ဆန်နီညိန်းနှင့် Merete Sejersted Bodtker တို့၏ DUO ဟုအမည်ပေးထားသော အနုပညာပြပွဲတစ်ခုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရာလမ်း၊ အမှတ်(၁၁၃/၃)ရှိ ဗိဿာနိုးအနုပညာပြခန်းတွင် ပြသသွားမည်ဟု သိရပါသည်။ အဆိုပါ အနုပညာပြပွဲတွင် ပန်းပုလက်ရာများနှင့်စက္ကူပေါ်တွင် ဖန်တီးထားသော အနုပညာလက်ရာများကို ပြသသွားမည်ဟု သိရပါသည်။
Author: Han Zaw
မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ
‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘလောက်ရှိ ‘‘အိုပန်းစပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ အသက် ၃၃ နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အနုပညာပြပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် ပြသမည့် အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘သင် အတုံးဆက်တဲ့ ဂိမ်းကို ကစားဖူးတယ်မလား။ ၈ဝ ကျော်ကာလမှာ မွေးဖွားပြီးတော့ ၉ဝ ကျော်ကာလမှာ ကြီးပြင်းခဲ့တဲ့ ကလေးများအတွက်တော့ မာရီယိုတို့။ ရန်ဘိုတို့၊ အတုံးဆက်တဲ့ ဂိမ်းတို့ဆိုတာက သူတို့စွဲလမ်းခဲ့တဲ့ ကစားနည်းတွေပါပဲ။ ကျောင်းပိတ်ရက်တွေမှာ နေ့လည်စာ ထမင်းပန်းကန်ကို ပေါင်ပေါ်တင်လို့…
အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ
‘‘အပိုင်းအစများ’’ဟုအမည်ရသော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် အောင်မြတ်ဋ္ဌေး၏ တစ်ကိုယ်တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်းဖြောင့်တစ်ကြောင်းနှင့်မျဉ်းကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်ကြောင်း အောင်မြတ်ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအခြေခံဖြစ်ခြင်းတို့ အပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အခြေခံကျသောသဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်လျှောညီထွေနေထိုင်ရင်း အလွယ်တကူထိတွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်ပေးစဉ်းစားနေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် လောကသဘာဝမှ တစ်စုံတစ်ရာကို…
ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)
The Ash(1970-)ဟု အမည်ပေးထားသော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း ဖြစ်သည်။ The Ash(1970-) အနုပညာပြပွဲတွင် ငြိမ်းချမ်းဆု၏ SHE ဟု အမည်ပေးထားသောအနုပညာလက်ရာ ၂၁ ခုနှင့်အမည်ပေးမထား သည့်(UNTITLE) လက်ရာ ၁ ခုတို့ကို ပြသထားသည်။ ထို့အပြင် အနုပညာပြခန်း၏အလယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက် ထက်၌အသုံးပြုခဲ့သော နိုင်ငံတော် အလံခင်းထားသည့် စားပွဲတစ်လုံး၊ စားပွဲပေါ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဥက္ကဋ္ဌကြီး၏ ခေတ်ပြောင်းတော်လှန်ရေးသမိုင်းဝင်မိန့်ခွန်းပေါင်းချုပ် စာအုပ်အမှတ် ၂ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏…
မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ
‘‘မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ’’ဟုအမည်ပေးထားသော အနုပညာလက်ရာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသသွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်တော်အနုပညာပြပွဲ တစ်ခုဖြစ်သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အနုပညာပြပွဲနှင့်ပတ်သက်၍ ‘‘မြန်မာ့အက္ခရာစဉ်မှာ နံပါတ် ၂ဝ က ဖဦးထုပ်ပါ။ ဖ ဖာ ဖား ပေါ့။ အခုအဓိပ္ပာယ်နှစ်ခွရှိတဲ့ စကားလုံး‘ဖား’ဆို တာကို ချိတ်ဆက်ကစားလိုက်ခြင်းမှာ ငယ်ဘဝကစားခဲ့မှု အတွေ့အကြုံရယ်၊ လက်ရှိ…