Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ရိုးစင်းခြင်း၊ လှပခြင်းနှင့် ကြော်ငြာကင်းစင်းခြင်းဖြင့် Ello လူမှုကွန်ရက်

Posted on March 1, 2015September 3, 2025 by Han Zaw
Ello ၏ အင်တာနက်စာမျက်နှာ
Ello ၏ အင်တာနက်စာမျက်နှာ

အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် နေထိုင်ကျက်စားသည့် အလေ့အထနှင့်အင်တာနက်အသုံးပြုနေသူများဖြင့် အသားကျနေ ပါသည်။ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများထဲက လုပ်ကိုင်မြဲဖြစ်သော စားစားသွားသွားအလေ့အထတစ်ခုလို အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ နေထိုင်နေကြသည်။

ဒေသအလိုက် နယ်မြေအလိုက် ရေမြေအလိုက် အွန်လိုင်းလူမှုကွန်ရက်များကို နှစ်သက်ရာရွေးချယ်သုံးစွဲကြပါသည်။ Facebook, Twitter, Google+ အစရှိသည့် လူမှုကွန်ရက်များသည် လူသုံးများသော လူမှုကွန်ရက်များဖြစ်သည်။ မြန်မာနိုင်ငံတွင် Facebook ကို အသုံးများကြသော်လည်း အမေရိကကဲ့သို့ နိုင်ငံများတွင် Twitter ကိုသာ အသုံးများကြ သည်။ ထိုလူမှုကွန်ရက်များကို အခမဲ့အသုံးပြုနိုင်ခြင်းဖြစ်သည်။ အင်တာနက်သုံးစွဲသူများအနက် ၇၄ ရာခိုင်နှုန်းသည် အွန်လိုင်းလူမှုကွန်ရက် အသုံးပြုသူများဖြစ်သည်။ အွန်လိုင်းလူမှုကွန်ရက်ကို Social Network ဟု အင်္ဂလိပ်ခေါ်ဆိုပြီး Social Media(လူမှု မီဒီယာ)ဟုလည်း ခေါ်ဆိုကြသည်။ မီဒီယာအမျိုးအစားတစ်ခုအဖြစ်လည်း ထည့်သွင်းသတ်မှတ်လာကြသည်။

ကြော်ငြာခဝင်ငွေ
လူမှုကွန်ရက်တစ်ခုခုကို အသုံးပြုလိုသူသည် လူမှုကွန်ရက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုခုထံမှ ဝယ်ယူရခြင်း၊ ငှားရမ်း ရခြင်းမရှိပါဘဲ အသုံးပြုနိုင်သည်။ အွန်လိုင်းလူမှုကွန်ရက်လုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ချိတ်ဆက်၍ လုပ်ကိုင်နေ ရသောလုပ်ငန်းကြီးများဖြစ်သည်။ ထိုလုပ်ငန်းများ၏လုပ်ငန်းလည်ပတ်ငွေနှင့် ရင်းနှီးမြှုပ်နှံရသောငွေကြေးပမာဏသည် လည်း အလွန်ကြီးမားသည်။ ထိုအခြေအအနေများရှိနေပါလျှက် မည်သည့်အတွက်ကြောင့် အခမဲ့ဝန်ဆောင်မှုပေးနေနိုင်ပါ သနည်း။ စဉ်းစားရန် ရှိပါသည်။

ကြော်ငြာခဝင်ငွေသည် အွန်လိုင်းလူမှုကွန်ရက်လုပ်ငန်းများ၏ အဓိကဝင်ငွေပင်မရေစီးကြောင်းကြီးပင် ဖြစ်သည်။ အသုံးပြုသူ များ၏ အချက်အလက်များ၊ စိတ်ဝင်စားမှုများကို ရောင်းချခြင်းနှင့်လူမှုကွန်ရက်စာမျက်နှာများတွင် ကြော်ငြာများထည့်သွင်း ခြင်း စသည့် စသည့် နည်းလမ်းများဖြင့် ဝင်ငွေရှာဖွေကြသည်။ ထိုဝင်ငွေဖြင့် လူမှုကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများ ရပ်တည် ကြသည်။ အချို့လူမှုကွန်ရက်များက ရရှိလာသောကြော်ငြာခဝင်ငွေများကို အသုံးပြုများထံ မျှဝေပေးကြသည်။

သင်သည် ရောင်းကုန်မဟုတ်
သင့်လူမှုကွန်ရက်စာမျက်နှာကို ကြော်ငြာရှင်များက ပိုင်ဆိုင်နေသည်။ ကြော်ငြာရှင်များက သင့်အချက်အလက်များကို ဝယ်ယူ ပြီး သင်နှစ်သက်မယ့် ကြော်ငြာများကို ပြသပေးနေသည်။ သင်ဟာ ဝယ်ယူခြင်း၊ ရောင်းချခြင်း ခံနေရသောထုတ်ကုန်တစ်ခု ဖြစ်နေသည်။ စသောစကားရပ်များကို Ello ဆိုသော အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာက ပြောဆိုလာပြီး သင်သည် ရောင်းကုန်မဟုတ်ဟု အတိအလင်းဆိုသည်။ လူမှုကွန်ရက်အသုံးပြုသူများ၏ အချက်အလက်များကို နောက်ကွယ်ကရယူပြီး ကြော်ငြာရှင်များထံ လက်ဝေခံရောင်းချနေသောကြောင့် လူမှုကွန်ရက်အသုံးပြုသူများသည် ရောင်းကုန်မဟုတ်ဟု ဆိုလာခြင်း ဖြစ်သည်။

Ello ဆိုသည်မှာ
Ello ဆိုသည်မှာ အွန်လိုင်းလှုမှုကွန်ရက်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ Ello ကို ဂရပ်ဖစ်ဒီဇိုင်းနာနှင့်ပရိုဂရမ်မာ ၇ ဦး တို့က စတင်တည်ထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မတ် ၁၈ ရက်တွင် အင်တာနက်အသုံးပြုသူများထံသို့ မိတ်ဆက်ခဲ့သည်။ အသုံးပြုသူများ၏ အချက်အလက်များကို ရောင်းချခြင်း၊ ကြော်ငြာလက်ခံခြင်းနှင့်ဖော်ပြခြင်းတို့ကို ပြုလုပ်မည်မဟုတ် ကြောင်း ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီ ၃ ရက်တွင် တရားဝင်အသုံးပြုခွင့်ပေးခဲ့သည်။ Ello ကို ဖိတ်ကြားခံရသူများသာ အသုံးပြုနိုင်သည်။ လက်ရှိတွင် အသုံးပြုသူ အရေအတွက် ၁ သန်းခံရှိနေပြီဖြစ်သည်။
Ello ကို ရိုးရှင်း၍ လှပစွာဖန်တီးထားကြောင်း၊ မူလက လူတစ်စုသာ အသုံးပြုရန် ရည်မှန်းထားသော်လည်း အင်တာနက် အသုံးပြုသူအများအပြားက အသုံးပြုလိုသည်ဟုဆိုလာသောကြောင့် အသုံးပြုနိုင်ရန်လုပ်ဆောင်ခဲ့ကြောင်း၊ လူမှုကွန်ရက် အများစုသည် ကြော်ငြာဝင်ငွေဖြင့် ရပ်တည်ကြသော်လည်း Ello က ထိုသို့ရပ်တည်မည် မဟုတ်ကြောင်း၊ အွန်လိုင်းလူမှုကွန် ရက်အသုံးပြုသူများသည် ရောင်းကုန်များမဟုတ်ကြကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုထားသည်။ Ello ဆောင်ပုဒ်မှာ ရိုးရှင်းခြင်း၊ လှပခြင်းနှင့် ကြော်ငြာကင်းစင်ခြင်း ဖြစ်သည်။

Ello အတွက် ဝင်ငွေ
လူမှုကွန်ရက်အင်တာနက်စာမျက်နှာတစ်ခုကို တည်ထောင်ရန်အတွက် အသုံးပြုရသော ကုန်ကျစရိတ်သည် နည်းလှသည် မဟုတ်ပါ။ ဝင်ငွေတစ်စုံတရာမရှိပါဘဲ ရပ်တည်နေနိုင်ရန်လည်း မလွယ်ကူပါ။ ထိုအခြေအနေတွင် Ello က ကြော်ငြာလည်း မယူ၊ လက်မခံပါ။ အခမဲ့လည်း ပေးသုံးထားမည်ဆို၍ ရပ်တည်နိုင်ရေးခက်ခဲမည်ဟု ထင်ရသည်။ ထိုအထင်သည် မှားယွင်းပါ သည်။ အိုင်စီတီလုပ်ငန်းအချို့၏ အခမဲ့ဝန်ဆောင်မှုများသည် ဝင်ငွေအတွက် ကြော်ငြာလက်ခံခြင်း၊ အလှူငွေလက်ခံခြင်း၊ အခြားသောအဖွဲ့အစည်းတစ်ခုခုမှ အထောက်အပံ့ရယူခြင်းနှင့် ဖရီးမီယံ(Freemium)ဟုခေါ်သော အချို့သော အစိတ်အပိုင်း များကို အခမဲ့ပေးသုံး၍ အချို့သောအစိတ်အပိုင်းများကို ဝယ်ယူသုံးစွဲစေခြင်းဖြင့် ရပ်တည်ကြသည်။ ထို့ကြောင့် Ello သည် သူ၏ရပ်တည်ရေးအတွက် ဖရီးမီယံ (Freemium) ကို အနာဂတ်ကာလတွင် အသုံးပြုသွားလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ဒီထက် ယခုထက် ပိုမိုကောင်းမွန်သော၊ အသုံးပြုသူများကို ဦးစားပေးသော၊ အွန်လိုင်းလူမှုကွန်ရက်များကို စီးပွားရေး ပုံသဏ္ဍာန် သက်ဝင်လှုပ်ရှားစေသော၊ လူအများ၏ စိတ်ဝင်စားမှုရေချိန်ကို မြင့်မားစေသော အွန်လိုင်းလူမှုကွန်ရက်များလည်း အသစ်အသစ်ထပ်မံဖြစ်ထွန်းလာနိုင်ပါသေးသည်။

ဟန်ဇော်

ကိုးကား ။     ။ www.ello.co, www.en.wikipedia.org

၂၀၁၄ ခုနှစ် ဒီဇင်ဘာလထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင်
ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။

Category: Tech

Post navigation

← ဂျိုရှုဝါ ဖဲရစ်စ်ဆိုသူမှာ
ဖရီးမီယံ သို့တည်းမဟုတ် အမြည်းပေးဈေးရောင်းစနစ် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme