ နိုင်ငံအနှံအပြားသို့ ဖြန့်ချိလေ့ရှိသည်။ ထုတ်ဝေသောဂျာနယ်တိုင်းတွင် ကွန်တန်ပိုရာရီအနုပညာရှင် ၃ နှင့် ၅ ဦးတို့၏ဖော်ပြ၍ အက်ဆေးနှစ်ပုဒ်နှင့်အထက်ကိုလည်း ဖော်ပြလေ့ရှိသည်။

၂၀၀၆ ခုနှစ် ဧပြီလတွင် Afterall Books အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။ ထိုအစီအစဉ်ဖြင့် One Work နှင့် Critical Readers စာအုပ်နှစ်အုပ်ကို ထုတ်ဝေသည်။ One Work အမည်ဖြင့်စာအုပ်များကို အတွဲလိုက်ထုတ်ဝေပြီး အရေးပါသောအနုပညာလက်ရာများအကြောင်းများကို ဖော်ပြသည်။ Critical Readers သည် မော်ဒန်နှင့်ကွန်တန်ပိုရာရီ အနုပညာတို့၏ အဓိကအကြောင်းအရာများ၊ အနုပညာရှင်၏ အနုပညာလက်ရာအကြောင်းကြေညာချက်နှင့် ကြေညာစာတမ်းများကို စုစည်းတင်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်တွင် Exhibition Histories ဆိုသော ကွန်တန်ပိုရာရီအနုပညာပြပွဲများကို လေ့လာသုံးသပ်ထားသည့် စာအုပ်အတွဲများကို ထုတ်ဝေခဲ့သည်။ Afterall ၏ တရားဝင်အွန်လိုင်းစာမျက်နှာလည်းရှိပြီး ဂျာနယ်၊ စာအုပ်၊ အင်တာဗျူး၊ ဓာတ်ပုံအက်ဆေး အစရှိသည့်အကြောင်းအရာများကို ဖတ်နိုင်ပါသည်။

Afterall ၏ တရားဝင်အင်တာနက်စာမျက်နှာမှာ www.afterall.org ဖြစ်သည်။

Category: Art

Post navigation

← ယောင်ဟေး သို့မဟုတ် အသားစားရန် ငြင်းဆန်သူ
နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်(စာအုပ်) →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme