စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက်၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ မူပိုင်ခွင့်ဥပဒေနှင့်ဆက်စပ်စာချုပ် များအကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းဝန်ဆောင်မှုအကြောင်း၊ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း သည့်အကြောင်း၊ Royal Shop Online အကြောင်းမိတ်ဆက်ခြင်းနှင့် ရန်ကုန်-မန္တလေး-နေပြည်တော်တို့တွင် ဖွင့်လှစ်မည့်စာအုပ် ဆိုင်များအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် မူပိုင်ခွင့်ဥပဒေနှင့်ပတ်သက်၍ ဦးမင်းတေဇညွန့်တင်(MN Associates)က ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေသည် ၁၉၁၄ ခုနှစ်ဥပဒေသာရှိပြီး ခေတ်ကာလနှင့်ကိုက်ညီမှုမရှိတော့ကြောင်း၊ မူပိုင်ခွင့်တွင် မူရင်းတီထွင်သူ (Author)နှင့်ပိုင်ဆိုင်သူ(Owner)ဟူ၍ရှိကြောင်း၊ မူရင်းတီထွင်သူသည် Economic Right နှင့်Moral Right တို့ကို ပိုင်ဆိုင်ခွင့်ရရှိထားကြောင်း၊ ထိုသို့ရရှိထားသောပိုင်ဆိုင်ခွင့်ကို စာရေးသူများအနေဖြင့် သိရှိထားပြီး စာချုပ်စာတမ်းများချုပ်ဆိုသည့်အခါ မိမိရရှိမည့်…
Tag: Archives | မော်ကွန်း
အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး
‘‘အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့်တွေ့ဆုံဆွေးနွေးပွဲ’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ တွင် အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို စတီဗင်န် ဆီဒင်န်ဘဂ်နှင့်အတူ တက်ရောက်လာကြသော ကဗျာဆရာများနှင့်ကဗျာမြတ်နိုးသူ များက ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများနှင့်ပတ်သက်သော အယူအဆ များနှင့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို ကဗျာဆရာ ဇေယျာလင်းက မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့ပြီး တက်ရောက်လာသူများကို စာအုပ်ငယ်များအဖြစ် လက်ဆောင်ပေးအပ်ခဲ့သည်။ ထိုစာအုပ်ပါ ကဗျာများကို တက်ရောက်လာကြသူ မြန်မာကဗျာဆရာများနှင့် ကဗျာမြတ်နိုးသူများက ရွတ်ဆိုခဲ့ကြခြင်းဖြစ်သည်။ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများနှင့်ပတ်သက်၍ ‘‘မြန်မာဘာသာပြန်သူ…
ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း
‘‘ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာပေနှင့်ပတ်သက် သည့်ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့်အနုပညာလက်ရာများအကြောင်းကို ဉာဏ်ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆွေး နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ စာပေအရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အကြောင်းများကို အခြားသောကလောင်အမည်များဖြင့်ရေးသားခဲ့ကြောင်း၊ အနုပညာလက်ရာများအကြောင်း ရေးသားရာတွင် ပြည်တွင်းမှ စာပေအနုပညာလက်ရာများဖြင့် အားဖြည့် ရေးသားခဲ့ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်တွေ့မြင်ခဲ့ကြောင်းနှင့် ဉာဏ်ရှေ့သွားအနုပညာသည်…
မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ အခမဲ့ဖြန့်ချိ
မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ ဖြန့်ချိခြင်း အခမ်း အနားကို စက်တင်ဘာ ၂၈ ရက်၊ ညနေက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ကျင်းပခဲ့သည်။ ယင်းဒီဗွီဒီကို အခမဲ့ဖြန့်ချိခြင်းလည်း ဖြစ်သည်။