Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Tag: ဝေါဟာရ

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း(စာအုပ်)

Posted on January 9, 2019September 3, 2025 by Han Sann

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းသည် စာရေးဆရာဟန်ဇော် ရေးသားပြုစုသော ကွန်ပျူတာနှင့်အင်တာနက်အကြောင်း အခြေခံအကြောင်းအရာများဖြစ်ပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အသုံးပြုသူများ သိရှိနားလည်ထားသင့်သော အိုင်စီတီဆိုင်ရာအခြေခံအကြောင်းအရာများကို ဝေါဟာရများမှ တစ်ဆင့်ချဉ်းကပ်လေ့လာတင်ပြ ထားပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အကြောင်းကို အခြေခံအဆင့် လေ့လာလိုသူများအတွက် ရည်ရွယ်၍ ရေးသားထား သောစာအုပ်ဖြစ်ပြီး စာအုပ်တွင် ဖော်ပြထားသော ဝေါဟာရများသည် အိုင်စီတီ(ကွန်ပျူတာနှင့်အင်တာနက်)အသုံးပြုသူတိုင်း အခြေခံအားဖြင့် သိရှိထားသင့်သော အခြေခံဝေါဟာရများဖြစ်ပါသည်။ ဝေါဟာရတစ်ခုစီတိုင်းကို လွယ်လင့်တကူရှာဖွေနိုင်ရန် ဝေါဟာရတစ်လုံးစီအတွက် မာတိကာတွင် စာမျက်နှာနံပါတ်ဖြင့် ချိတ်ဆက်ဖော်ပြထားပါသည်။ စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းစာအုပ်တွင် ‌ဖော်ပြထားသည့် အိုင်စီတီ‌ဝေါဟာရ များအတွက် ဘာသာပြန်ဆိုထားခြင်းသည် စာ‌ရေးသူတစ်ဦးတည်း၏သ‌ဘောဖြင့် ပြန်ဆိုသုံးစွဲထားခြင်းဖြစ်ပါသည်။ ‌ဝေါဟာရ များကို ဘာသာပြန်ဆိုရန်ရည်ရွယ်ချက်ထက် လူမှုဘဝတွင် လူသားတိုင်း‌နေ့စဉ်သုံးစွဲ‌နေရ‌သော ကွန်ပျူတာနှင့်အင်တာနက် ဆိုင်ရာအ‌ကြောင်းအရာများကို ‌ဝေါဟာရအ‌ခြေပြု၍ လွယ်လင့်တကူ‌ကောက်ယူသုံးစွဲနိုင်ရန်ဖြစ်ပါသည်။ အိုင်စီတီအသုံးပြုသူ များ မဖြစ်မ‌နေသိသင့်သည့် ‌ဝေါဟာရများ ဖြစ်ပါသည်။ ထို့‌ကြောင့် ကွန်ပျူတာတစ်လုံးအ‌နေဖြင့်…

Read more

ဖိုတိုဗုံး

Posted on December 3, 2018September 3, 2025 by Han Sann

‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။ ဖိုတိုဗုံးဆိုသည်မှာ ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်း အတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင် ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဖိုတိုဗုံးဆိုသော ဝေါဟာရကို ၂ဝဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကို အသုံးပြု၍ ရှာဖွေခြင်းပြုလုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထို ကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိသူတို့၏ ဖိုတိုဗုံး ဓာတ်ပုံများကို…

Read more

လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း

Posted on November 27, 2018September 3, 2025 by Han Zaw

သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်‌သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယ‌နေ့ကာလတွင် ရင်ဆိုင် ကြုံ‌တွေ့‌နေရ‌သော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်‌ဝေါဟာရအားဖြင့် misinformation ဟု ‌ခေါ်‌ဝေါ်သုံးစွဲပါသည်။  တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation  ဟု ‌ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည် သ‌ဘောသဘာဝခြင်း တူညီခြင်းမရှိသလို သတင်းမှားရခြင်း၏ အကြောင်းအရင်းသည်လည်း တူညီမှုမရှိပါ။ တမင်ဖန်တီးသည့် မမှန်သတင်း(လုပ်ကြံသတင်း) (disinformation) လုပ်ကြံသတင်း(disinformation)ဆိုသည်မှာ တစ်စုံတရာကိစ္စရပ်တစ်ခု ဖြစ်‌ပေါ်ခြင်း၊ လုပ်‌ဆောင်ရန်စီစဉ်ခြင်း လုံးဝမရှိပါဘဲ မိမိလိုချင်‌သော ပုံစံရရှိ‌အောင် ဖန်တီးလုပ်ကြံ၍ အများပြည်သူထံသို့ ‌ကြေညာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ပျံနှံ့‌အောင်အ‌ကောင်အထည်‌ဖော်‌ဆောင်လိုက်‌သော သတင်းကို ဆိုလိုပါသည်။ ထို့အပြင် ဖြစ်ရပ်မှန်အ‌ခြေအ‌နေကို ပုံစံဖျက်၍ မိမိအလိုရှိ‌သောသဏ္ဍာန်အတိုင်း လုပ်ကြံ‌ကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်‌သောသတင်းများကိုလည်း လုပ်ကြံသတင်းဟု ဆိုနိုင်ပါသည်။ မိမိဦးတည်ရာအသိုင်းအဝန်းတစ်ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လွှတ်လိုက်‌သော သတင်းအချက်အလက်များကို…

Read more

ကလစ်စာချခြင်း

Posted on November 20, 2018September 3, 2025 by Han Zaw

ကလစ်တစ်ချက်၏ တန်ဖိုးသည် ဒီဂျစ်တယ်‌ခေတ် တနည်း အွန်လိုင်းယဉ်‌ကျေးမှုတွင် အလွန်အ‌ရေးပါ‌သော တန်ဖိုးတစ်ခုဖြစ်လာ သည်။ အင်တာနက်စာမျက်နှာတစ်ခု၏ ကလစ်ရရှိမှုကြိမ်နှုန်းသည် ထိုအင်တာနက်စာမျက်နှာကို တည်‌ထောင်ထားသူ လူတစ်ဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခု၏ ‌ငွေ‌ကြေးအားဖြင့် အကျိုးအမြတ်‌သော်လည်းကောင်း၊ ‌ငွေ‌ကြေးမဟုတ်‌သော အခြားတန်ဖိုး တစ်ခုကို‌သော်လည်း‌ကောင်း အလွန်အ‌ရေးပါ‌သော အခန်းကဏ္ဍတွင် တည်ရှိလာသည်။ ထို့‌ကြောင့် အင်တာနက်စာမျက်နှာများနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများအတွင်း ကလစ်ရရှိမှုအ‌ရေအတွက် ရရှိ‌စေရန် ကြိုးပမ်းအားထုတ်လာကြ‌တော့သည်။ ထိုသို့ကြိုးပမ်းရာတွင် တရားသဖြင့် အားထုတ်ကြိုးပမ်းကြသကဲ့သို့ မသမာ‌သောနည်း လမ်းများဖြင့် မိမိစာမျက်နှာသို့ လာ‌ရောက်လည်ပတ်‌စေရန် အားထုတ်ကြိုးပမ်းမှုများလည်း ရှိလာခဲ့သည်။ ထို့အတွက် လူကြိုက် သူကြိုက်များ‌သော အ‌ကြောင်းအရာများကို လွှင့်တင်လာကြသည်။ လူကြိုက်သူကြိုက်များသော အ‌ကြောင်းအရာများတွင် အညှီအ‌ဟောက်ပါဝင်သော အ‌ကြောင်းအရာများ အများစုဖြစ်‌နေတတ်သည်။ လိင်မှုဆိုင်ရာကိစ္စရပ်များ၊ ရာဇဝတ်မှုဆိုင်ရာအကြောင်းအရာများ၊ ကျန်းမာ‌ရေးအ‌ယောင်ပြ လိင်မှုကိစ္စဆိုင်ရာအ‌ကြောင်းအရာ များနှင့်လူစိတ်ဝင်စားမှုမြင့်တက်စေရန်စသည့်အ‌ကြောင်းအရာများကို ပုံစံဖျက်ထုတ်လွှင့်‌သော သတင်းအတုအ‌ယောင်များသည်…

Read more

အရွယ်သေးသေး ပမာဏမြင့်မြင့်

Posted on January 11, 2016September 3, 2025 by Han Zaw

SD card ဆိုသည်‌သော‌ဝေါဟာရသည် Secure Digital ၏ အတို‌ကောက်‌ဝေါဟာရတစ်ခုဖြစ်သည်။ Secure Digital ကို မြန်မာဘာသာဖြင့် တိုက်ရိုက်ဘာသာပြန် လျှင် ဒီဂျစ်တယ်အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းခြင်းကတ်ပြားဟု ဆိုရမည်ဖြစ်သည်။

Read more
  • 1
  • 2
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2026 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme