စာတစ်အုပ်၏ အိမ်ဦးခန်းတွင် နေရာယူလေ့ရှိသည့် အမှာစာတစ်ပုဒ်ကိုဖတ်ရန် လိုအပ်၊ မလိုအပ်သိလိုသော အလယ်တန်းကျောင်းသားငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို မေးခွန်းထုတ် မေးမြန်းခဲ့ဖူးသည်။ အမှာစာကို ဖတ်လိုက ဖတ်နိုင်ပြီး မဖတ်လိုက ကျော်သွားနိုင်သည်ဟု ဖခင်ဖြစ်သူက သားဖြစ်သူကို အဖြေပေးခဲ့သည်။ စာအုပ်နှင့်ပတ်သက်၍၊ စာရေးသူနှင့်ပတ်သက်၍၊ စာရေးဆရာရေးသားသည့် အကြောင်းအရာနှင့်ပတ်သက်၍ စာဖတ်သူကို မိတ်ဆက်ပေးသည့် စာသည် အမှာစာ မည်သည်။ စာတစ်အုပ်လုံးကို ဖတ်ပြီးကာမှ အမှာစာကို ပြန်လည်ဖတ်ပြီး အမှာစာနှင့်စာဖတ်သူ၏ သဘောထားကိုက်ညီသည်၊ မကိုက်ညီသည် ကို အကဲဖြတ်စစ်ဆေးနိုင်သည်။ စာတစ်အုပ်လုံး၏ ဆိုလိုရင်းနှင့် အသစ်တဖန် သိယူခံစားလိုသော အကြောင်းအရင်း အကောင်းအဆိုးကို ထပ်မံစူးစမ်း နိုင်ကောင်းသည်ဟု ဖခင်ဖြစ်သူက အမှာစာနှင့်ပတ်သက်၍ သားဖြစ်သူကို ဖွင့်ဆိုရှင်းပြခဲ့သည်။ (က) မြန်မာစာပေလောကရှိ စာအုပ်အများစုတွင် အမှာစာတစ်ပုဒ် ပါဝင်တတ်သည်။ စာအုပ်တစ်အုပ်ထုတ်ဝေရန် ပြင်ဆင်ကြချိန်တွင်…
Literature
ယောင်ဟေး သို့မဟုတ် အသားစားရန် ငြင်းဆန်သူ
သူလိုကိုယ်လို အမျိုးသမီးတစ်ဦးဖြစ်သူ ယောင်ဟေးအကြောင်းကို ခင်ပွန်း၊ ခဲအိုနှင့် အစ်မဖြစ်သူတို့က ဇာတ်ကြောင်းပြန်ကြသည်။ ယောင်ဟေးသည် ဘယာစီယာဝတ်တတ်သူ မဟုတ်သည်မှလွဲ၍ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သည်။ သူမ,ဘယာစီယာ မဝတ်တတ်သည်ကို ခင်ပွန်းဖြစ်သူသည် သမီးရည်းစားဘဝကတည်းက သိရှိထားခဲ့သော်လည်း သူတို့၏ အိမ်ထောင်ရေးတွင် တစ်စုံတရာကြီးမားသောပြဿနာ မရှိခဲ့ပါ။ တစ်နေ့တွင် ယောင်ဟေးသည် အိပ်မက်တစ်ခုမက်သည်။ အိပ်မက်ကြောင့် သူမသည် အသားစားခြင်းကို စွန့်လွွှတ်လိုက်သည်။ ဘာသာရေးယုံကြည်မှုအရ၊ ကျန်းမာရေးအကြောင်းပြချက်တစ်စုံတရာအရ မဟုတ်ပါဘဲ အသားစားခြင်းကို သူမစွန့်လွွှတ်ခဲ့သည်။ ခင်ပွန်းဖြစ်သူကိုလည်း အသားဟင်းလျာ ချက်ပြုတ်ကျွေးမွေးခြင်း လုံးဝမပြုလုပ်တော့ပါ။ ယောင်ဟေးတို့၏ အိမ်ထောင်ရေး ပြဿနာသည် ထိုအချိန်အခါတွင် စတင်ခဲ့သည်။ ဝတ္ထု၏ စိတ်ဝင်စားဖွယ်ကောင်းသော အစိတ်အပိုင်းသည်လည်း ထိုအချိန်တွင် စတင်သည်။ အသားမစားသော ယောင်ဟေးပြဿနာသည် လင်နှင့်မယားအကြားက ကြီးမားသောပြဿနာတစ်ရပ်အဖြစ်မှ ယောင်ဟေး၏ မိဘနှစ်ပါး၊ ခဲအိုနှင့်အစ်မဖြစ်သူတို့ထံ ရောက်ရှိသွား၍ ကြီးမားသောမိသားစုပြဿနာကြီးဖြစ်လာသည်။…
နိုဝင်ဘာ ၈ မတိုင်မှီ ၁ ရက်၊ နိုဝင်ဘာ ၈ ၂၄ နာရီ၊ နိုဝင်ဘာ ၈ အလွန် ၂ နာရီ
‘‘မဲက အပြတ်အသတ်ပဲ။ အာဏာရှင်တွေကို အသံတိတ်နည်းနဲ့ မဲဆန္ဒရှင် တွေက တော်လှန်လိုက်တာပဲ။ ပြည်သူတွေက သူတို့ဆန္ဒအမှန်ကို ပြလိုက်တာပဲ’’ဟု မောင်မြတ်သူက ပြန်ဖြေသည်။
ကချင်ဘာသာစကားနှင့်စာပေ
ကချင်စကားအတွက် စာကို ၁၈၉၅ ခုနှစ်တွင် ခရစ်ယာန်သာသနာပြုများက လစ်တင်စာလုံးကို အခြေခံ၍ တီထွင်ပေးခဲ့သည်။ ၁၈၉၅ ခုနှစ် မေလ ၅ ရက်တွင် စတင်အသုံးပြုခဲ့သည်။
ပျို့
မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။