Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

သည်းခံနိုင်၏ သည်းမခံနိုင်၏

Posted on June 12, 2019September 3, 2025 by Han Sann

လူ၊ လူထု၊ အစိုးရ၊ အုပ်ချုပ်သူနှင့်ထင်ရှားသူ စသည် စသူတို့၏ အမူဆိုးအကျင့်ဆိုး၊ နိုင်ငံရေးကိစ္စနှင့်ပြဿနာအသီးသီးတို့ကို ဝေ ဖန်ရေးသား၍ မချိပြုံး၊ မဲ့ပြုံးနှင့်သဲ့သဲ့ပြုံးတို့ကို ပြုံးရသည်မှာ သရော်စာပင်ဖြစ်သည်။ ၉ ပါးသောရသကို ခံစားရရှိစေသော ရသ စာပေအမျိုးအစားဖြစ်ပြီး လူမှုနေ့စဉ်ဘ၀မှကိစ္စအ၀၀ကို အပြုသဘောရေးသားရသည့် စာပေအမျိုးအစားလည်းဖြစ်သည်။ ဟာသစာပေနှင့်လည်း မတူပါ။ သရော်ခြင်းကိစ္စသည် စာပေပုံစံတစ်ခုတည်း ရှိသည်မဟုတ်ဘဲ အခြားသောအနုပညာပုံစံများဖြစ် သည့် သီချင်း၊ ရုပ်ရှင်၊ ပြဇာတ် အစရှိသည့်ပုံစံများဖြင့်လည်း ရှိနေပြန်သည်။ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းကြီးများဖြင့် ဘောင်ခတ်မထားဘဲ ပွင့်လင်းစွာဖွင့်၍ ရေးသားနိုင်သည်မှာ သရော်စာပင်ဖြစ်သည်။ သရော်စာဆိုသည်မှာ ပေါက်ကွဲပွင့်ထွက်တော့မည့် ဘွိုင်လာအိုးမှ လေဘားကို ဖွင့်ပေးခြင်းဖြစ်သည်ဟု ဆရာမောင်သော်က ကဆို ခဲ့သည်။ လက်ခုပ်နှင့်လက်သီးအကြား ပါးပါးကလေးရေးရသည်မှာ သရော်စာဖြစ်သည်ဟု ဆရာမင်းလူကလည်း ဆိုခဲ့ဖူးသည်။ သူရဿဝါ၏ “သည်းခံတော်မူကြပါစ…

Read more

ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ

Posted on June 12, 2019September 3, 2025 by Han Sann

စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက ခွင့်ပြုခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု နက်ခ်ဖလစ်က ပြောခဲ့ပါသည်။ နက်ခ်ဖလစ်သည် အမေရိကန်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး ဗီအိုဒီ(VOD, Video On Demand)စနစ်ဖြင့် ရုပ်သံများကို ထုတ်လွှင့်နေပါသည်။ One Hundred Years of Solitude လုံးချင်း၀တ္ထုကို စပိန်နိုင်ငံ၌ ၁၉၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါ သည်။ ထိုစာအုပ်သည် မားကွက်စ်၏…

Read more

ဂါစီယာ မားကွက်စ် ဆိုသူမှာ

Posted on June 12, 2019September 3, 2025 by Han Sann

ဂါစီယာ မားကွက်စ် ဆိုသူမှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိထားသော ကိုလံဘီယာ စာရေးဆရာတစ်ဦးဖြစ် သည်။ သူသည် လုံးချင်းဝတ္ထုရှည်များ၊ ဝတ္ထုတိုများ၊ ပြဇာတ်များကို ရေးသားခဲ့ပြီး သတင်းစာဆရာအဖြစ် လည်း အသက်မွေးခဲ့သူဖြစ်သည်။ သူ၏ စာပေသမားဘဝအစကို သတင်းစာဆရာအဖြစ်စတင်ခဲ့သော် လည်း ရသစာပေရေးသားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ကိုလံဘီယာအမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာရပ်ကို လေ့လာနေရင်း သတင်းစာဆရာဘဝကို စတင်ခဲ့ သည်။ ဒေသအတွင်း ထုတ်ဝေသည့် သတင်းစာတစ်ခုတွင် ပင်တိုင်ရေးသားခဲ့သည်။ ထိုသို့ရေးသားနေရင်း ကိုလံဘီယာ၏ စာရေးဆရာများ၊ သတင်းစာဆရာများနှင့် အတွေးအခေါ်ပညာရှင်များဖြင့် စုစည်းထား သည့် Barranquilla Group ၏ တက်ကြွလှုပ်ရှားသောအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် ၂၀ ရာစု အလယ်ခေတ်၌ အသိပညာဆိုင်ရာနှင့်စာပေရေးရာများဖြင့် ထင်ရှား၍ အင်အားကြီးသောအဖွဲ့တစ်ခုဖြစ် သည်။ ထိုအဖွဲ့မှရရှိသော စိတ်ကူးစိတ်သန်းများနှင့်စေ့ဆော်မှုများသည် မားကွက်စ်ကို…

Read more

တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ

Posted on May 16, 2019September 3, 2025 by Han Sann

၂ဝ၁ဝ ပြည့်နှစ် ‌မေလ(၁၆)ရက်‌နေ့ ည ၇ နာရီ ဝန်းကျင်မှာ ‌သောကြာကြယ်ဟာလကို ‌ဖောက်လို့ ဖြတ်သန်းခဲ့တယ်။ လူတစ်စု လူတချို့က ‌ကောင်းကင်ကို ‌မော့ကြည့်‌နေကြတယ်။ ည ၈ နာရီနဲ့ ၉ နာရီ ဝန်း ကျင်မှာ ‌သောကြာကြယ်နဲ့ လတို့ရဲ့ ဓာတ်ပုံ‌တွေ သတင်း‌တွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အင်တာနက်‌ပေါ် မှာ ‌တွေ့မြင်‌နေရတယ်။ အဲဒီအချိန်က အနုပညာကြယ်တစ်ပွင့် အ‌ဝေးကို ထွက်ခွာသွားလိမ့်မယ်လို့ မထင်မိ ခဲ့ဘူး။             ည ၁ဝ နာရီမှာ တယ်လီဖုန်းသံက ကျယ်ကျယ်‌လောင်‌လောင် ‌အော်မြည်လိုက်တယ်။ ‌အော်မြည် လိုက်တဲ့ တယ်လီဖုန်းအသံနဲ့အတူ အနုပညာရှင် သု‌မောင် ကွယ်လွန်ပြီဆိုတာ သိလိုက်ရတယ်။ ဆရာ သု‌မောင်ကွယ်လွန်ခြင်းနဲ့အတူ ဖြစ်ခဲ့တဲ့ဖြစ်ရပ်‌တွေက သူသုံးနှုန်း‌လေ့ရှိသလို တမင်္ဂလာ(တမင်တကာ)…

Read more

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း(စာအုပ်)

Posted on January 9, 2019September 3, 2025 by Han Sann

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းသည် စာရေးဆရာဟန်ဇော် ရေးသားပြုစုသော ကွန်ပျူတာနှင့်အင်တာနက်အကြောင်း အခြေခံအကြောင်းအရာများဖြစ်ပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အသုံးပြုသူများ သိရှိနားလည်ထားသင့်သော အိုင်စီတီဆိုင်ရာအခြေခံအကြောင်းအရာများကို ဝေါဟာရများမှ တစ်ဆင့်ချဉ်းကပ်လေ့လာတင်ပြ ထားပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အကြောင်းကို အခြေခံအဆင့် လေ့လာလိုသူများအတွက် ရည်ရွယ်၍ ရေးသားထား သောစာအုပ်ဖြစ်ပြီး စာအုပ်တွင် ဖော်ပြထားသော ဝေါဟာရများသည် အိုင်စီတီ(ကွန်ပျူတာနှင့်အင်တာနက်)အသုံးပြုသူတိုင်း အခြေခံအားဖြင့် သိရှိထားသင့်သော အခြေခံဝေါဟာရများဖြစ်ပါသည်။ ဝေါဟာရတစ်ခုစီတိုင်းကို လွယ်လင့်တကူရှာဖွေနိုင်ရန် ဝေါဟာရတစ်လုံးစီအတွက် မာတိကာတွင် စာမျက်နှာနံပါတ်ဖြင့် ချိတ်ဆက်ဖော်ပြထားပါသည်။ စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းစာအုပ်တွင် ‌ဖော်ပြထားသည့် အိုင်စီတီ‌ဝေါဟာရ များအတွက် ဘာသာပြန်ဆိုထားခြင်းသည် စာ‌ရေးသူတစ်ဦးတည်း၏သ‌ဘောဖြင့် ပြန်ဆိုသုံးစွဲထားခြင်းဖြစ်ပါသည်။ ‌ဝေါဟာရ များကို ဘာသာပြန်ဆိုရန်ရည်ရွယ်ချက်ထက် လူမှုဘဝတွင် လူသားတိုင်း‌နေ့စဉ်သုံးစွဲ‌နေရ‌သော ကွန်ပျူတာနှင့်အင်တာနက် ဆိုင်ရာအ‌ကြောင်းအရာများကို ‌ဝေါဟာရအ‌ခြေပြု၍ လွယ်လင့်တကူ‌ကောက်ယူသုံးစွဲနိုင်ရန်ဖြစ်ပါသည်။ အိုင်စီတီအသုံးပြုသူ များ မဖြစ်မ‌နေသိသင့်သည့် ‌ဝေါဟာရများ ဖြစ်ပါသည်။ ထို့‌ကြောင့် ကွန်ပျူတာတစ်လုံးအ‌နေဖြင့်…

Read more
  • Previous
  • 1
  • 2
  • 3
  • 4
  • 5
  • …
  • 35
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme