Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဝိုင်ဖိုင်အလွန်အနာဂတ်သည် လိုင်ဖိုင်ဖြစ်မည်

Posted on December 18, 2015September 3, 2025 by Han Zaw
လိုင်ဖိုင်စနစ်ဖြင့် အလုပ်လုပ်ကိုင်မည့် အနာဂတ်ရုံးခန်းပုံစံ
လိုင်ဖိုင်စနစ်ဖြင့် အလုပ်လုပ်ကိုင်မည့် အနာဂတ်ရုံးခန်းပုံစံ

 

ဝိုင်ဖိုင် အလွန်‌ခေတ်တွင် လိုင်ဖိုင်သည် ‌ရှေ့တန်းသို့‌ရောက်လာဦးမည် ဖြစ်သည်။ ထိုစကားလုံးများ‌ကြောင့် အတွေးများ ရှုတ်သွားနိုင်သည်။ ထို့ကြောင့် ဝိုင်ဖိုင်အ‌ကြောင်းကို အနည်းငယ်ရှင်းလင်းတင်ပြ၍ လိုင်ဖိုင်အ‌ကြောင်းကို မိတ်ဆက်လိုပါသည်။

ဝိုင်ဖိုင်(Wi-Fi)

ဝိုင်ဖိုင်ဆိုသည်မှာ နည်းပညာဆိုင်ရာစကားလုံးတစ်လုံးဖြစ်ပြီး အီလက်ထ‌ရောနစ်ကိရိယာတစ်ခုမှ တစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် အချက်အလက်များကို ပေးပို့နိုင်‌သောစနစ်တစ်ခု ဖြစ်သည်။ အင်တာနက်ကွန်ရက်ကိုလည်း ဝိုင်ဖိုင်စနစ်ဖြင့် ချိတ်ဆက်အသုံးပြု နိုင်သည်။ ဝိုင်ဖိုင်စနစ်သည် မိုက်ခရို‌ဝေ့နည်းပညာအ‌ပေါ်တွင် အ‌ခြေခံ၍အချက်အလက်များကို ထုတ်လွွှတ်ခြင်းနှင့်လက်ခံခြင်း တို့ကို ပြုလုပ်သည်။

လိုင်ဖိုင်(Li-Fi)

လိုင်ဖိုင်ဆိုသည်မှာ နည်းပညာဆိုင်ရာစကားလုံးတစ်လုံးဖြစ်ပြီး အီလက်ထ‌ရောနစ်ကိရိယတစ်ခုမှတစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် အချက် အလက်များကို ‌ပေးပို့နိုင်‌သောစနစ်တစ်ခုဖြစ်သည်။ အင်တာနက်ကွန်ရက်ကိုလည်း လိုင်ဖိုင်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ လိုင်ဖိုင်စနစ်သည် အလင်းကို အ‌ခြေခံ၍ အချက်အလက်များကို ထုတ်လွွှတ်ခြင်းနှင့်လက်ခံခြင်းတို့ကို ပြုလုပ်သည်။

ဝိုင်ဖိုင်နှင့်လိုင်ဖိုင် ကွာခြားချက်

ဝိုင်ဖိုင်နှင့်လိုင်ဖိုင်ကွာခြားချက်ကို ပြပါဆိုလျှင် ဝိုင်ဖိုင်သည် ‌ရေဒီယိုလှိုင်းဖြင့် အချက်အလက်များကို စီးဆင်း‌စေ၍ လိုင်ဖိုင်သည် အလင်းဖြင့် အချက်အလက်များကို စီးဆင်း‌စေသည်ဟု ဆိုရမည်ဖြစ်သည်။ Li-Fi (လိုင်ဖိုင်)သည် အင်္ဂလိပ်စကားလုံး Light fidelity ၏ အတို‌ကောက်အ‌ခေါ်အဝေါ်ဖြစ်သည်။ မြန်မာဘာသာစကားဖြင့် တိကျမှန်ကန်‌သော အလင်းစနစ်(Light Fidelity) ဟု ‌ခေါ်ဆိုနိုင်မည်ဖြစ်သည်။ သို့‌သော်လည်း computer  ဆို‌သောအင်္ဂလိပ်စကားလုံးကို ကွန်ပျူတာဟုသာ မြန်မာစကားလုံးအဖြစ် ‌မွေးစာ ‌ခေါ်ယူသကဲ့သို့ Li-Fi ကိုလည်း မြန်မာစကားလုံး လိုင်ဖိုင်အဖြစ်‌ခေါ်ယူအသုံးပြုခြင်းက သင့်‌တော်သည်ဟု ယူဆပါသည်။

လိုင်ဖိုင်ဘယ်လိုအလုပ်လုပ်သလဲ

လိုင်ဖိုင်စနစ်၏ အလင်းအတွက် အယ်လ်အီးဒီ(LED)မီးလုံးများကို အဓိကအသုံးပြုပါသည်။ အယ်လ်အီးဒီ မီးလုံးငယ်လေးများ၏ အလင်း‌ရောင်များမှတဆင့် အချက်အလက်များသည် စားပွဲတင်ကွန်ပျူတာများ၊ လက်ကိုင်ကွန်ပျူတာများ၊ ပုံထုတ်စက်များ၊ လက်ကိုင်ဖုန်းများနှင့်ကွန်ပျူတာဆက်စပ်ပစ္စည်းများထံသို့ အပြန်အလှန်စီးဆင်းမည်ဖြစ်သည်။ ထိုသို့ အသုံးပြုလာနိုင်သည်ဖြစ်၍ အီလက်ထ‌ရောနစ်ဆက်စပ်ပစ္စည်းများအားလုံးကိုလည်း ကွန်ပျူတာစနစ်များဖြင့် ထိန်းချုပ်စီမံလာနိုင်မည်ဖြစ်သည်။

လိုင်ဖိုင်ကို ဘယ်‌တော့သုံးနိုင်မလဲ

လိုင်ဖိုင်စနစ်ကို စမ်းသပ်စနစ်အဖြစ် ၂ဝ၁၃ ခုနှစ်ကတည်းက စတင်အသုံးပြုလာကြသည်။ လက်ရှိအချိန်တွင် ဝိုင်ဖိုင်စနစ်ကိုသာ ကမ္ဘာနှင့်အဝှမ်း၌ အသုံးတွင်ကျယ်‌နေ‌သော်လည်း ၂ဝ၁၈ ခုနှစ်ခန့်တွင် လိုင်ဖိုင်စနစ်ကို အသုံးပြုလာမည်ဟု ခန့်မှန်းထားကြသည်။ နည်းပညာ‌ဈေးကွက်တွင် ဝိုင်ဖိုင် အား‌ကောင်း‌နေရာမှ လိုင်ဖိုင်အား‌ကောင်းသည့်‌ဈေးကွက် လိုင်ဖိုင်‌ဈေးကွက် ကျယ်ပြန့်လာနိုင် သည်။ အလင်းစနစ် တနည်းအားဖြင့် လျှပ်စစ်မီးသီးစနစ်ကို အ‌ခြေခံထား၍ လျှပ်စစ်စွမ်းအင်းအသုံးပြုမှုဖြင့် အသားကျ‌နေသည့် ‌နေရာများတွင် လိုင်ဖိုင်စနစ်သည် အလွယ်တကူ‌နေရာယူလာနိုင်သည်။ ဝိုင်ဖိုင်စနစ်တွင် ဝိုင်ဖိုင်လွွှမ်းခြုံဧရိယာကျယ်ပြန့်မှုသည် အ‌ရေးပ‌သော ‌ကြောင့် ဝိုင်ဖိုင်ဧရိယာများကို ချဲ့ထွင်‌ပေးရသည်။ လိုင်ဖိုင်စနစ်သည် အိမ်သုံးလျှပ်စစ်မီးစနစ်အ‌ပေါ်တွင်ပင် အ‌ခြေခံ၍ တည်‌ဆောက်လိုက်နိုင်‌သော‌ကြောင့် ဝိုင်ဖိုင်စနစ်ထက် လိုင်ဖိုင်စနစ်သည် ‌ရှေ့တန်းကို မလွဲမ‌သွေ‌ရောက်လာမည်ပင်ဖြစ်သည်။ လိုင်ဖိုင်ကို အသုံးပြုခြင်း‌ကြောင့် ဝိုင်ဖိုင်စနစ်မှာကဲ့သို့ အခြားသော‌ရေဒီယိုစနစ်များက ‌နှောက်ယှက်ခြင်းမှလည်း ဝေးကွာနိုင်မည် ဖြစ်သည်။ အယ်လ်အီးဒီမီးသီးကို အသုံးပြုခြင်း‌ကြောင့် လျှပ်စစ်စွမ်းအင်ပြုံးတီးခြင်း၊ မလိုအပ်ဘဲစွမ်းအင်ကုန်ဆုံးခြင်းတို့ကို လည်း သက်သာ‌စေမည်ဖြစ်သည်။

လိုင်ဖိုင်၏ မြန်နှုန်း

လိုင်ဖိုင်ကို အသုံးပြုခြင်း‌ကြောင့် အင်တာနက်နှင့်အချက်အလက်စီးဆင်းမှုမြန်နှုန်းသည်လည်း မြင့်တက်လာမည်ဖြစ်သည်။ သုတေသနများ၏ အဆိုအရ မြန်နှုန်းသည် တစ်စက္ကန့်လျှင် ၁ဝ ဂစ်ဂါဘိုက်ခ်(10Gbit)ရှိသည်ဟု ဆိုသည်။ ထို့‌ကြောင့် လိုင်ဖိုင် သည် အနာဂတ်နည်းပညာဝန်းကျင်အတွက် လာခြင်း‌ကောင်း‌သော စနစ်တစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ဟန်‌ဇော်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း

ဇွန်လ ၂ဝ၁၄ ခုနှစ်

Category: Tech

Post navigation

← အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး
ဂူဂဲလ်မျက်မှန် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme