Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဂျိုရှုဝါ ဖဲရစ်စ်ဆိုသူမှာ

Posted on February 28, 2015September 3, 2025 by Han Sann
ဂျိုရှုဝါ ဖဲရစ်စ်
ဂျိုရှုဝါ ဖဲရစ်စ်

ဂျိုရှုဝါ ဖဲရစ်စ်ဆိုသူမှာ အမေရိကန်စာရေးဆရာတစ်ဦးဖြစ်သည်။ ၂၀၁၄ ခုနှစ် Man Booker ဆု၏ ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွက်ပေးအပ်သည့် Dylan Thomas ဆုကို ရရှိခဲ့သည်။ Dylan Thomas သည် ထင်ရှားသောကဗျာ ဆရာ၊ စာရေးဆရာတစ်ဦးဖြစ်ပြီး သူ၏အမည်ဖြင့် Dylan Thomas ရသစာပေဆုကို ချီးမြှင့်ခြင်းဖြစ်သည်။ ထိုဆုသည် လူငယ်စာရေးဆရာများအတွက် နှစ်စဉ်ချီးမြှင့်သောဆု ဖြစ်သည်။ Dylan Thomas သည် အသက် ၃၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး စာပေလှုပ်ရှားမှုများကို ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်သည်။

ဂျိုရှုဝါ ဖဲရစ်စ်ကို အမေရိကန်နိုင်ငံတွင် ၁၉၇၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ အသက် ၄၀ အရွယ် လူလတ်ပိုင်းစာရေးဆရာတစ်ဦး ဖြစ်သည်။ Then We Came to the End. စာအုပ်ကို ၂၀ဝ၇ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်ဖြင့် သူ့ကို လူသိများ ခဲ့သည်။ ထိုစာအုပ်သည် အမေရိကန်လုပ်ငန်းခွင်အတွင်းမှ ရယ်ရွှင်ဖွယ်အဖြစ်အပျက်များကို ရေးသားထားသော ဟာသဝတ္ထု စာအုပ် ဖြစ်သည်။ ချီကာကိုကြော်ငြာလုပ်ငန်းတစ်ခုမှ ဖြစ်ရပ်မှန်အကြောင်းအရာများကိုအခြေခံပြီးရေးထားသော စာအုပ် လည်းဖြစ်သည်။ ထိုစာအုပ်ကို ဘာသာစကား ၂၅ မျိုးသို့ ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး PEN/Hemingway ဆုကိုလည်း ရရှိခဲ့ သည်။

ဂျိရှုဝါ ဖဲရစ်စ်သည် အိုင်အိုဝါတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ အထူးပြုဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဒဿနိကဗေဒကို သင်ယူခဲ့သည်။ ထို့နောက် ချီကာကိုသို့ ပြောင်းရွေ့နေထိုင်ပြီး ကြော်ငြာလုပ်ငန်းတစ်ခုတွင် ၇ နှစ်တိုင်အောင် အလုပ်လုပ်ခဲ့ သည်။
Mrs. Blue ဟုအမည်ရသောဝတ္ထုသည် Iowa Review တွင် ဖော်ပြခံခဲ့ရသည်။ ထိုဝတ္ထုသည် သူ၏ ပထမဦးဆုံးစာပေလက်ရာ ဖြစ်သည်။ The Unnamed သည် သူ၏ ဒုတိယလုံးချင်းဝတ္ထုဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီတွင် ထုတ်ဝေခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် တတိယလုံးချင်းဝတ္ထု To Rise Again at a Decent Hour ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ဖြင့် Man Booker ဆုတွင် ဆန်ကာ တင်စာရင်းဝင်ခဲ့ပြီးDylan Thomas ဆုကို ရရှိခဲ့သည်။ ဂျိုရှုဝါ ဖဲရစ်စ်သည် လုံးချင်းဝတ္ထု၊ ဝတ္ထုတို၊ အက်ဆေးများကို ရေးသား နေသူဖြစ်သည်။

ဟန်ဇော်

၂၀၁၄ ခုနှစ်ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည်။

Category: Literature

Post navigation

← ဖေဖေ၏ ပုံတူ | Portrait of Dad
ရိုးစင်းခြင်း၊ လှပခြင်းနှင့် ကြော်ငြာကင်းစင်းခြင်းဖြင့် Ello လူမှုကွန်ရက် →

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme