Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

နယ်လီ ဆစ်ခ် ဆိုသူမှာ

Posted on April 9, 2015September 3, 2025 by Han Sann
နယ်လီ ဆစ်ခ်
နယ်လီ ဆစ်ခ်

နယ်လီ ဆစ်ခ်(Nelly Sachs)ဆိုသူမှာ ကဗျာဆရာမ၊ ပြဇာတ်ဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆု ရရှိထားသည့် အမျိုးသမီး ၁၃ ဦးအနက် ၆ ဦးမြောက် နိုဘယ်ဆုရရှိထားသူဖြစ်သည်။ ဆစ်ခ်ကို ဂျာမနီနိုင်ငံ တွင် ၁၈၉၁ ခုနှစ်၌ မွေးဖွားခဲ့သည်။ ဂျူးသွေးနှောသူဖြစ်သည်။ မိဘများသည် ချမ်းသာကြွယ်ဝသောသူများ ဖြစ်သည်။ ကျန်းမာရေးချူချာသူတစ်ဦးဖြစ်သောကြောင့် ကျောင်းပညာကို နေအိမ်တွင် သင်ကြားခဲ့ရသည်။ အကနှင့်အဆိုဘက်တွင် ဆစ်ခ် ပင်ကိုယ်စွမ်းရည်ရှိခဲ့သည်။ အကနှင့်အဆိုကို ဆစ်ခ်က စိတ်ဝင်စားခဲ့သော် လည်း အသက်မွေးဝမ်းကျောင်း အလုပ်အနေဖြင့် ရပ်တည်ရန် ဆစ်ခ်၏ မိဘများက အားမပေးခဲ့ပါ။

ကဗျာ၊ လင်္ကာများကို အသက် ၁၇ နှစ်အရွယ်ကတည်းက ဆစ်ခ် စတင်ရေးသားခဲ့သည်။ ၁၉၂၀ ခုနှစ်၊ အသက် ၂၉ နှစ်အရွယ်တွင် ဆစ်ခ်၏ ကဗျာများကို သတင်းစာများတွင် ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ ထိုကဗျာ များသည် ကြည်နူးဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာအကြောင်းအရာများသာ ဖြစ်ခဲ့သည်။ နာဇီဝါဒကြီးစိုးမှုကို ဆစ်ခ် ခံစားခဲ့ရသည်။ ထိုကာလသည် ဆစ်ခ် အတွက် အမှောင်ကြီးစိုးသော ဘဝအပိုင်းအခြားဖြစ်ခဲ့သည်။ ထိုအချိန်တွင်ပင် ဂျူးရှေးဟောင်းစာပေများကို လေ့လာဖြစ်ခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ချွေးတပ်စခန်းသို့ မိခင်နှင့်အတူ ပို့ဆောင်ခံခဲ့ရသည်။ ဆွိဒစ်စာရေးဆရာတစ်ဦး၏ အကူအညီဖြင့် ချွေးတပ်စခန်းမှ လွတ်မြောက်ခဲ့ပြီး ဆွိဒင်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဆွိဒင်တွင် မိခင်နှင့်အတူနေထိုင်ပြီး ဆွိဒင်စာပေများကို လေ့လာခဲ့သည်။ ဂျာမန်ကဗျာများကို ဆွိဒစ်ဘာသာဖြင့် ပြန်ဆိုခြင်းနှင့် ဆွိဒစ်ကဗျာများကို ဂျာမန်ဘာသာဖြင့် ပြန်ဆိုခြင်းများကို လုပ်ဆောင်ခဲ့သည်။

ဆစ်ခ်ကို ဂျူးလူမျိုးများနှင့်ပတ်သက်သည့် ကဗျာများဖြင့် ကမ္ဘာ့စာပေအသိုက်အဝန်းက သိခဲ့သည်။ သူမ၏ ကျော်ကြားသော ကဗျာစာအုပ် “O’ the Chimneys” သည် နာဇီလူသတ်စခန်းအကြောင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ကဗျာစုစည်းမှုအဖြစ် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။ “The Seeker, and Other Poems” ကိုလည်း ၁၉၇၀ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ထုတ်ဝေခဲ့သည်။

စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၆၆ ခုနှစ်၊ အသက် ၇၅ နှစ်အရွယ်တွင် ဆစ်ခ် ရရှိခဲ့သည်။ ဂျူးတို့၏ အလွမ်းဇာတ်ကို ကျွန်မဖော်ကျူးခဲ့သည်ဟု နိုဘယ်ဆုနှင့်ပတ်သက်၍ ဆစ်ခ် ပြောကြားခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆု မရရှိမီ ၁၉၆၅ ခုနှစ်တွင် ဂျာမန်နိုင်ငံ၏ Peace Prize of German Publishers ကို ရရှိခဲ့သည်။ ၁၉၇၀ ခုနှစ် မေ ၁၂ ၌ ဆွိဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ဆစ်ခ် ကွယ်လွန်ခဲ့သည်။

ဟန်ဇော်

http://www.wikipedia.org, http://www.britannica.com

Category: Literature

Post navigation

← နာဒင် ကိုဒိုင်းမား ဆိုသူမှာ
ဂါးဗရီအဲလာ မစ္စထရို ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme