Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Author: Han Sann

ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း၏ မှတ်စု

Posted on December 26, 2018September 3, 2025 by Han Sann

‘‘ဖတ်သူအကြိုက်နှင့်ကဗျာအ‌ကြောင်း’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာ‌ဆွေး‌နွေးပွဲတစ်ခုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်၌ ရန်ကုန်မြို့ ပုဇွန်‌တောင် မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။ ‌ဆွေး‌နွေးပွဲကို ကဗျာဆရာ‌ဇေယျာလင်းကဦး‌ဆောင်၍ တက်‌ရောက်လာသူများနှင့်အပြန်အလှန်‌ ဆွေး‌နွေးခဲ့ကြသည်။ ထို‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေး‌ပြောကြားခဲ့ကြသည့် အ‌ကြောင်းအရာများမှအချို့ကို မှတ်တမ်းမှတ်ရာအဖြစ် ‌အောက်ပါအတိုင်း ပြုစုပါသည်။ ကဗျာတစ်ပုဒ်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ ကြိုက်ရသည့်အ‌ကြောင်းအရင်း၊ မကြိုက်ရသည့်အ‌ကြောင်းအရင်းနှင့် ကဗျာဖတ်သူတစ်ဦး၏ ကြိုက်နှစ် သက်မှုများအ‌ကြောင်းတို့ကို နမူနာပြကဗျာများဖြင့် အပြန်အ လှန်‌ဆွေး‌နွေးခဲ့ကြသည်။ ထိုသို့‌ဆွေး‌နွေးသည့် အ‌ပေါ်တွင်မူတည်၍ ကဗျာဖတ်သူတစ်ဦးနှင့် တစ်ဦးသည် ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်သည့်ပုံစံ မတူညီနိုင်‌ကြောင်း၊ ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်ရသည့် အ‌ကြောင်းအရင်းကို အချက် ၅ ချက် ဖြင့် ‌ဆွေး‌နွေးလို‌ကြောင်း ကဗျာဆရာ‌ဇေယျာလင်းက ‌ဆွေး‌နွေးသည်။ အဆိုပါအချက် ၅…

Read more

ကဗျာဆရာ အောင်ချိမ့်နှင့်တွေ့ဆုံခြင်း၏ မှတ်စု

Posted on December 21, 2018September 3, 2025 by Han Sann

‘‘ကျွန်‌တော်က ‌တွေ့ချင်တာ’’အမည်ဖြင့် ကဗျာဆရာ‌အောင်ချိမ့်နှင့်‌တွေ့ဆုံ‌သော ကဗျာအ‌ကြောင်း‌ ဆွေး‌နွေးပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၃ ရက် ‌နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ ‌တွေ့ဆုံပွဲကို ပဲန်မြန်မာက ဦး‌ဆောင်ကျင်းပခြင်းဖြစ်ပြီး ကဗျာဆရာ ‌အောင်ချိမ့်၏ ပထမဦးဆုံး‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလည်းဖြစ်သည်။ ‌ဆွေး‌နွေးပွဲမှ ‌ဆွေး‌နွေး‌ပြောဆိုချက်များကို မှတ်တမ်းအဖြစ် ‌အောက်ပါအတိုင်း မှတ်စုထုတ် ‌ရေးသားအပ်ပါသည်။ ၁။ ၁၉၇ဝ ပြည့်နှစ်တွင် မြန်မာ့ကဗျာ အချိုးအ‌ပြောင်းဖြစ်‌ပေါ်သည်။ ၁၉၆၂ ခုနှစ်‌နှောင်းပိုင်းကာလများတွင် ‌တော်လှန်ကဗျာ၊ ‌ခေတ်‌ပေါ်ကဗျာအစရှိသည့် ကဗျာအမျိုးအစားများ ထွက်‌ပေါ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ‌မောင်သာနိုး ‌ရေးသားသည့် ‘‘ထင်းရှုးပင်ရိပ်’’စာအုပ်ထွက်ခဲ့သည်။ ထိုစာအုပ်သည် ‌ခေတ်‌ပေါ်ကဗျာဖြစ်‌ပေါ်လာ‌စေသည့် အ‌ကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု…

Read more

အမှာစာ၊ အမှာစာဆိုနှင့် သူ၏ နေရာ၊ သူ၏ တန်ဖိုး

Posted on December 20, 2018September 3, 2025 by Han Sann

စာတစ်အုပ်၏ အိမ်ဦးခန်းတွင် ‌နေရာယူ‌လေ့ရှိသည့် အမှာစာတစ်ပုဒ်ကိုဖတ်ရန် လိုအပ်၊ မလိုအပ်သိလို‌သော အလယ်တန်း‌ကျောင်းသားငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို ‌မေးခွန်းထုတ် ‌မေးမြန်းခဲ့ဖူးသည်။ အမှာစာကို ဖတ်လိုက ဖတ်နိုင်ပြီး မဖတ်လိုက ‌ကျော်သွားနိုင်သည်ဟု ဖခင်ဖြစ်သူက သားဖြစ်သူကို အ‌ဖြေ‌ပေးခဲ့သည်။ စာအုပ်နှင့်ပတ်သက်၍၊ စာ‌ရေးသူနှင့်ပတ်သက်၍၊ စာ‌ရေးဆရာ‌ရေးသားသည့် အ‌ကြောင်းအရာနှင့်ပတ်သက်၍ စာဖတ်သူကို မိတ်ဆက်‌ပေးသည့် စာသည် အမှာစာ မည်သည်။ စာတစ်အုပ်လုံးကို ဖတ်ပြီးကာမှ အမှာစာကို ပြန်လည်ဖတ်ပြီး အမှာစာနှင့်စာဖတ်သူ၏ သ‌ဘောထားကိုက်ညီသည်၊ မကိုက်ညီသည် ကို အကဲဖြတ်စစ်‌ဆေးနိုင်သည်။ စာတစ်အုပ်လုံး၏ ဆိုလိုရင်းနှင့် အသစ်တဖန် သိယူခံစားလို‌သော အ‌ကြောင်းအရင်း အ‌ကောင်းအဆိုးကို ထပ်မံစူးစမ်း နိုင်‌ကောင်းသည်ဟု ဖခင်ဖြစ်သူက အမှာစာနှင့်ပတ်သက်၍ သားဖြစ်သူကို ဖွင့်ဆိုရှင်းပြခဲ့သည်။ (က) မြန်မာစာ‌ပေ‌လောကရှိ စာအုပ်အများစုတွင် အမှာစာတစ်ပုဒ် ပါဝင်တတ်သည်။ စာအုပ်တစ်အုပ်ထုတ်‌ဝေရန် ပြင်ဆင်ကြချိန်တွင်…

Read more

သံမဏိနှင်းဆီ

Posted on December 19, 2018September 3, 2025 by Han Sann

‌ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်‌ရေး ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူ‌နေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုး‌တော်စပ်သည်ဆိုသူက ‌ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်‌သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်း‌သော အပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။ ထို့အပြင် အမျိုးသမီးတို့၏ သဘာဝရာသီ‌ပေါ်ခြင်းကိုပင် ‌ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ ရပ်ရွာတွင် အတူ‌နေထိုင်သူ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုဖြင့် ရာသီပေါ်ခြင်းကိစ္စကို ‌ဖြေရှင်းခဲ့ရသည်။ အသက်ဆယ့်ငါးနှစ်အရွယ်တွင် အတင်းအကျပ်အိမ်‌ထောင်ချ‌ပေးခြင်းခံရသည်။ အိမ်‌ထောင်သည်ဘဝတွင် အမျိုးသားနှင့်သာယာသည့် အိမ်‌ထောင်တစ်ခု ကို ထူ‌ထောင်ရခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်းအစရှိသည့် လိင်‌ကျေးကျွန်ဘဝကို ရင်ဆိုင်ရပြန်သည်။ ထို့‌နောက် ပြည့်တန်ဆာအိမ်သို့ ‌ရောင်းချခြင်း ခံရပြန်သည်။ ပြည့်တန်ဆာအိမ်တွင်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရခြင်း၊ ဧည့်သည်‌ပေါင်းများစွာဖြင့် ‌နေ့စဉ်ထိ‌တွေရပြီး လူ့ငရဲခန်းတွင်…

Read more

ဖိုတိုဗုံး

Posted on December 3, 2018September 3, 2025 by Han Sann

‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။ ဖိုတိုဗုံးဆိုသည်မှာ ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်း အတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင် ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဖိုတိုဗုံးဆိုသော ဝေါဟာရကို ၂ဝဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကို အသုံးပြု၍ ရှာဖွေခြင်းပြုလုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထို ကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိသူတို့၏ ဖိုတိုဗုံး ဓာတ်ပုံများကို…

Read more
  • Previous
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • …
  • 24
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme