Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

သူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲ

Posted on February 20, 2016September 3, 2025 by Han Zaw

‘‘မိန်းမပျိုများ၏ ဒဏ္ဍာရီ’’ဟုအမည်ရ‌သော ပန်းချီသူရိန်၏ တစ်ကိုယ်‌တော်ပန်းချီပြပွဲကို ၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂ဝ မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ ‌ယောမင်းကြီးလမ်းရှိ ဂယ်လာရီ ၆၅ ၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါတစ်ကိုယ်‌တော်ပန်းချီပြပွဲတွင်‘‘‌မေမြ၊ ဝင်းမင်းသန်း၊ ‌မေရှင်၊ ခင်ယု‌မေ၊ တင်တင်မူ၊ ‌မေမြင့်၊ ‌မေ‌မေဝင်း၊ ‌မေရီမြင့်၊ ခင်ခင်ရီ၊ ကြည်ကြည်‌ဌေး၊ Julie Andrews, Jean Simmons, Deborah Kerr, Rita Hayworth, Marilyn Monroe, Audrey Hepburn, Elizabeth Taylar, Shophia Loren, Maureen O’ Hara နှင့် Vivien Leigh’’ဟု အမည်‌ပေးထား‌ သော ‌လေး‌ပေ-ငါး‌ပေ၊ ၃‌ပေ-ငါး‌ပေ ပန်းချီ ကားချပ် ၂ဝ ကို ပြသမည်ဖြစ်သည်။ ပန်းချီကားအမည်များ သည် မြန်မာနှင့်နိုင်ငံတကာမှ ရုပ်ရှင်မင်းသမီးကြီးများ၏ အမည်များဖြစ်သည်။

အဆိုပါ ပန်းချီလက်ရာများနှင့်ပတ်သက်၍ ‘‘Legend of Damsels လို့ ကင်ပွန်းတပ်ထားတဲ့ ပန်းချီပြပွဲထဲက ကိုသူရိန်လှိုင်ရဲ့ စိတ်မြင်၊ နာမ်မြင်ပန်းချီ ကားတစ်ချို့ကို ကြည့်ခွင့်ရပါတယ်။ သူ့ပန်းချီကား‌တွေက ပညတ်ပစ္စည်း‌တွေမပါဘဲ Total Abstraction ‌တွေ ဖြစ်ပါတယ်။ ဒ‌ပေမဲ့ ပန်းချီကားအမည်‌တွေက ကမ္ဘာ‌ကျော် Hollywood ရုပ်ရှင်မင်းသမီး‌တွေ ဖြစ်‌နေတယ်။ ဒါ‌ကြောင့်လဲ သူပြပွဲကို ‘‘Legend of Damsels, မိန်းမပျိုများ၏ ဒဏ္ဍာရီ’’လို့ အမည်‌ပေး ထားတာ ဖြစ်ပါတယ်။ ဆန်းပြားသွက်လက်ပြီး ထိ‌ရောက်တဲ့ပြပွဲ အမည်ဖြစ်ပါတယ်။ ကိုသူရိန်လှိုင်ဟာ သူ့ရဲ့ စိတ်ပုံရိပ်၊ နာမ်ပုံရိပ်၊ ပညတ်မဲ့ပန်းချီ‌တွေရဲ့အလှကို ကမ္ဘာ‌ကျော်ရုပ်ရှင်မင်းသမီး‌တွေကို ရှုမြင်ရသလို နှစ်သက်‌ကျေနပ်တယ်လို့ တင်စား‌ဖော်ကျူးလိုက်တာပါဘဲ။ ရိုးရှင်းပြီး ထိ‌ရောက်တဲ့ ပြပွဲအမည်တစ်ရပ်ဖြစ်တဲ့အတွက် ဒီဖော်ကျူးမှုကိုယ်တိုင်က ကိုသူရိန်လှိုင်ရဲ့ အနုပညာတစ်ရပ်ဖြစ်ပါ တယ်လို့ ခံစားဝမ်း‌မြောက် နှစ်သက်မိပါတယ်။ ကိုသူရိန်လှိုင်ရဲ့ စိတ်မြင်၊ နာမ်မြင်ပုံရိပ်‌တွေဟာ Hollywood ရုပ်ရှင်မင်းသမီး‌တွေရဲ့ အလှ‌တွေ၊ ရဲရင့်ပီပြင်မှု‌တွေ၊ အနုပညာဝိဉာဏ်တွေ အနုပညာလိပ်ပြာ‌တွေ ပျက်ပျက်ထင်ထင်ရှိမှု‌တွေလို အား‌ကောင်းပါတယ်။ ကိုသူရိန်လှိုင်ရဲ့ ပန်းချီကား‌တွေမှာ စိတ်အလှ၊ နာမ်အလှအား‌တွေ ပြိုး ပျက်ဝင်းလက်‌နေ‌ကြောင်း တိုက်ရိုက်ခံစားရသလို အမှာစာ‌ရေးသားလိုက်ရ‌ကြောင်းပါဗျာ’’ဟု ပန်းချီဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးဝင်း‌ဖေက ‌ပြောသည်။ အဆိုပါ ပန်းချီလက်ရာများကို မှိုင်းခံ စက္ကူ‌ပေါ်တွင် အခရိုင်းလစ်ဖြင့် ‌ရေးဆွဲထားပြီး ပန်းချီသူရိန်၏ ‌ခြောက်ကြိမ်‌ မြောက် တစ်ကိုယ်‌တော်ပြပွဲလည်းဖြစ်‌ကြောင်းသိရသည်။

ဟန်ဆန်း

Category: Art

Post navigation

← နိုဝင်ဘာ ၈ မတိုင်မှီ ၁ ရက်၊ နိုဝင်ဘာ ၈ ၂၄ နာရီ၊ နိုဝင်ဘာ ၈ အလွန် ၂ နာရီ
မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme