Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

လူသားအနာဂတ်အတွက် ဝတ်ဆင်နိုင်သောကွန်ပျူတာ

Posted on December 24, 2015September 3, 2025 by Han Zaw

Wearcompevolutionအနာဂတ် ကွန်ပျူတာမျိုးဆက်သည် လူ့ခန္ဓာကိုယ်‌ပေါ်တွင် ဝတ်ဆင်နိုင်ရန် ဦးတည်‌နေပြီ ဖြစ်သည်။ မျက်မှန်ကဲ့သို့ တပ်ဆင် အသုံးပြုနိုင်‌သော  ဂူဂဲလ်မျက်မှန်ကို ၂ဝ၁၄ ခုနှစ် ‌မေ ၁၅ ရက်က စတင်မိတ်ဆက်ခဲ့သည်။ ထိုသို့ မိတ်ဆက်ခြင်းသည် အ‌မေရိက နိုင်ငံအတွက်သာ ဖြစ်သည်။ မကြာမီ နှစ်အနည်းငယ်အတွင်းတွင် ‌ဈေးနှုန်းသက်သာ၍ လူသုံးများ‌သော ကွန်ပျူတာအမျိုးအစား အဖြစ်သို့ အသွင်‌ပြောင်းကာ နည်းပညာဖက်ရှင်တစ်‌ခေတ်သည် ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများဖြင့် ဆန်းသစ်လာဦးမည်ဖြစ် သည်။

 

ဝတ်ဆင်နိုင်‌သော ကွန်ပျူတာ(Wearable Computer)

ဝတ်ဆင်နိုင်‌သော ကွန်ပျူတာဆိုသည်မှာ လူသား၏ ခန္ဓာကိုယ်‌ပေါ်တွင် ဝတ်ဆင်၍ မည်သည့်‌နေရာ၊ မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်‌သော ကွန်ပျူတာအမျိုးအစားကို ‌ခေါ်ဆိုသည်။ ဝတ်ဆင်နိုင်‌သော ကွန်ပျူတာနည်းပညာသည် အ‌ထွေ‌ထွေအသုံးပြုနိုင် ရန်၊ သတင်းအချက်အလက်နည်းပညာနှင့်မီဒီယာအသုံးချမှုများကို တွင်ကျယ်စွာအသုံးပြုနိုင်ရန်၊ ကွန်ပျူတာတစ်လုံး၏ လုပ်ငန်း‌ဆောင်တာများကို အသုံးပြုနိုင်ရန် ရည်ရွယ်သည်။ ကွန်ပျူတာကိုအသုံးပြုသူက အသုံးပြုလိုသည့်အချိန်တွင် ကွန်ပျူတာဖွင့်ခြင်း၊ ပိတ်ခြင်းကိုပင် ပြုလုပ်ရန်မလိုဘဲ အသုံးပြုသူနှင့်တစ်သားတည်းရှိ‌နေပြီး အချိန်မ‌ရွေးအသုံးပြုနိုင်ရန်လည်း ရည်ရွယ်သည်။ ထို့အပြင် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းမပြည့်စုံသည့် မသန်စွမ်းများကလည်း ကွန်ပျူတာကို လွယ် လင့်တကူအသုံးပြုနိုင်ရန် ရည်မှန်းကြသည်။ ထို့‌ကြောင့် ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများသည် နည်းပညာဖက်ရှင်အဆင့်မှ လူ့ခန္ဓာကိုယ်တွင် အစားထိုး အသုံးပြုလာနိုင်မည့် အ‌ခြေအ‌နေသို့ ‌ရောက်ရှိလာနိုင်သည်။

စစ်တပ်သုံး ဝတ်ဆင်နိုင်‌သော ကွန်ပျူတာ

ဝတ်ဆင်နိုင်‌သော ကွန်ပျူတာကို အ‌မေရိကန်စစ်တပ်တွင် အသုံးပြုနိုင် ရန် ၁၉၈၉ ခုနှစ်က စတင်မိတ်ဆက်ခဲ့သည်။ ထိုကွန်ပျူတာ ငယ်များသည် စစ်‌မြေပြင်တွင် အ‌မေရိကန်စစ်သားများ၏ လက်‌ထောက်တဖွယ် အလုပ်လုပ်‌ပေးနိုင်ခဲ့သည်။ ထိုစိတ်ကူးစိတ်သန်း သည် ရင့်သန်ကြီးထွားလာခဲ့ပြီး အနာဂတ်နည်းပညာ‌လောကအတွက် ဆန်းသစ်သည့် ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများကို တီထွင်နိုင်မည့်လမ်းစများ ဖြစ်ခဲ့သည်။

ဝတ်ဆင်နိုင်‌သော ကွန်ပျူတာအစ လည်ဆွဲတရုတ်‌ပေသီးက

ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများကို အသုံးပြုနိုင်ရန် ၁၆ ရာ စုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြသည်။ လည်ပင်တွင် ဝတ်ဆင်၍ အသုံးပြုနိုင်‌သော တရုတ်‌ပေသီးများသည် ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများ၏အစဦးပိုင်းဟု ဆိုကြသည်။ ကွန်ပျူတာသည် တွက်ချက်‌ရေးစက်ပစ္စည်းအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့‌ကြောင့် ကွန်ပျူတာ အစ တရုတ်‌ပေသီးကဟု ဆိုကြသည်။ ထို့အတူ ဝတ်ဆင်နိုင်‌သော ကွန်ပျူတာအစ လည်ဆွဲတရုတ် ‌ပေသီးကဟု ထပ်ဆင့်ဆိုရမည်ဖြစ်သည်။ ‌တောရမ်တိုတက္ကသိုလ်မှ ပါ‌မောက္ခ ဖြစ်သူ စတီဗင် မန်းသည် ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများကို တီထွင်ရန် ၁၉၇ဝ ခုနှစ်‌နှောင်းပိုင်းကာလကတည်းက ကြိုးပမ်း ခဲ့သည်။ စတီဗင် မန်းကို ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများ၏ဖခင်အဖြစ် သတ်မှတ်ကြသည်။ ၁၆ ရာစုနှစ်များက တာစူခဲ့‌သော တီထွင်ဖန်တီးမှုများသည် ၁၉၈ဝ ခုနှစ် ‌နှောင်းပိုင်းကာလများတွင် သ‌န္ဓေတည်နိုင်ခဲ့သည်။ ၁၉ဝဝ ပြည့်နှစ် နောက်ပိုင်းကာလများ တွင် ရုပ်လုံး‌ပေါ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်အလွန်ကာလများတွင် ‌ဈေးကွက်အတွင်းသို့ စတင်‌ရောက်ရှိ ခဲ့သည်။

အသုံးပြုနိုင်မှုများ

လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ လှုပ်ရှားနိုင်‌သောအစိတ်အပိုင်းများ အပါအဝင် အ‌ရေးပြားဖြင့် ထိ‌တွေ့မှုဖြင့် ဝတ်ဆင်နိုင် သော ကွန်ပျူတာများကို ခိုင်း‌စေနိုင်ရန် ကြံစည်ကြသည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်း ထွက်‌ပေါ်လာသည့် နည်းပညာသတင်း များအရ ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများကို ဦး‌နှောက်၏‌စေ့‌ဆောင်မှုဖြင့်ပါ ခိုင်း‌စေနိုင်သည့် အလားအလာရှိ‌ကြောင်း သိရ သည်။ ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများဖြင့် စမတ်တစ်လုံး၏ လုပ်ငန်း‌ဆောင်တာများကို လုပ်ကိုင်နိုင်မည့်အပြင် လူ့အပြုအမှု များကို ‌စောင့်ကြည့်ခြင်း၊ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုရယူခြင်း၊ ဝန်‌ဆောင်မှုများကို စီမံခန့်ခွဲခြင်းနှင့် ဝတ်စာဆင်ယဉ်မှု စီမံခြင်း တို့အတွက်ပါ အသုံးပြုလာနိုင်မည်ဟု ‌မျှော်မှန်းကြသည်။ ထို့အပြင် တစ်ကိုယ်ရည်အသုံးပြုခြင်း၊ လုပ်ငန်းခွင်များတွင် အသုံးပြု ခြင်းနှင့် မီး‌ဘေး‌လေ‌ဘေးကဲ့သို့‌သော အ‌ရေး‌ပေါ်အ‌ခြေအ‌နေများတွင်လည်း အသုံးပြုနိုင်ရန် ရည်မှန်းထားကြသည်။

ဝတ်ဆင်နိုင်‌သော ကွန်ပျူတာများသည် အနာဂတ်နည်းပညာ‌လောကအတွက် အလားအလာ‌ကောင်းများဖြင့် ရှင်သန်စပြု‌နေပြီ ဖြစ်သည်။ အ‌မေရိက‌ဈေးကွက်မှ တဖြည်းဖြည်းခြင်း နယ်‌မြေချဲ့ထွင်ကာ နိုင်ငံတကာ‌ဈေးကွက်အတွင်းသို့ အရှိန်အဟုန်ဖြင့် ချဉ်နင်းဝင်‌ရောက်လာဦးမည်ဖြစ်သည်။ ထိုသို့ ဝင်‌ရောက်လာခြင်းဖြင့် နည်းပညာ‌လောကသည် အုံးလိုက်ကျင်းလိုက်ပြောင်းလဲ လာဦးမည်ဖြစ်သည်။ ထို‌ပြောင်းလဲမှုနှင့်အတူ ကမ္ဘာ့လူမှုအသိုင်းအဝန်းရှိ လူသားများ၏ လူ‌နေမှုပုံစံများသည်လည်း လိုက်ပါ‌ပြောင်းလဲလာရဦးမည်ဖြစ်သည်။

ဟန်‌ဇော်

ကိုးကား-ဝီကီပီးဒီးယား

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း၊ ၂ဝ၁၄ ခုနှစ် ဩဂုတ်

Category: Tech

Post navigation

← ဂူဂဲလ်မျက်မှန်
သူတို့ပြောတဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ အကြောင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme