Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ

Posted on June 12, 2019September 3, 2025 by Han Sann
ဂါစီယာ မားကွက်စ် (Photo by Jose_Lara)

စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက ခွင့်ပြုခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု နက်ခ်ဖလစ်က ပြောခဲ့ပါသည်။ နက်ခ်ဖလစ်သည် အမေရိကန်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး ဗီအိုဒီ(VOD, Video On Demand)စနစ်ဖြင့် ရုပ်သံများကို ထုတ်လွှင့်နေပါသည်။

One Hundred Years of Solitude လုံးချင်း၀တ္ထုကို စပိန်နိုင်ငံ၌ ၁၉၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါ သည်။ ထိုစာအုပ်သည် မားကွက်စ်၏ နေရပ်ဖြစ်သည့် ကိုလံဘီယာမြောက်ပိုင်းကို အခြေခံရေးဖွဲ့ထားသော ထိုးဇာတ်(fiction)ဖြစ်ပါသည်။ မြန်မာစာရေးဆရာ သင့်လူက ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ အမည် ဖြင့်ဘာသာပြန်ဆိုခဲ့ပြီး ၂၀၁၂ခုနှစ် အောက်တိုဘာတွင် ထုတ်ဝေခဲ့သည်။

ဂါစီယာ မားကွက်စ်ကို ၁၉၂၇ ခုနှစ်၊ မတ် ၆ ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် မက္ကစီကိုမြို့ရှိ သူနေထိုင်ရာအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ ခုနှစ်အရွယ် ရှိပြီဖြစ်သည်။ မားကွက်စ်သည် ကိုလံဘီယာနိုင်ငံ၏ အမြတ်တနိုးလေးစားခံရသူတစ်ဦးဖြစ်ပါသည်။ သူကွယ်လွန်သောအခါ နိုင်ငံ၏ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ၃ ရက်တာ သတ်မှတ်ခဲ့ပြီး ကိုလံဘီယာအလံကို ထိုနေ့များတွင် တိုင်တစ်ဝက်လွှင့်ထူထားရန် ကိုလံဘီယာသမ္မတက ညွှန်ကြားခဲ့ပါ သည်။

ဟန်ဆန်း

ကိုးကား – https://edition.cnn.com/2019/03/06/entertainment/100-years-of-solitude-netflix-trnd/index.html

Category: Book, Film

Post navigation

← ဂါစီယာ မားကွက်စ် ဆိုသူမှာ
သည်းခံနိုင်၏ သည်းမခံနိုင်၏ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme