Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

မိုဘိုင်းဖုန်းနှင့် ဝေးရမည့်ဘေးကို ကြောက်ရွံသူ

Posted on March 22, 2015September 3, 2025 by Han Zaw

nomophobiaမိုဘိုင်းဖုန်းနှင့် ဝေးရမည်ကို ကြောက်ရွံသူ ရှိသည်ဟုဆိုလျှင် ပြုံးမိ ကောင်းပြုံးနေပါလိမ့်မည်။ ထိုသူများထဲတွင် စာဖတ်သူလည်းပါဝင်နေနိုင်ပါ သည်။ ဆက်လက်ဖော်ပြမည့် အကြောင်းအရာများကိုဖတ်ရှု၍ စာဖတ်သူသည် မိုဘိုင်းဖုန်းနှင့် ဝေးရမည်ဒုက္ခကို ကြောက်ရွံသူဟုတ်မဟုတ် အကဲဖြတ်နိုင် ပါလိမ့်မည်။

မိုဘိုင်းဖုန်းနှင့်ဝေးရမည်ကို ကြောက်ရွံသူ(Nomophobia)
မိုဘိုင်းဖုန်းနှင့် ဝေးကွာနေရမည်ကို စိုးရိမ်သူများအား Nomophobia ဟု အင်္ဂလိပ်ဝေါဟာရတွင် ခေါ်ဆိုပါသည်။ Nomophobia စကားလုံးသည် No Mobile Phone Phobia ၏ အကျဉ်းချုံးစကားလုံးဖြစ်သည်။ အင်္ဂလန်နိုင်ငံ၏သုတေသနပြုချက်တစ်ခုအရ မိုဘိုင်းဖုန်းနှင့် ဝေးကွာစွာနေရမည်ကိုကြောက်ရွံသူများသည် မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်၏ ထက်ဝက်ကျော်ရှိသည် ဟု ဆိုသည်။

မိုဘိုင်းဖုန်းနှင့် ဝေးရမည်ကို ကြောက်ရွံနေရသည်များထဲတွင် ဖုန်းပျောက်မည်ကို စိုးရိမ်ခြင်း၊ ဘက်ထရီကုန်မည်ကို စိုးရိမ် ခြင်း၊ ဖုန်းထဲတွင် ငွေ လက်ကျန်မရှိမည်ကို စိုးရိမ်ခြင်း၊ ဖုန်းပြောဆိုခ အကုန်အကျများမည်ကို စိုးရိမ်ခြင်းနှင့် တယ်လီဖုန်း ဆက်သွယ်မှု လိုင်းမမိမည်ကို စိုးရိမ်ခြင်းတို့ပါဝင်သည်ဟု ဆိုပါသည်။

ထိုသို့ကြောက်ရွံစိုးရိမ်နေရသူများတွင် အမျိုးသမီးဦးရေသည် အမျိုးသားများထက် ပိုမိုများပြားနေသည်။ မိုဘိုင်းဖုန်း အသုံးပြုသူ အမျိုးသား ၆၁ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းနှင့် ဝေးကွာစွာနေရမည်ကို စိုးရိမ်ကြသည်။ အမျိုးသမီးထဲမှ ၇၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းနှင့် ဝေးကွာနေမည်ကို စိုးရိမ်ကြောင်း ဆိုပါသည်။ အမျိုးသား၊ အမျိုးသမီးများထဲမှ ၉ ရာခိုင်နှုန်းက သာ ဖုန်းပိတ်ထားရမှာကို စိုးရိမ်ကြောင်းဆိုပါသည်။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများသည် မိုဘိုင်းဖုန်းနှင့် ဝေးကွာနေရ မည်ကိုသာ စိုးရိမ်စိတ်ပိုပြီး ဖုန်းပိတ်ထားရမည်ကို စိုးရိမ်စိတ်နည်းပါးကြောင်း သိသာပါသည်။

မိုဘိုင်းဖုန်းနှင့် ဝေးကွာရမည့် စိုးရိမ်မှုကို အမျိုးသားအမျိုးသမီးဟူ၍ ခွဲခြားသုတေသနပြုသကဲ့သို့ အသက်အရွယ်အားဖြင့် လည်း သုတေသနပြုထားသည်ကို တွေ့ရှိရပါသည်။ အသက် ၁၈ နှစ်နှင့် ၂၄ နှစ်အတွင်းရှိသည် မိုဘိုင်းဖုန်းအသုံးပြုသူ ၇၇ ရာခိုင်နှုန်းသည် ဖုန်းနှင့်ဝေးကွာနေမည်ကို စိုးရိမ်ကြပြီး အသက် ၂၅ နှစ်နှင့် ၃၄ နှစ်အကြားရှိသူများ၏ ၆၈ ရာခိုင်နှုန်းသာ စိုးရိမ်စိတ်ရှိကြောင်း သိရပါသည်။

မိုဘိုင်းဖုန်းနှင့် ဝေးကွာနေရမည်ကို စိုးရိမ်နေခြင်းသည် ပုံမှန်စိုးရိမ်စိတ် တစ်ခုသာဖြစ်သည်ဟု ဆိုပါသည်။ ပုံမှန်စိုးရိမ်စိတ် တစ်ခုကို စိတ်ပညာရှင် တို့ကကြီးမားသောပြဿနာတစ်ခုအဖြစ် မရှုမြင်ထားဘဲ လူသားတစ်ဦးတွင် ရှိသင့်သည် ပုံမှန်စိတ် တစ်ခုအဖြစ်သာ သတ်မှတ်ထားပါသည်။

မိုဘိုင်းဖုန်းနှင့် ဝေးကွာနေရမည်ကို စိုးရိမ်းနေရခြင်း၏ အဓိကအကြောင်းအရင်းများကို သုတေသနပြုလေ့လာခဲ့ကြသည်။ ထိုသို့လေ့လာမှုအရ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်ပြတ်တောက်မည်ကို စိုးရိမ်ခြင်းသည် အဓိက အကြောင်းအရင်းဟု ဆိုပါသည်။ မိုဘိုင်းဖုန်းကို ပိတ်ထားရမည်ကို စိုးရိမ်သူများသည် သူတို့၏ အလုပ်အကိုင်အဆက်အသွယ် များ ပျက်သွားမည်ကိုကြောင့်ကျသူများဖြစ်သည်ဟု ဆိုပါသည်။

မိုဘိုင်းဖုန်းအသုံးပြုသူ ၅၄ ရာခိုင်နှုန်းဟာ အိပ်ခါနီးအချိန်မှာ မိမိဖုန်းလက်ဝယ်ရှိမရှိစစ်ဆေးတတ်ပြီး ရေအိမ်အသုံးပြုချိန်တွင် ၃၉ ရာခိုင်နှုန်းက စစ်ဆေးပြီး ကားမောင်းချိန်မှာ ၂၄ ရာခိုင်နှုန်းက စစ်ဆေးလေ့ရှိကြောင်း သိရသည်။ မိုဘိုင်းဖုန်းအသုံးပြုမှု ၏လေ့လာတွေ့ရှိမှုတစ်ခုအရ အမျိုးသား များတွင် မိုဘိုင်းဖုန်းတစ်လုံးထက် ပိုမိုရှိနေတတ်သည်ကို တွေ့ရပါသည်။ စာရေးသူ၏လေ့လာမှုအရ nomophobia စကားလုံးကို ၂၀ဝ၈ ခုနှစ်ဝန်းကျင်ကစတင် အသုံးပြုခဲ့ကြောင်း တွေ့ရပါသည်။

စာဖတ်သူရော မိုဘိုင်းဖုန်းနှင့် အချိန်မည်မျှဝေးကွာနေနိုင်ပါသလဲ။ ဖြေကြည့်ပါ။

ဟန်ဇော်
၂၀၁၄ ခုနှစ် မတ်လထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

Category: Tech

Post navigation

← ဘစ်ကွိုင်ငွေကြေး
ကိုယ်တိုင်ရိုက်ဓာတ်ပုံ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme