Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဂါးဗရီအဲလာ မစ္စထရို ဆိုသူမှာ

Posted on April 10, 2015September 3, 2025 by Han Sann
ဂါးဗရီအဲလာ မစ္စထရိ
ဂါးဗရီအဲလာ မစ္စထရိ

ဂါးဗရီအဲလာ မစ္စထရို(Gabriela Mistral) ဆိုသူမှာ ချီလီနိုင်ငံသူ ကဗျာဆရာမတစ်ဦးဖြစ်သည်။ ပညာသင်ကြား ပေးသူ၊ သံတမန်နှင့်အမျိုးသမီးအခွင့်အရေးကာကွယ်သူ အလုပ်အကိုင်များကို လုပ်ကိုင်ခဲ့သူဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကိုရရှိထားသော အမျိုးသမီးကဗျာဆရာမတစ်ဦးဖြစ်သည်။ လစ်တင်အမေရိက၏ ပထမဦးဆုံး စာပေဆိုင်ရာ နိုဘယ်ဆုရရှိသူဖြစ်ပြီး ၅ ဦးမြောက် စာပေနိုဘယ်ဆုရရှိသူ အမျိုးသမီးဖြစ် သည်။

မစ္စထရိုကို ချီလီနိုင်ငံရှိ ရွာငယ်လေးတစ်ခုတွင် ၁၈၈၉ ခုနှစ်၌ မွေးဖွားခဲ့သည်။ ထိုရွာတွင်ပင် မူလတန်း ပညာကို အစ်မဖြစ်သူနှင့်အတူ သင်ကြားခဲ့သည်။ သူမသည် အစ်မဖြစ်သူ အမလီနာ မိုလီနာကို ယုံကြည် ကိုးစားသူဖြစ်သည်။ အစ်မဖြစ်သူ မိုလီနာသည် မစ္စထရို၏ ငွေရေးကြေးရေးအခက်အခဲများကို ကူညီဖြေ ရှင်းပေးခဲ့သူ ဖြစ်သည်။ မစ္စထရို၏ ငယ်ဘဝဖြတ်သန်းမှုသည် ခက်ခဲခဲ့သည်။

သူမ၏ ကဗျာများတွင် သဘာဝဆိုင်ရာအကြောင်းအရာများ၊ ခံစားချက်များ၊ ချစ်ခြင်းမေတ္တာများ၊ မိခင် မေတ္တာများနှင့် ခရီးသွား လာခြင်းဆိုင်ရာအကြောင်းအရာများဖြစ်သည်။ မစ္စထရို၏ အစောပိုင်းကဗျာ များကို ၁၉၀၄ ခုနှစ်တွင် တွေ့ရသည်။ ထိုကဗျာများမှာ Dreams, Intimate Letter, Junto al Mar အစရှိသည့် ကဗျာများဖြစ်သည်။

ကျောင်းဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းနေစဉ်ကာလ ၁၉၀၆ ခုနှစ်တွင် မီးရထားသံလမ်းလုပ်သား ရိုမီလီအို ယူရီတနှင့် သူမဆုံတွေ့ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် သံလမ်းလုပ်သား ယူရီတသည် မိမိကိုယ်ကိုယ် သတ်သေခဲ့သည်။ ထိုအဖြစ်အပျက်သည် မစ္စထရိုကို အပြင်းအထန်လွှမ်းမိုးခဲ့ပြီး စိတ်ထိခိုက်ခံစားခဲ့ရသည်။ ထိုကြောင့် သူမ၏ကဗျာရေးသားမှုအကြောင်းအရာနှင့်ဟန်သည် ပြောင်းလဲခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့်အကြောင်း အရင်းများကို ကဗျာအဖြစ် ခံစားဖွင့်ထုတ်ခဲ့သည်။ ထိုကဗျာများသည် လက်တင်အမေရိကကဗျာများ၏ ဦးဆောင်ကဗျာများအဖြစ် ဖြစ်တည်ခဲ့ရသည်ဟု သိရသည်။ မစ္စထရို၏ ကဗျာများသည် အများပြည်သူများကို တိတိပပလွှမ်းမိုးခဲ့သည်။ ချီလီနိုင်ငံတွင်သာမက လက်တင် အမေရိကနိုင်ငံများအထိတိုင်အောင် သြဇာရှိခဲ့သည်။ ကျောင်းဆရာမတစ်ဦးဖြစ်သည်နှင့်အညီ မက္ကဆီကိုနှင့်ချီလီနိုင်ငံတို့၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ စာပေယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် မစ္စထရိုသည် စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့သည်။ သူမသည် လက်တင်အမေရိက၏ ပထမဦးဆုံးသော နိုဘယ်ဆုရရှိသူဖြစ်ပြီး ၅ ဦးမြောက်စာပေနိုဘယ်ဆုရှင် အမျိုးသ မီးဖြစ်သည်။ ၂၀၁၃ ခုနှစ်အထိ စာပေနိုဘယ်ဆုရရှိသူ ၁၃ ဦးသာရှိပြီး ထိုအမျိုးသမီးများထဲတွင် ပါဝင်သူဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုအပြင် ချီလီနိုင်ငံက ချီးမြှင့်သည်စာပေဆုများနှင့်အခြားသောစာပေဆိုင်ရာ ဆုများကို ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ် ဇန်နဝါရီ ၁၀၊ အသက် ၆၇ နှစ်အရွယ်တွင် သူမသည် နယူးယောက်မြို့၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဟန်ဇော်

ကိုးကား http://www.en.wikipedia.org, http://www.nobelprize.org/

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

Category: Literature

Post navigation

← နယ်လီ ဆစ်ခ် ဆိုသူမှာ
ဂရာဇာ ဒီလဲ့ဒါ ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme