Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

လူမှုဆက်သွယ်ရေးမီဒီယာပေါ်က အိုဘားမား

Posted on August 5, 2015September 3, 2025 by Han Zaw
အ‌မေရိကန်သမ္မတအိုဘားမား
အ‌မေရိကန်သမ္မတအိုဘားမား

လူမှုဆက်သွယ်‌ရေးမီဒီယာကို အသုံးပြုသည့် အိုဘားမား

သမ္မတဘဝက အနားယူခဲ့လျှင် ‌ကျောင်းဆရာဘဝကို ပြန်သွားမည်ဟု ‌ပြောဆိုခဲ့‌သော အ‌မေရိကန်သမ္မတအိုဘားမားသည် ယခုတစ်ကြိမ်‌ရွေး‌ကောက်ပွဲတွင် ပြန်လည်‌ရွေး‌ကောက်ခံရပြန်သည်။ ထို့‌ကြောင့်သူသည် ‌ကျောင်းဆရာဘဝကို ပြန်လည်‌ရောက်ရှိဦးမည် မဟုတ်‌ပေ။ အိုဘားမားသည် သမ္မတမဖြစ်မှီ ‌ကျောင်းဆရာဘဝကို ဖြတ်သန်းခဲ့‌သေးသည်။ အိုဘားမားသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့်လပိုင်းကပဲ ‌ရောက်ရှိခဲ့‌သေးသည်။ အ‌မေရိကန်၏ သမ္မတ‌ရွေး‌ကောက်ပွဲကို ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်စားခဲ့ ကြသည်။ အိုဘားမားသည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက လူသားများကို စွဲ‌ဆောင်နိုင်ခဲ့သည်။ ထိုသို့စွဲ‌ဆောင်နိုင်ရန် အိုဘားမားသည် လူမှုဆက်သွယ်‌ရေးမီဒီယာကို အပြည့်အဝအသုံးချခဲ့သည်။ အိုဘားမားသည် သူ့၏မဲဆွယ်စည်းရုံးမှုများအတွက် အွန်လိုင်းလူမှုကွန်ရက်များကို ထိ‌ရောက်စွာအသုံးပြုခဲ့သည်။ Twitter, MySpace, Facebook နှင့် YouTube တို့ကို စနစ်ကျနစွာအသုံးပြုခဲ့သည်။ ၂ဝဝ၈ခုနှစ် မဲဆွယ်ပွဲတွင် Facebook နှင့် MySpace တို့တွင် “Friends” များ ရခဲ့သည်။ ထို့အတူ Twitter တွင်လည်း “followers” များစွာ ရရှိခဲ့သည်။ ထိုသို့ရရှိခြင်းသည် ၂ဝဝ၈ ခုနှစ်‌ရွေး‌ကောက်ပွဲတွင် ယှဉ်ပြိုင်ရသည့် ဂျွန်မက်ကိန်းထက် ပိုမိုခဲ့သည်။

အိုဘားမား၏ အင်တာနက်စာမျက်နှာ

http://www.barackobama.com သည် အိုဘားမား၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ အဆိုပါ အင်တာနက်လိပ်စာက‌နေ အိုဘားမားသည် သတင်းအချက်အလက်များကို ထုတ်ပြန်‌ပေးခဲ့သည်။ ‌ရွေး‌ကောက်ပွဲအ‌ခြေအ‌နေများကို တင်ပြခဲ့သည်။ အများပြည်သူတို့၏ သ‌ဘောထားမှတ်ချက်များကို လက်ခံခဲ့သည်။ ‌ထောက်ခံသူများကို ပူး‌ပေါင်းပါဝင်ခွင့်များ‌ပေးခဲ့သည်။ ထိုသို့ခွင့်ပြုရာတွင် ဝက်ဘ်ဆိုဒ်၏ အဖွဲ့ဝင်များအဖြစ် ခွင့်ပြု‌ပေးခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၈ ခုနှစ် မဲဆွယ်ပွဲတွင် လူဦး‌ရေနှစ်သန်း‌ကျော်သည် အိုဘားမား၏ ဝက်ဘ်ဆိုဒ်တွင် အဖွဲ့ဝင်ခဲ့ကြသည်။ ၂ဝဝ၈ ခုနှစ် မဲဆွယ်ပွဲ၏ ‌နောက်ဆုံး‌လေးရက်တွင် အင်တာနက်က‌နေတစ်ဆင့်ဖုန်း‌ခေါ်ဆိုမှု သုံးသန်းခန့်ကို လက်ခံခဲ့ရသည်။

အိုဘားမား၏ Facebook

၂ဝဝရ ခုနှစ် မတ်လတွင် အိုဘားမား၏အဖွဲ့သည် တရားဝင်ဝက်ဘ်ဆိုဒ်နှင့် Facebook စာမျက်နှာကို အသုံးပြုပြီး အ‌မေရိကန်ပြည်သူလူထုနှင့် ထိ‌တွေ့ခဲ့သည်။ ၂ဝဝ၈ ခုနှစ် မဲဆွယ်စည်းရုံးပွဲအတွက် ‌ငွေ‌ကြေးသုံးစွဲရာတွင် အင်တာနက်အသုံးပြုအတွက် သန်းနှင့်ချီ‌သော‌ငွေ‌ကြေးများကို သုံးစွဲခဲ့သည်။ Facebook စာမျက်နှာများကို သာမန်အားဖြင့် အခမဲ့သုံးစွဲနိုင်သည်ဟု အများကသိကြ‌သော်လည်း စီးပွား‌ရေးလုပ်ငန်းများနှင့်အခြား‌သော မြှင့်တင်‌ရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အခါ ‌ငွေ‌ကြေး သုံးစွဲ၍ Facebook ၏ ဝန်‌ဆောင်မှုများကို ရယူရသည်။ ထို့‌ကြောင့် အိုဘားမားသည် ယင်း၏ မဲဆွယ်စည်းရုံးမှုအတွက် Facebook တွင်လည်း သန်းနှင့်ချီ‌သော ‌ငွေ‌ကြေးများကို သုံးစွဲခဲ့သည်။ Facebook အ‌ကောင့်များကို ဖွင့်လှစ်ရာတွင် အ‌ကောင့်ဆယ်ခုထက်မနည်းကို ဖွင့်လှစ်ပြီး အသုံးပြုခဲ့သည်။ အိုဘားမား၏ အဖွဲ့သည် Veterans for Obama, Women for Obama, and African Americans for Obama စသည့်အမည်များဖြင့် Facebook အ‌ကောင့်များကို ဖွင့်ခဲ့သည်။

အိုဘားမား၏ Twitter

အိုဘားမားသည် အွန်လိုင်းလူမှုကွန်ရက်တစ်ခုဖြစ်သည့် Twitter ကိုလည်း အသုံးပြုခဲ့သည်။ အ‌ကောင့်အမည်မှာ @BarackObama ဖြစ်သည်။ ‌ဖော်ပြပါအ‌ကောင့် ကို သမ္မတမဲဆွယ်မှုများတွင် အသုံးပြုခဲ့သည်။ ထို့အပြင် သမ္မတသက်တမ်းအတွင်းတွင် အိမ်ဖြူ‌တော်၏ Twitter အ‌ကောင့်ဖြစ်သည့် @WhiteHouse ကို အသုံး ပြုခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇွန်တွင် အိုဘားမား၏အ‌ကောင့်ကို followers လုပ်သူ ၁၆ သန်းခန့်ရှိခဲ့သည်။ အိုဘားမားသည် twitter အ‌ကောင့်ကို ဥပ‌ဒေ‌ရေးရာများ မြှင့်တင်ရန်နှင့် မူဝါဒ‌ရေးရာများကို အ‌ထောက်အပံ့ဖြစ်ရန် အသုံးပြုခဲ့သည်။ ပြည်သူလူထု၏ သ‌ဘောထားများကို ယင်းမှတစ်ဆင့်ရယူခဲ့သည်။ ‌ပြောဆို‌ဆွေး‌နွေးမှုများ အတွက်လည်း အသုံးပြုခဲ့သည်။ ပြည်သူလူထုနှင့်ဆက်သွယ်သည့်ရေးရာကိစ္စများအတွက်လည်း အသုံးပြုသည်။ ထိုသို့ twitter ‌ပေါ်မှ ပြည်သူလူထုနှင့်ဆက်သွယ်မှု သည် ယခုပြုလုပ်ခဲ့သည့် သမ္မတ‌ရွေး‌ကောက်ပွဲကို အ‌ထောက်အပံ့များစွာပြုခဲ့သည်။ အိုဘားမား၏ twitter အ‌ကောင့်သည် followers နှင့် followed အများ ဆုံးရရှိသည့် ထိပ်တန်းဆယ်ဦးစာရင်းတွင် ပါဝင်ခဲ့သည်။ အိုဘားမားသည် twitter အ‌ကောင့်ကို ၂ဝဝ၇ ခုနှစ် မတ်လ ၅ ရက်တွင် စတင်ဖွင့်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် သမ္မတ‌နေအိမ်၌ “Twitter Presents Townhall @ White House” ကို ပြုလုပ်ခဲ့သည်။ ထိုမှတစ်ဆင့်မေးခွန်းများကို ‌ဖြေဆိုခဲ့သည်။ ယခုကျင်းပပြီးစီးခဲ့သည့် မဲဆွယ်စည်းရုံးပွဲတွင် အိုဘားမားနှင့် မစ်ရွန်နီတို့သည် Twitter ကို ထိ‌ရောက်ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပြန်သည်။

Twitter, Google

Twitter သည် လူမှုဆက်ဆံ‌ရေးကွန်ရက်များထဲမှတစ်ခု ဖြစ်သည်။ စာလုံး‌ရေ ၁၄ဝ အ‌ရေအတွက်ကိုအသုံးပြု၍ အ‌ကြောင်းအရာတစ်ခုကို ‌ရေးသားရသည်။ ယင်းကို မိုက်ခရိုဘ‌လော့ဟု ‌ခေါ်ဆိုကြသည်။ နာမည်‌ကျော်သတင်းဌာနတစ်ခုဖြစ်သည့် CNN က twitter ကို သတင်းသမားများ အသုံးပြုသင့်‌ကြောင်း သုံးသပ်‌ပြောကြားခဲ့ဖူး သည်။ twitter ‌ပေါ်သို့ အ‌ကြောင်းအရာတစ်ခုလွွှင့်တင်ခြင်းကို tweets လုပ်သည်ဟု‌ခေါ်သည်။ tweets ၏ မူလအဓိပ္ဋါယ်မှာ ‌ကျေးငှက်တို့၏တွန်ကျူးသံဟု အဓိပ္ဋါယ်ရသည်။ လိုဂိုအမှတ်တံဆိပ်မှာလည်း ငှက်ငယ်‌လေးတစ်ကောင်၏ပုံဖြစ်သည်။ twitter ကလည်း Facebook ကဲ့သို့ လူအများကို လွွှမ်းမိုးထားခဲ့သည်။ ၂ဝဝ၆ ခုနှစ် မတ်လတွင် ဂျက်‌ဒေါစီက twitter ကို စတင်ဖန်တီးခဲ့သည်။ ဇူလိုင်လတွင် မိတ်ဆက်ခဲ့သည်။ စတင်မိတ်ဆက်ချိန်ကစပြီး ၂ဝ၁၂ ခုနှစ် အထိ အသုံးပြုသူ သန်း ၅ဝဝ ဝန်းကျင်ခန့်ရှိလာခဲ့သည်။ ဂျက်‌ဒေါစီကို ၁၉၇၆ ခုနှစ် နိုဝင်ဘာတွင် ‌မွေးဖွားခဲ့သည်။ Web Developer တစ်ဦးဖြစ်သကဲ့သို့ စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦး လည်း ဖြစ်သည်။ အသက် ၃ဝ ‌ကျော်အရွယ်တွင် ‌အောင်မြင်‌ကျော်ကြား‌သော စီးပွား‌ရေးလုပ်ငန်းရှင်နည်းပညာသမားတစ်ဦးဖြစ်သည်။ American Dialect Society က tweet စကားလုံးကို ၂ဝဝ၉ ခုနှစ်၏ အထင်ရှားဆုံးစကားလုံးအဖြစ်သတ်မှတ်ခဲ့သည်။ ထိုသို့ထင်ရှားခြင်းသည် twitter ‌ကြောင့်ဖြစ်သည်။ ယင်းကို အသုံးပြုခြင်းဖြင့် သတင်းများကို အချိန်နှင့်တစ်‌ပြေးညီ သိရှိနိုင်သည်။ သတင်းများကို အချိန်နှင့်တစ်‌ပြေးညီ ထုတ်လွွှင့်‌ပေးနိုင်သည်။ အိုဘားမားသည် Facebook နှင့်Twitter သာမက Google +ကိုလည်း အသုံးပြုခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် အိုဘားမားသည် ပြည်သူလူထု၏ ‌မေးမြန်းချက်များကို Google + ကို အသုံးပြု၍ ‌ဖြေကြားခဲ့‌ကြောင်း အ‌မေရိကန်အိမ်ဖြူ‌တော်က ‌ပြောသည်။ Google + သည် လူမှုဆက်ဆံ‌ရေးကွန်ရက်တစ်ခုဖြစ်သည်။ Google Inc မှ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် Google + ကို မိတ်ဆက်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလအထိ အသုံးပြုသူ သန်း ၄ဝဝ ‌ကျော်ကို ရရှိထားသည်။

‌မေးခွန်းများကို ‌တွေးကြည့်ပါ။

‘‘အိုဘားမားဘာ‌ကြောင့် သမ္မတဖြစ်သနည်း။’’

‘‘အ‌မေရိကန်လူထုက ဘာ‌ကြောင့် ‌ရွေး‌ကောက်သနည်း။’’

‘‘အိုဘားမားကို လူထုက တကယ်ကြိုက်သလား။’’

‘‘လူမှုဆက်ဆံ‌ရေးမီဒီယာများကို ဘာ‌ကြောင့် အသုံးပြုသနည်း။’’

‘‘အိုင်စီတီနည်းပညာက‌ကော် အမှန်တကယ်အသုံးဝင်သလား။’’

‘‘အ‌မေရိကန်‌ရွေး‌ကောက်ပွဲကို ကမ္ဘာ့လူထုက စိတ်ဝင်စားသလား။’’

‘‘ဘာ‌ကြောင့် စိတ်ဝင်စားသနည်း။’’

 

ဟန်‌ဇော်

အိုင်ကွန်မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂ဝ၁၂ ခုနှစ်

Category: Tech

Post navigation

← မြန်မာယူနီကုတ်နှင့် ကွန်ပျူတာသုံး မြန်မာစာစနစ်
ဒီဂျစ်တယ်စာကြည့်တိုက် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme