Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ကိုယ်တိုင်ရိုက်ဓာတ်ပုံ

Posted on March 24, 2015September 3, 2025 by Han Zaw
ပထမဦးဆုံး ကိုယ်တိုင်ရိုက်ဓာတ်ပုံ
ပထမဦးဆုံး ကိုယ်တိုင်ရိုက်ဓာတ်ပုံ

မိမိ၏ပုံတူဓာတ်ပုံအား မိမိကိုယ်တိုင်ရိုက်ကူးခြင်းကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကတည်းက ပြုလုပ်ခဲ့ပါ သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ်က ၂၀၁၄ ခုနှစ် မတ်လက သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်နှင့် ကော်လင်းပါဝဲလ်ငယ်စဉ်က ကိုယ်တိုင်ရိုက် ဓာတ်ပုံကိုလည်း လွှင့်တင်ခဲ့သည်။

ကိုယ်တိုင်ရိုက်ဓာတ်ပုံ(selfie)
မိမိ၏ ဓာတ်ပုံအား မိမိကိုယ်တိုင်ရိုက်ကူးခြင်းကို အင်္ဂလိပ်ဝေါဟာရဖြင့် selfie ဟုခေါ်သည်။ ထိုစကားလုံးသည် ယခုနှစ်ပိုင်းအတွင်း ရှေ့တန်းရောက်လာသော ဝေါဟာရအသစ်တစ်ခုဖြစ်သည်။ ဒီဂျစ်တယ်ကင်မရာ သို့မဟုတ် ဖုန်းကင်မရာများဖြင့် မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ကူးခြင်းများ ခေတ်စားလာခဲ့သည်။ စမတ်ဖုန်းများ၏ အရှေ့၊ အနောက်မျက်နှာပြင်များတွင် ကင်မရာများပါဝင်လာသည်။ ထိုသို့ ကင်မရာများပါဝင်လာခြင်းသည် ကိုယ်တိုင်ရိုက် ဓာတ်ပုံအတွက် တွန်းအားတစ်ခုဖြစ်သည်။ ဖုန်းများတွင် ကင်မရာအားကောင်းလာသည်နှင့်အတူ ဖုန်းမှတဆင့် အင်တာနက်လွှင့်တင်ခြင်းကိုလည်း လွယ်လင့်တကူ လုပ်ဆောင်လာနိုင်ကြသည်။ ထို့အတူ မိမိ၏ ဓာတ်ပုံများကို လွယ်လင့်တကူ လွှင့်တင်နိုင်သည့် ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များလည်း အရန်သင့်ရှိနေခဲ့သည်။

ထိုအခြေ အနေများကလည်း ကိုယ်တိုင်ရိုက်ဓာတ်ပုံ(selfie)ခေတ်စားစေဖို့ တွန်းအားများဖြစ်သည်။ ယခင်က မိမိဓာတ်ပုံကို ကိုယ်တိုင်ရိုက်ကူးနိုင်ရန် မှန်ကို အသုံးပြုခဲ့သကဲ့သို့ ကင်မရာ၏ Timer စနစ်ကို အသုံးပြုခဲ့ရသည်။ ထိုစနစ်သည် အနည်းငယ် ကယိကထများခြင်းနှင့် လူမှုကွန်ရက်များ ဖွံ့ဖြိုးမှုအားနည်း ခြင်းတို့ကြောင့် ကိုယ်တိုင် ရိုက်ဓာတ်ပုံမှုသည် ခေတ်မစားနိုင်ခဲ့ပါ။

ပထမဦးဆုံး ကိုယ်တိုင်ရိုက်ဓာတ်ပုံအဖြစ် ၁၈၃၉ ခုနှစ်က ရိုက်ကူးခဲ့သည့် အမေရိကန်ဓာတ်ပုံဆရာ ရောဘတ် ကော်နီလပ်ကို ရည်ညွှန်းကြသည်။ ထိုဓာတ်ပုံကို ကမ္ဘာ့အစောဆုံးကိုယ်တိုင်ရိုက်ဓာတ်ပုံအဖြစ် မှတ်တမ်းတင်ထားကြသည်။

ကမ္ဘာကျော် အောက်စ့်ဖိုဒ့် အဘိဓာန်က selfie ကို ၂၀၁၃ ခုနှစ်အတွက် စကားလုံးအဖြစ် ရွေးချယ်ခဲ့ ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ကြေညာခဲ့သည်။ ထိုစကားလုံးကို သြစတေးလျအွန်လိုင်းဖိုရမ် တစ်ခုက ၂၀ဝ၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်ကို တွေ့ရသည်။ အောက်စ့်ဖိုဒ့်အဘိဓာန်ပြုစုရေးအဖွဲ့က လက်ရှိအသုံးပြုနေသည့် စကားလုံး ပေါင်း သန်း ၁၅၀ ကို လစဉ်စုစည်း၍ လေ့လာခဲ့သည်။ ထိုလေ့လာမှု များက ရရှိလာသည့်ရလာဒ်များအရ selfie ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမား အပါအဝင် ထင်ရှားကျော်ကြားသည့် ကမ္ဘာကျော်အနုပညာရှင်ကလည်း မိမိကိုယ် ကိုယ်ဓာတ်ပုံရိုက်ကူးခြင်းကို စိတ်ဝင်စားကြသူများဖြစ်သည်။ သူတို့၏ ဓာတ်ပုံများကို ဖေ့ဘွတ်ခ်၊ တွစ်တာကဲ့သို့ လူမှုဆက်သွယ်ရေးကွန်ရက်များတွင် တွေ့မြင်ရသကဲ့သို့ သတင်းမီဒီယာအပေါ်တွင်လည်း တွေ့မြင်လာရသည်။

ကိုယ်တိုင်ရိုက်ဓာတ်ပုံယဉ်ကျေးမှုသည် မိန်းကလေးငယ်များအကြားတွင် အထူးသဖြင့် ပျံနှံသည်။ ရောက်လေရာ နေရာများတွင် ရောက်ရှိရာနေရာကို နောက်ခံပြု၍ ဓာတ်ပုံများ ရိုက်ကြသည်။ တစ်ဦးခြင်းအားဖြင့် ကိုယ်တိုင်ရိုက် ယူကြသကဲ့သို့ နှစ်ယောက်၊ သုံးယောက် စသဖြင့် အစုလိုက်လည်းစု၍ ကိုယ်တိုင်ဓာတ်ပုံရိုက်ခြင်းကို ပြုကြသည်။
နည်းပညာ၏ တွန်းတိုက်အားကြောင့် လူမှုနေထိုင်မှုပုံစံများ ပြောင်းလဲလာသကဲ့သို့ လူတို့၏ စိတ်မွေ့လျောရာ စိတ်ကွန့်မြူးရာများလည်း တိုးပွားလာရသည်။ ထို့အတူ စကားလုံအသစ်အသစ်များ လည်းမွေးဖွား၍ ဝေါဟာရ အသက်ရှည်နေရသည်။

ဟန်ဇော်
၂၀၁၄ ခုနှစ် ဧပြီလထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် စာမူဖြစ်သည်။

Category: Tech

Post navigation

← မိုဘိုင်းဖုန်းနှင့် ဝေးရမည့်ဘေးကို ကြောက်ရွံသူ
အကွဲကွဲအပြားပြား ယူနီကုတ်သဘောထားများနှင့် လွဲမှားမှုများ၏ ရှုထောင့် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme