Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဂူဂဲလ်မျက်မှန်

Posted on December 19, 2015September 3, 2025 by Han Zaw
ဂူဂဲလ်မျက်မှန်
ဂူဂဲလ်မျက်မှန်

 

အခန်းတစ်ခန်းမျှ ပဏာမရှိသည့် ကွန်ပျူတာများသည် စားပွဲ‌ပေါ်ကို တင်နိုင်‌လောက်သည့် အရွယ်အစားအထိ ‌သေးငယ်လာ ခဲ့သည်။ စားပွဲတင်နိုင်သည့် ကွန်ပျူတာများသည် ‌ပေါင်‌ပေါ်တင်နိုင်သည့် ပဏာမအထိ‌သေးငယ်ခဲ့ပြန်သည်။ ထိုပဏာမမှ လက်ထဲ တွင် ထည့်ယူသယ်‌ဆောင်လာနိုင်သည့်ပဏာမအထိ ‌သေးငယ်လာပြန်သည်။ ထိုမှတဖန် လူ၏ခန္ဓာကိုယ်တွင် ဝတ်ဆင်၍ အသုံးပြု လာနိုင်ပြန်သည်။ နည်းပညာ‌ကောင်းကျိုးကို အသုံးပြုရုံသက်သက်တင်မက အလှအပအဖြစ် တန်ဆာဆင်နိုင်သည့်အထိ ‌ပြောင်း လဲလာခဲ့သည်။ ထို‌ပြောင်းလဲမှုများထဲတွင် ဂူဂဲလ်မျက်မှန်လည်း ပါဝင်ခဲ့သည်။

ဂူဂဲလ်မျက်မှန်(Google Glass)

၂ဝ၁၄ ခုနှစ်၊ ‌မေ ၁၅ ရက်က ဂူဂဲလ်မျက်မှန်ကို အ‌မေရိကတွင် တရားဝင် မိတ်ဆက်ဖြန့်ချိခဲ့သည်။ တန်ဖိုးသည် အ‌မေရိကန်‌ဒေါ်လာ ၁၅ဝဝ ဖြစ်သည်။ များမကြာမီကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးကိုပြန့်နှံ၍ လူတိုင်းမျက်နှာတွင် အလှဆင်အသုံး‌တော်ခံ မည့်ဖက်ရှင်တစ်ခု ဖြစ်လာဦးမည်ဖြစ်သည်။

ဂူဂဲလ်မျက်မှန်ကို ဂူဂဲလ်ကုမ္ဋဏီက တီထွင်ထုတ်လုပ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်နိုင်‌သောကွန်ပျူတာ(wearable computer) အမျိုးအစားအဖြစ် သတ်မှတ်သည်။ အသုံးပြုသူ၏မြင်ကွင်းအတွက် အကြည်‌ရောင်ဖန်တုံးတစ်ခုကို အသုံးပြုသည်။ ထိုစနစ်ကို optical head-mounted display(OHMD)ဟု ‌ခေါ်သည်။ ဂူဂဲလ်မျက်မှန်ဖြင့် ယ‌နေ့‌ခေတ်အသုံးပြု‌နေသည့် စမတ်ဖုန်းများအတွင်းမှ လုပ်ငန်း‌ဆောင်တာများကို လုပ်ကိုင်နိုင်သည်။ စမတ်ဖုန်းကို လက်ဖြင့် ကိုင်တွယ်အသုံးပြုမည့်အစား ဂူဂဲလ်မျက်မှန်ကို အစားထိုး အသုံးပြုနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းသည် ကွန်ပျူတာအ‌သေးစားတစ်မျိုးဖြစ်သကဲ့သို့ ဂူဂဲလ်မျက်မှန်သည်လည်း ကွန်ပျူတာအ‌သေးစားဖြစ်လာမည်ဖြစ်သည်။

ထိုမျက်မှန်ကို ဝတ်ဆင်ထားပြီး ဖုန်း‌ပြောခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် ‌ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များကိုလည်း အသုံးပြုနိုင်၍ အသုံးပြုသူက ဂူဂဲလ်မျက်မှန်ကို အသံဖြင့်လည်း ခိုင်း‌စေနိုင်မည်ဖြစ်သည်။ မျက်မှန်တပ်ဆင်ရသူများနှင့် မျက်မှန်တပ်ဆင်ရန်မလိုအပ်သူများလည်း ဂူဂဲလ်မျက်မှန်ကို အသုံးပြုနိုင်သည်။ မျက်မှန်တပ်ရသူများသည် မိမိတို့၏ မူလ မျက်မှန်တွင် ပူးတွဲ၍တပ်ဆင်နိုင်သည်။ ‌နေကာမျက်မှန်ကဲ့သို့ အလှတပ်ဆင်ရသည့် မျက်မှန်အမျိုးအစားများတွင်လည်း တပ်ဆင်နိုင်သည်။

ဖက်ရှင်နှင့်တွဲလာသည့် နည်းပညာ

နည်းပညာဆိုင်ရာ အသုံးအ‌ဆောင်ပစ္စည်းများသည် လူမှုဘဝအတွက် အသုံးဝင်ရန် ကျယ်ပြန့်လာသည်မကဘဲ သပ်ရပ်မှု၊ ဟန်ကျပန်ကျရှိမှု၊ ‌ခေတ်နှင့်အံဝင်မှု၊ ဖက်ရှင်ကျမှုအစရှိသည့် လူမှုဘဝသဘာဝများကို ထင်ဟပ်လာသည်။ ဂူဂဲလ်သည် သူ၏ဂူဂဲလ်မျက်မှန်အတွက် ကမ္ဘာ‌ကျော်မျက်မှန်ကုမ္ဋဏီများဖြစ်သည့် Luxottica, Ray -Ban, Oakley  အစရှိသည့် လုပ်ငန်းများ နှင့်တွဲဖက်၍ မျက်မှန်ဒီဇိုင်းများကို ထုတ်လုပ်ရန်စီစဉ်ကြသည်။ နည်းပညာကုမ္ဋဏီများသည် သူတို့၏ ထုတ်ကုန်များကို ဖက်ရှင်ထုတ်ကုန်များနှင့် တွဲစပ်အသုံးပြုနိုင်ရန် ဆန့်ထုတ်၍ ‌တွေးလာကြသည်။ နည်းပညာသည် သူ့ချည်းသက်သက်မဟုတ်‌တော့ဘဲ နယ်ပယ်အားလုံးနှင့် ပူးတွဲထိ‌တွေ့လာခဲ့သည်။

စစ်တပ်သုံးမှသည် လူထုထံသို့

အင်တာနက်ကို စစ်‌ရေးကိစ္စများတွင် စတင်အသုံးပြုခဲ့သည်။ ထို့‌နောက်မှသာ အင်တာနက်ကို လူတိုင်းအသုံးပြုနိုင်ခဲ့ခြင်းဖြစ် သည်။ ထို့အတူ ဦး‌ခေါင်းတွင်ဝတ်ဆင်၍အသုံးပြုနိုင်သည့် ကွန်ပျူတာမြင်ကွင်းကို ၁၉၉၅ ခုနှစ်တွင် စစ်‌ရေးကိစ္စအတွက် တီထွင် ကြံဆခဲ့ကြသည်။ ထိုကိရိယာသည် ဂူဂဲလ်မျက်မှန်နှင့်အလားသဏ္ဍာန်တူသည်။ ဂူဂဲလ်မျက်မှန်သည် ‌သေးငယ်၍ ကျစ်လစ်ပေါ့ပါး သည်။ ထိုမျက်မှန်ကို ၂ဝ၁၂ ခုနှစ်တွင်စတင်၍ စမ်းသပ်အသုံးပြုခဲ့သည်။ ထိုစမ်းသပ်တွင် ဂူဂဲလ်မျက်မှန်ဖြင့် ဗီဒီယိုရိုက်ကူးနိုင်မှု ကို သရုပ်ပြနိုင်ခဲ့သည်။

ဂူဂဲလ်အက်ပ်ဖြင့် ဂူဂဲလ်မျက်မှန်

ဂူဂဲလ်အန့်ဒရိုက်(Android)၊ အိုင်အိုအက်စ်(iOS)တို့ဖြင့်လည်း ဂူဂဲလ်မျက်မှန်ကို တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဂူဂဲလ်မှထုတ်‌သော ဂျီ‌မေးလ်အပါအဝင် အခြား‌သော အက်ပ်(app)များကိုလည်း ဂူဂဲလ်မျက်မှန်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် အတွက် အက်ပ်ကို My Glass ဟု အမည်‌ပေးထားကြသည်။ ဂူဂဲလ်မျက်မှန်သည် စမတ်ဖုန်း‌နေရာကို အစားထိုး‌နေရာယူလာဖွယ် ရှိပြီး နည်းပညာအသုံးပြုမှု၏ ‌ခေတ်သစ်တစ်ခုကို ‌ပြောင်းလဲမည့် အရိပ်အ‌ယောင်ရှိ‌နေပါသည်။

ဟန်‌ဇော်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း

ဇူလိုင်လ ၂ဝ၁၄ ခုနှစ်

Category: Tech

Post navigation

← ဝိုင်ဖိုင်အလွန်အနာဂတ်သည် လိုင်ဖိုင်ဖြစ်မည်
လူသားအနာဂတ်အတွက် ဝတ်ဆင်နိုင်သောကွန်ပျူတာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme